Friday, May 23, 2008

Just following the old fool?

ဖွ့ံဖြိုးရေးနှင့် သဘာဝဘေးအန္တရယ်မှ ကာကွယ်ရေး ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပင်လယ်ပိုင်း ကျေးရွာများအထိ လမ်းများကို ပြည်သူများ ရေဘေးမှ ခိုလှုံနိုင်ရန် ပေ(၂၀) (၃၀) အမြင့်အထိတည်ဆောက်ပေးမှာဖြစ်ကြောင်း .... ဒီမနက် ကြေးမုံသတင်းစာရဲ့ ထိပ်ဆုံးစာမျက်နှာက ခေါင်းကြီးပိုင်းတစ်ခုပါ။

ဖတ်ပြီးတော်တော် ဦးနှောက်စားသွားတယ်။ ဘယ်လိုလမ်းမျိုးတွေပါလိမ့်လို့။ ဘန်ကောက်တို့ ဆိုးလ်တို့ကလို ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ sky highway တွေလား၊ ပေနှစ်ဆယ် ပေသုံးဆယ်အထိ မြေဖို့ဖို့ဆိုတာက ခရီးမိုင်ရှည်ရင် ဘယ်လွယ်မလဲ။ မုန်တိုင်းတိုက်ပါပြီတဲ့ လူတွေက အဲဒီပေနှစ်ဆယ်မြင့်တဲ့ လမ်းကြီးကို ရွာတွေကလူတွေက ဘာနဲ့တက်မှာလဲ။ Sky highway ဆိုရင်တော့ အပိုင်းအခြားတစ်ခုအလိုက် လှေကားတွေထားပေးရမှာပေါ့။ နဂိုကတည်းက ဧရာဝတီဒေသက မြစ်ချောင်းတွေများလွန်းလို့ ရေလမ်းကိုပဲ အများဆုံးအားကိုးနေတာလေ။

လမ်းတွေဆိုတာကလည်း ဖောက်ချင်ရင် အရင်ကတည်းက Plan ချပြီး လုပ်နေရမှာပေါ့။ ကွန်ကရစ်တိုင်တွေနဲ့ Sky Highway ဆောက်ပါပြီတဲ့ ဘယ်မှာလဲပိုက်ဆံ စက်ယန္တရား အလုပ်သမားအင်အား .... ပေ ၂၀ အမြင့်အထိ မြေဖို့မယ်... ဒါကပိုတောင်မဖြစ်နိုင်သေး။ အခုအချိန်မှာ ဒီထက်အရေးကြီးတာတွေအများကြီး။

အခြေနေပျက်သွားတဲ့ လူနှစ်သန်းလောက်ကို ဘဝပြန်လည်ထူထောင်နိုင်အောင် အလုပ်တွေပြန်လုပ်နိုင်အောင် လယ်ယာစိုက်ပျိုးရေးတွေ အမြန်ဆုံးပြန်စနိုင်အောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတာ အရေးအကြီးဆုံး မဟုတ်ဘူးလေား။ အခုမှ အရွယ်လွန်အရူးကြီးတစ်ယောက် စိတ်ကူးပေါက်ရာ လက်ညှိုးထိုးပြီး ပြောသွားတာကို လိုက်လုပ်ကြဦးမယ်တဲ့။ အဖိုးကြီးတစ်ယောက် ဂယောင်ချောက်ခြား စိတ်ပေါက်ရင်ပေါက်သလို ပြောတာတွေကို တသွေမတိမ်း လိုက်လုပ်နေကြတယ်။ အဲဒါနိုင်ငံတော်ရဲ့ future plan ပါခင်ဗျာ။ သူတို့တွေပဲ ဘုန်းကံကြီးတာလား အများပြညသူပဲ အကုသိုလ်များလွန်းတာလား တစ်ခုခုပါပဲ။

1 comment:

Moe Cho Thinn said...

ထွန်းခိုင် မောင်လေး..
နင် ဗမာပြည်ထဲကနေ ရေးနေတာတော့ ဟုတ်ပါတယ်နော်။