Friday, September 26, 2008

what is Beta?




Software သို့မဟုတ် Web application တစ်ခုကို "beta" လို့ပြောရင် အများက ... major features တွေအားလုံးမပါသေးဘူး။ Community ထဲမှာ end-user တွေက စမ်းသုံးကြပြီး ချို့ယွင်းချက်တွေ bugs တွေကို ပြင်ရဦးမယ်.. လို့ ယေဘူယ နားလည်ကြပါတယ်။ ဒါပေမဲ့ထူးဆန်းတာက Google ရဲ့ public product 49ခုမှာ 22ခုက beta ဖြစ်နေတာပါ။ (e.g Gmail, Google Docs) Feature တွေအသစ်တိုးတာသာမက version ပြောင်းသွားလဲပဲ beta လို့နံမည်တပ်ထားဆဲပါပဲ။ 
.
တစ်ချို့ကပြောကြတာကတော့ Google အနေနဲ့ နည်းပညာအထောက်အပံ့ မပေးချင်လို့ရယ် productမှာ ရှိနေနိုင်သေးတဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေအတွက် တာဝန်မခံချင်လို့ရယ် ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အမှားတော့ ရှိဦးမှာပေါ့ဗျာ.. ကျွန်တော်တို့က beta version ပါလို့ပြောထားသားပဲ ....တိုတဲ့အချိုးမျိုးထင်ပါရဲ့။ ဒါမှမဟုတ် Google ရဲ့ product တွေကို သတ်မှတ်တဲ့ quality အဆင့်အတန်းက သိပ်မြင့်နေတာလား။ တစ်ချို့ product တွေဆိုရင် သူကသာ beta လို့ဆက်ပြီး သတ်မှတ်ထားပေမဲ့ တော်တော်လေးကို ပြီးပြည့်စုံပြီး ကောင်းမွန်နေပါပြီ။
.
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ product တစ်ခုကို ချို့ယွင်းချက်တွေ အမှားတွေ ပါကောင်းပါဦးမယ်ဆိုတဲ့ အခြေအနေနဲ့ စောစောသုံးရတာနဲ့ ready ဖြစ်ပြီး အားလုံးနီးပါး ပြည့်စုံကောင်းမွန်တဲ့ product ကို ဖြစ်လာတော့မှ သုံးရတာ... ဘယ်ဟာကို ရွေးကြမလဲ?

1 comment:

khin oo may said...

ဆေး ဆိုရင် တော. Approved ဖြစ်ပြီးမှ သောက် ပါ့မယ်။ ကျန်တာ ကတော. အခြေ အနေ အရပေါ. ။ ကိုယ့် ကို ထိခိုက် နစ် နာ မှု မရှိ ဘူးဆိုရင် တော. စမ်းသုံး ကြည်.ပါ့မယ်။ အော်ကွေ.ကြည် ကောင်းတယ် စားကြည့်ပါလား လို့… ညွန်ါ်ရင် တော့စားကြည့်ပါ့မယ်။