Tuesday, September 16, 2008

နဗနရဲ့ ဘ၀

ကျွန်တော့်အကိုကြီး request လုပ်ထားတာတော့ကြာပါပြီ။ ဒီနေ့မှပဲ စပြီးလုပ်ပေးဖြစ်တယ်။ ကိုနဗနရဲ့ Bagan.net forum ရယ်၊ နောက််ပိုင်းမှာ Nativemyanmar.net မှာ ဆက်ရေးနေတဲ့ myself ဆိုတဲ့ Topic ကြီးကို Blog တစ်ခုလုပ်ပေးဖို့ပါ။ ဘဝအစုံကျင်လည်ခဲ့ရသလို စာရေးလဲ အင်မတန်ကောင်းတဲ့ အကိုကြီးရဲ့ စာတွေကို တခြားလူတွေကိုလည်း ဖတ်ရှုစေချင်မိတယ်။ ဒါနဲ့ ကိုယ်ကပဲ တာဝန်ယူပြီး blogပေါ်တင်ပေးနေတာပါ။ 
.
Forum မှာတုန်းက win kalaw font နဲ့ ရိုက်တာဆိုတော့ post တစ်ခုဆီကို ကိုမောင်လှရဲ့ ဘလော့မှာရှိတဲ့ win2zawgyi converter နဲ့ ပြောင်းပါတယ်။ စာပိုဒ်တွေ လိုသလိုခွဲပါတယ်။ အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုရိုက်ထားရင် ပြင်ပေးပါတယ်။ (ဖိုရမ်မှာ အင်္ဂလိပ်မြန်မာပြောင်းရိုက်ရတာခက်တယ်။ ဒါကြောင့်တစ်လုံးနှစ်လုံးဆို ဗမာအသံထွက်နဲ့ပဲ ရိုက်လိုက်ကြတာများတယ်။ Forum မှာတုန်းက သူ့ဘဝအကြောင်းကို တောက်လျောက် အဆင်ပြေသလို ရေးချသွားတာ။ 
.
အခု ဘလော့ပေါ်တင်တော့ ကျွန်တော့်ဘာသာ သင့်တော်သလို စုပေါင်းခြင်း ခွဲထုတ်ခြင်း အမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်နေတာပါ။ အတော်လေး ပုံပေါ်လာမှ ကိုနဗနစိတ်ကြိုက် ပြင်ပါလိမ့်မယ်။ သူရေးတုန်းက ခေါင်းစဉ်တပ်မရေးပါဘူး။ ခေါင်းစဉ်လေးတွေက ကျွန်တော့်ဘာသာ တော်သလို တပ်ထားပေးတာ။ ဖတ်မယ်ဆိုရင် သူ့ဇာတ်လမ်းအစဉ်အတိုင်း ဖြစ်အောင် 01 Label တပ်ထားတဲ့ဆီက စဖတ်ရပါမယ်။ အောက်ဆုံးက ပိုစ့်က စဖတ်ကြပါ။ ကြီးတော်ခင်ဦးမေစတိုင်ဖမ်းပြီး 07 ယူတာတော့မဟုတ်ပါဘူး။ navana လို့ပဲ ယူမလို့ မရတာနဲ့ 07 ထည့်ပေးလိုက်ရတာပါ။ အားပေးကြပါဦး .... 

http://navana07.blogspot.com

6 comments:

JulyDream said...

ကိုလကေလး...
ကိုနဗန blogမှာ ကျွန်တော်ပါ ကူပြီး စာတွေ တင်ပေးမယ်ဗျာ။ အဆင်ပြေတယ်ဆိုရင် ကျွန်တော် အကောင့်ကိုပါ contributor အနေနဲ့ add ထားပေးပါ ခင်ဗျာ။

မေ said...

နေးတစ်မှာ စောင့်ပြီးဖတ်ရတဲ့ ကိုနဗနရဲ့ စာတွေကို ခုလို တစုတည်း ပြန်စုပေးထာတာ ကျေးဇူး

TKLinn said...

ကျေးဇူးပါပဲ ကိုလကလေးရေ.. တစ်စုတစ်စည်းထဲ ဖတ်ရတာ အတော်လေး ၀မ်းသာတယ်။

Anonymous said...

အကိုရေ..ကျေးဇူးတကယ်တင်တာပါ..
navana07 ကို အပြီးဖတ်တာ ၁ညနဲ့၂ရက်ကြာတယ်...
အော်ရီလိုက်ရတာလဲမောလို့ဗျ..
ပြီးတော့မသိသေးသူတွေကိုလဲလိုက်ကြော်ညာနဲ့..
မောနေတာပဲ...
တော်တော်ကောင်းတယ်ဗျာ...

TZA said...

ကျေးဇူးပါပဲကိုလကလေး၊ ဖတ်လို့အရမ်းကောင်းတာဗျ၊ ကုန်အောင်တော့ မဖတ်ရသေးဘူး၊ ဖြည်းဖြည်းချင်း အရသာခံနေတာ။

Thet Htoo@Myat Lone said...

တော်တော်အချိန်ယူ အပင်ပန်းခံပြီးလုပ်မှာပဲနော်။ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း ကိုနဗနဘလော့ မားကတ်တင်းဆင်းတဲ့အထဲမှာပါတယ်။ တွေ့တဲ့သူငယ်ချင်း အကုန်လိုက်ဖတ်ခိုင်းတာပဲ။ အရမ်းဖတ်လို့ ကောင်းလို့ပါ။