Wednesday, February 18, 2009

Arsenal အတွက် Eudardo ပြန်လာပြီ .


FA စတုတ္ထအဆင့် Cardiff အသင်းနဲ့ ပြန်ကန်ရတဲ့ပွဲမှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ Arsenal အသင်းက Croatia တိုက်စစ်မှူး Eduardo တစ်ယောက် ပထမဆုံးအကြိမ် အသင်းကြီးနဲ့ ပြန်ကစားခဲ့ပါတယ်။ အဲဒီပွဲမှာပဲ ပင်နာတီတစ်ဂိုးအပါဝင် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီအစမှာ မထင်မရှားကစားသမားတစ်ဦးအဖြစ်နဲ့ ရောက်ရှိလာရတာပါ။ Premier League က တစ်ခြားအသင်းကြီးတွေ နံမည်ကြီးကစားသမားတွေ ခေါ်ခဲ့ချိန်မှာ မန်နေဂျာကြီး ဝင်းဂါးက သူ့ကို Arsenal ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြ ဂိုးတွေ သွင်းနေရင်းက ဘာမင်ဂမ်နောက်ခံလူ မာတင်တေလာရဲ့ ကြမ်းတန်းစွာဖျက်ထုတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဘယ်ဖက်ခြေတောက် သွင်သွင်ကြိုးပြီး တစ်နှစ်လောက်အနားယူနေရတာဖြစ်ပါတယ်။ တိုက်စစ်မှူးရှားပါးနေရတဲ့ကြားထဲမှာ ဒဏ်ရာပြဿနာတွေထပ်ဖြစ်လို့ အခက်တွေ့နေရတဲ့ Arsenal အသင်းအတွက်တော့ Eduardo ပြန်ကစားနိုင်လာတာ တကယ့်ကို အင်အားတစ်ခုပါပဲ ...

1 comment:

JulyDream said...

အဲဒီလို သတင်းလေးတွေပဲ ကြားချင်နေမိတယ်။ အာကြီး အခုလို အခြေအနေ မကောင်းတဲ့ဘ၀က အမြန်ကျွတ်စေချင်မိတယ်။