Monday, February 9, 2009

Super Sunday 8 Feb ကယ်လဗျင် +မနှင်းဆီ မင်္ဂလာဆောင်နေ့

မနက်ရနာရီကျော်လောက်နိုးလာတယ်။ ယောက်ခမက သားကို ပိုလီယိုကာကွယ်ဆေး သွားတိုက်ဖို့ပြောတယ်။ ဒါနဲ့ သားတော်မောင်ကို ချီပြီး အိမ်အောက်ဆင်းခဲ့တယ်။ ဆေးတိုက်ရမဲ့နေရာက အိမ်နဲ့ သိပ်မဝေးဘူးရယ်။ ရနာရီလာခဲ့ပါလို့ စာရွက်ထဲရေးထားပေမဲ့ ကျန်းမာရေးအဖွဲ့က ပြင်ဆင်တုန်းမို့ ခဏစောင့်လိုက်ရသေးတယ်။ ဆေးတိုက်ပြီးတော့ ရေတာရှည်လမ်းအတိုင်း ဗဟန်းစျေးဖက်ကို လမ်းလျှောက်ဖြစ်တယ်။ သားတော်မောင် ကတော့ လမ်းထွက်ရရင် ဟိုဖက်လှည့်ကြည့်လိုက် ဒီဖက်လှည့်ကြည့်လိုက်နဲ့ ပျော်လို့ပေါ့။ စျေးနားမှာ ဂျာနယ်လေးဝယ်ပြီးတော့ အိမ်ပေါ်ပြန်တက်ခဲ့တယ်။ 
.
အီကြာကွေးနဲ့ ပဲပြုတ်စား ကော်ဖီသောက်ရင်းနဲ့ ဂျာနယ်လေးခဏဖတ်တယ်။ ၉နာရီထိုးခါနီးလောက်မှာ မင်္ဂလာဆောင်သွားဖို့ အိမ်ကထွက်တယ်။ သားကိုတော့ ယောက်ခမကြီးက သူ့သူငယ်ချင်းအိမ် မွေးနေ့သွားတာ ခေါ်သွားမယ်တဲ့။ ညကတည်းက ထုတ်ပိုးထားတဲ့ လက်ဖွဲ့ထုတ်ကို ကိုင်ရင်း လမ်းထိပ်က စီးနေကြ taxi နဲ့ ထွက်ခဲ့တယ် ဒဂုံမြို့သစ် ဘေလီတံတားအဆင်းတဲ့။ သူတို့မင်္ဂလာဆောင်သွားလို့ ဒီတံတားကို ပထမဆုံးအကြိမ် ဖြတ်ဖူးတာပဲ။ တစ်ခါမှ ဒီဖက်လမ်းကနေ ဒဂုံမြို့သစ်ကို မသွားဖူးသေးဘူးလေ။ သီတဂူကျောင်းဆိုပြီး ဘေလီတံတား အဆင်းမှာပဲ လွယ်လွယ်ကူကူတွေ့တယ်။ တော်သေးတယ် မရှာရလို့။ တစ်ခါတစ်လေ အဲဒီလို အလှူတွေ မင်္ဂလာဆောင်တွေ ဖိတ်ရင် ဘုန်းကြီးကျောင်းရှာရတာနဲ့ ရွာလည်နေတတ်လို့။ 
.
ကယ်လဗျင်ကြီးနဲ့ ဒေါ်နှင်းဆီတို့ မင်္ဂလာမောင်နှံက ထိပ်ဝကတယ် ကြိုနေကြတယ်။ စောသေးတော့ ဧည့်သည်တွေသိပ်မရောက်ကြသေးဘူး။ တဖြေးဖြေးနဲ့ လူတွေစုံလာတယ်။ Native Myanmar Forum ကလူတွေ တော်တော်လေးလာကြတယ်။ စားကြသောက်ကြ ပြောကြဆိုကြ ရီမောကြနဲ့ ပျော်စရာကြီးပေါ့။ အဲဒီကပြန်တော့ နေ့လည် ၁၂ခွဲလောက်ရှိပြီ။ ဘိုးသိန်း ဒေါ်ဂျီပါတို့နဲ့ ကားကြုံလိုက်ပြီး ပြန်လာခဲ့တယ်။ ကိုယ်နဲ့ ဘိုးသိန်းက ယုဇနပလာဇာသွားပြီး DVD ဝယ်ဦးမှာမို့ ဘိုးသိန်းတို့အိမ်ကို ခဏဝင်တယ်။ အဲဒီမှာ မJeeper က သူ့အဖေနဲ့ မိတ်ဆက်ပေးတယ်။ ကိုယ့်အဖေနဲ့ သူ့အဖေက တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းတွေ။ မာကြောင်း သာကြေားတွေပြောရင်း အန်ကယ်နဲ့ အန်တီစိုက်ထားတဲ့ ဘွန်ဆိုင်းပင်လေးတွေကို လိုက်ကြည့်ရင်း ကိုယ်လည်း ဒါမျိုးဝါသနာပါတာသိသွားလို့ ခံပင်လေး တစ်ပင်လက်ဆောင်ပေးလိုက်သေးတယ်။ 
