Monday, September 22, 2008

သင်္ဘောသား ဓါတ်လှေကားမစီးရ

စနေနေ့ညနေက ရန်ကုန်ပြန်ရောက်နေတဲ့ ဆမ ရဲ့အိမ်မှာသွားပြီး ၀ိုင်းဖွဲ့ဖြစ်ကြတယ်။ ဒီအဖွဲ့တွေက Bagan.net Forum ခေတ်ကတည်းက online ပေါ်ကနေသိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ အဲဒီညက ထုံးစံအတိုင်း ကိုနဗန၊ ကိုသူရ၊ ကိုသက်နဲ့ မန်းလေးက ရောက်နေတဲ့မောင်လှကြီးပါလာတယ်။ ဆမက သဘောင်္သားလေ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်္ဘောပြန်တက်သွားပြီး အခုမှ ပြန်ရောက်လာတာ။ ဆမက အချက်အပြုတ်ကောင်းတော့ သူ့အိမ်သွားသောက်တိုင်း တကယ့်ကို ရှယ် ချက်ကျွေးတာ။ ထုံးစံအတိုင်း စားကြသောက်ကြ ရီစရာတွေပြောကြပေါ့။
.
အဲဒီမှာကိုယ်က ဆမနဲ့ ပတ်သက်တဲ့ "သဘောင်္သားမစီးရ" ဆိုတဲ့ဇာတ်လမ်းလေး သူတို့ကို ပြန်ပြောပြတယ်။ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကပေါ့။ တစ်ရက်မှာ ဆွမ်းကျွေးလား အလှူတစ်ခုလားမသိ... ဆမ လာဖိတ်တယ်။ ကျွန်တော့်ရုံးက အဲဒီအချိန်က တက္ကသိုလ်ရိပ်သာလမ်း အတွင်းဖက်အကွက်ထဲက ကွန်ဒိုတစ်ခုရဲ့ 3rd floor မှာပေါ့။ သူရောက်လာတော့ မျက်နှာမသာမယာ စိတ်ဆိုးတဲ့လေသံနဲ့ "ကိုလကလေး တို့ တိုက်က မမိုက်ပါဘူးဗျာ... အဆင့်အတန်းခွဲစရာရှားလို့ ..... သဘောင်္သားလဲလူပဲဗျ" ဆိုပြီး ပြောပါလေရော။ 
.
အရင်းမရှိအဖျားမရှိဆိုတော့ ကျွန်တော်လည်း အူကြောင်ကြောင်ပေါ့။ ဒါနဲ့ ဇာတ်ရည်လည်အောင်မေးရတယ်။ သူပြောပြပြီးတဲ့ အဆုံးမှာ အောင့်မထားနိုင်လို့ တဟားဟားနဲ့ ရီလိုက်မိတယ်။ ဆမ ကတော့ သူ့ကို ရီရလားဆိုပြီး ပိုလို့တောင် မျက်နှာမသာမယာဖြစ်သွားတာပေါ့။ အဲဒီတော့မှ သူ့ကိုရှင်းပြရတယ်။ ကျွန်တော်တို့ရုံးရှိတဲ့တိုက်ခန်း သုံးလွှာမှာပဲ သဘောင်္သား ကုမ္ပဏီ တစ်ခုရှိတယ်။ နေ့စဉ်သဘောင်္သား လေးငါးဆယ်လောက် တက်လိုက်ဆင်းလိုက်လုပ်နေတော့ တစ်ခြားအခန်းတွေက complain လုပ်တယ်လေ။ 
.
ဒါနဲ့ သဘောင်္ကုမ္ပဏီက ဓါတ်လှေကား တံခါးမှာ သဘောင်္သားမစီးရ။ လှေကားမှ လမ်းလျှောက်တက်ပါ... " လို့ ရေးထားတာကိုး။   အဲဒါကို ဖတ်ရတဲ့ ဆမက ဓါတ်လှေကားစီးပြီး ကျွန်တော့်ရုံးခန်းကို တက်လာမလို့ဟာ အဲဒီစာတမ်းတွေ့တာနဲ့ အူကြောင်ကြောင်ဖြစ်ပြီး လှေကားကလျှောက်တက်လာတာကိုး ... အပေါ်ရောက်လာမှ သဘောင်္သားတွေကို နှိမ်ပါတယ် ဘာညာ ဆိုပြီး ကျွန်တော့်ကို complain လာလုပ်တာကိုး ... ဟားဟား
.

5 comments:

khin oo may said...

ဟယ်. ကိုဆွေမြင်.က သိတ်ရိုးတာဘဲ။။

JulyDream said...

ကိုစမ ရန်ကုန် ရောက်နေတာကိုး။ ဒါကြောင့် သူ့ကို ဟိုနေ့က ဂျီတော့ခ်မှာ တွေ့လိုက်တယ်။ ကျွန်တော် လှမ်းနှုတ်ဆက်တာတောင် ပြန် မနှုတ်ဆက်ဘူး။ ကြည့်ရတာ ဒီလူကြီး စက်ဖွင့်ပြီး စက်အနားမှာ မရှိဘူး ထင်တယ်။

ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့သားတွေ ရန်ကုန်မှာ အခုလို ပြန်ဆုံကြတဲ့ အကြောင်းကို ဖတ်ရတာ အပျော်တွေကူးပြီး ၀မ်းသာမိပါတယ်ဗျာ။ ပျော်တတ်ရွှင်တတ်တဲ့ ပုဂံဖိုရမ်က အစ်ကိုအားလုံးကို အမှတ်တရ ရှိနေဆဲပါခင်ဗျ။

khin oo may said...

ကိုစိုးမင်း
ကိုစိန်မြင်.။
ကိုစန်းမောင်..

Moe Cho Thinn said...

သြော်..သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်။

:P said...

ဟီးးးးး
ရေးထားတဲ့စာဖတ်တော့ ပြုံးမိတယ်..
အဲဒါထက် မကေအိုအမ် ရဲ့ကောမန့်ရယ်.. မမိုးချိုသင်းရေးထားတာရယ်ဖတ်ပြီး
တဟားဟားရီသွားတယ်