.
DVD ဝယ်ပြီး အိမ်ပြန်ရောက်တော့ ယောက်ခမနဲ့ သားလေးတို့က ပြန်မရောက်သေးဘူး။ ညနေဖက် နေအေးမှ ပြန်လာကြမယ်ထင်တယ်။ ဒါနဲ့ DVD လေးဖွင့်ပြီး သိုင်းလောက စိန်ခေါ်သံ Series ကို ဟိုရစ် ဒီကျော်နဲ့ ထိုင်ကြည့်ဖြစ်တယ်။ စာတန်းတော့ မထိုးဘူးရယ်။ ဒါပေမဲ့ဒီဇာတ်လမ်းက သိပြီးသားဆိုတော့ ကိစ္စမရှိဘူး။ ခွေလေးကြည့်ရင်း လက်ကျန် Tiger beer လေး နှစ်ပုလင်းကို သောက်ဖြစ်တယ်။ ၅နာရီကျော်လောက်မှာ ယောက်ခမကြီးနဲ့သားလေးတို့ ပြန်ရောက်လာတယ်။ ကိုယ်လဲ ရေမိုးချိုးပြီး နောက်တစ်ပွဲ နွဲဖို့ ပြင်ဆင်ရတယ်လေ။ ကယ်လဗျင်တို့ရဲ့ မင်္ဂလာညစာစားပွဲကို သွားရဦးမှာလေ။ အိမ်နဲ့ မနီးမဝေး ကန်တော်မင်ထဲက ဆိုင်ဆိုတော့ လမ်းလျှောက်ပဲသွားလိုုက်တယ်။ 
.
Native Myanmar ကလူတွေကြီးပဲ စားပွဲဝိုင်းဆက်ပြီး ထိုင်ဖြစ်ကြတယ်။ ညစာစားပွဲပြီးတော့ မင်္ဂလာစုံတွဲကို လွယ်လွယ်ကူကူ ဘယ်ပြန်လွှတ်လို့ဖြစ်မလဲ။ ကာရာအိုကေလိုက်ပို့ခိုင်းတာပေါ့။ သူတို့မှာလည်း မနက်ကတည်းက အခုထိ နားရပုံမပေါ်သေးဘူး။ ဒါပေမဲ့ တာဝန်နဲ့ ဝတ္တရားအရ ညှင်းဆဲရတာပေါ့။ ကာရာအိုကေကပြန်တော့ တစ်နာရီလောက်ရှိပြီထင်တယ်။ မင်္ဂလာစုံတွဲကို ပြန်လွှတ်လိုက်ပြီး ကိုယ်ရယ် ဘကြီးဇော်မိုးရယ်၊ ကိုနဗန၊ ညီလင်းဆက်၊ Rain တို့ ပွဲဆက်ရအောင်ဆိုပြီး လမ်းမတော်ထိပ်က မယုထမင်းကြော်ဆိုင်မှာ ဘီယာဆက်သောက်ဖြစ်ကြတယ်။ ပြောကြဆိုကြနဲ့ မနက်သုံးနာရီကျော်မှ ဆိုင်ကထဖြစ်ကြတယ်။ ကိုနဗနကပဲ အားလုံးကို လိုက်ပို့ပေးတယ်။ အခုမနက် အိပ်ယာထတော့ ခေါင်းတွေကကိုက်ခဲပြီး တဝါးဝါးသမ်းရင်းနဲ့ပဲ အားတင်းပြီး ရုံးကို ထွက်ခဲ့ရတယ်။ :D

7 comments:

khin oo may said...

မိန်းမဆီဖုံးဆက်တာလဲ မပါဘူး.။

khin oo may said...

ရန်အတွေ့ခံရဥိးမယ် နောက်တစ်ခေါက်

Anonymous said...

မိုက်တယ် ပျော်စရာလေး

:P said...

ပြောမလို့.. မမကေအိုအမ် ဦးသွားတယ်...

Maw said...

ဟယ်.. ဒီအဖေနဲ့ ဒီအဘွားတော့ ဟုတ်နေပါပြီတော်...။
သားသားက ဘွားဘွားနဲ့ လိုက်သွားတော့ လူပိုမပါသွားဘူးပေါ့။ ဘွားဘွားတစ်ယောက် တည်း နဲ့ သားသားပစ်စည်းတွေနဲ့ ဘယ်လိုသွားလဲ...
ရှောရှောရှူရှူပြန်ရောက်တာတွေ့ရလို့ ရင်ရအေးသေးတယ်...။း(

မီယာ said...

မမ kom ဗေဒင်ဟောစားလို့ရတယ်

khin oo may said...

သတင်းက မော် ဘလော့ကနေကြိုရထားတယ်လေ. မီယာရယ်။