Thursday, January 1, 2009

Happy New Year 2009m


အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်မှာ အားလုံး လူသစ် စိတ်သစ်နဲ့ အင်အားတွေမွေးလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။ အလုပ်အကိုင် စီးပွားများလဲတိုးတက်ကြပါစေဗျာ။ ကျွန်တော်မျိုးကြီးကတော့ လက်ရှိအလုပ်ဟောင်း၊ ရုံးခန်းအဟောင်းမှာပဲ။ လက်ရှိကွန်ပျူတာအဟောင်းလေးနဲ့ပဲ အခု ဘလော့ရေးနေပါတယ်။ ဟုတ်ကဲ့ ... ၂၀၀၉နှစ်ဦးမှာလဲ လက်ရှိမိန်းမအဟောင်းနဲ့ပါပဲ :P 
.
နှစ်သစ်ကူးအစီအစဉ်ကို ဒီနှစ်မှာ သိပ်ထူးခြားပြီးမလုပ်ဖြစ်ပါဘူး။ အသက်တွေကြီးလာလိ်ု့လားတော့မသိဘူး။ သိပ်ပြီး feeling မလာတော့သလိုပဲ။ နောက်ပြီး 31st December Night ဆိုရင် ရှုပ်ယှက်ခပ်ပြီး အာရုံနောက်လွန်းလို့ သိပ်မထွက်ဖြစ်တာ။ 30th night မှာတော့ Gathering လေးလုပ်ဖြစ်တယ်။ ထုံးစံအတိုင်း ကိုနဗန၊ ကိုသူရ၊ ကိုသက်..တို့နဲ့ပေါ့။ ဘကြီးဇော်မိုးနဲ့ ဆရာရဲတို့လဲပါတယ်လေ။ မရိုးနိုင်သော Friendship ဆိုင်မှာပဲပေါ့။ အားလုံးကြိုက်တဲ့ Jack ကိုခံစားကြတာပေါ့။ ဆရာရဲနဲ့အတူ ဆရာကတော် မသင်းလဲပါလာတော့ အိမ်က မိန်းမကို ဖုန်းဆက်ပြီး လာခိုင်းလိုက်တယ်။ မသင်းလဲမပျင်းရအောင် မိန်းမလဲ ကိုယ့်ကို နောက်ကျနေပြီ ပြန်မလာသေးဘူးလားဆိုပြီး အာရုံမနောက်ရလေအောင်ပေါ့။ Jack ကုန်သွားတော့လဲဘီယာဆက်သောက်ပေါ့။ 
.
Friendship ကထတော့ သီချင်းဆိုချင်ကြလို့ နီးနီးနားနား လမ်းကူးပြီး Relax ကို ဝင်ကြတယ်။ ခေတ်ဟောင်းသီချင်းကအစ ဟစ်ပ်ဟော့ အဆုံး မျိုးစုံအောင် အော်ကြဟစ်ကြနဲ့။ နောက်ထပ် Jim Bean တစ်လုံးထပ်သောက်ဖြစ်တယ်။ ပြန်ကြတော့ သန်းခေါင်ကျော်လောက်ရှိပြီ။ 31st Dec (မနေ့က)တော့ အမေတို့အိမ်မှာ ဘက်ထရီအိုးပျက်နေပြီဖြစ်လို့ အသစ်တစ်လုံးဝယ်သွားပြီး သွားတပ်ပေးတယ်။ မီးချောင်းလေးတွေ အဆင်ပြေအောင်နေရာချပေးလိုက်သေးတယ်။ အမေတို့အိမ်ဖက်က အလှည့်ကြမီးပျက်နေပြီ။ ကိုယ်တို့ ဗဟန်းဖက်ကတော့ ဘုရားနားနီးလို့လားမသိ မီးမပျက်သေးဘူးရယ်။ 
.
အပြန်မှာ CityMart ဝင်ပြီး စက္ကူဗူးနဲ့ Red Wine တစ်ဗူးဝယ်တယ်။ New year eve မို့လားမသိ စျေးဝယ်သူတွေ များလိုက်သည့်ဖြစ်ချင်း။ ဝယ်တဲ့ပစ္စည်းတွေကလဲ ညဖက် အပျော်ချက်ကြပြုတ်ကြကင်ကြဖို့ ဟာတွေများတာကို သတိထားမိတယ်။ ငွေရှင်းဖို့ မိနစ်နှစ်ဆယ်လောက် စောင့်လိုက်ရတယ်။ အိမ်ရောက်တော့ သားလေးနဲ့ဆော့ရင်း ယောက်ခမရဲ့ ငါးမြင်းကြော်လေးတွေ နိုက်စားရင်း ၀ိုင်လေးကို ခံစားတာပေါ့။ မိန်းမလာရင် အသင့်သောက်ရအောင် ၀ိုင်ခွက်တစ်ခွက်အသင့်ထုတ်ပေးထားတယ်။
.
 ဒါပေမဲ့ သူက Year End စာရင်းတွေ ပိတ်နေရလို့ တော်တော်မိုးချုပ်မှပြန်ရောက်တယ်။ ၂လမ်းထိပ်က ရှမ်းဘုန်းကြီးကျောင်းထဲမှာလဲ ပလုံပလုံနဲ့ ရှမ်းအိုးစည်တီးပြီး အဲဒီမှာနေတဲ့လူငယ်တွေနဲ့ အပြင်ကလာကြတဲ့ ဧည့်သည်တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်နေကြလေရဲ့။ သူတို့ရဲ့ ပလုံပလုံ နောင်နောင် နောင်. .ဆိုတဲ့တီးသံတွေက အကြာကြီးကြားနေရရင် အာရုံနောက်လာရော။ မတတ်နိုင်ပါဘူး။ ကိုယ့်ဘာသာ TVလေးကြည့်ရင်း သားနဲ့ကစားရင်း Red Wine လေးသောက်ရင်းနဲ့ 2008 က ကုန်ဆုံးသွားခဲ့တယ် ....

10 comments:

khin oo may said...

မိုက္တယ္ဗ်ာ ပံဳကေလးက

khin oo may said...

မိန်းမ...စကာလုံးတွေများနေပြီ..ဟိ.မရေးမရေးနဲ့ရေးတော့လဲ များကုန်ြ့ပီ။

khin oo may said...

အေးချမ်းပါစေဗျာ

:P said...

အိမ်း.... Happy 2009 ပါ...တင်ထားတဲ့ပုံက အူတုန်သည်းတုန်ပါလား ကွယ်တို့....
မမကေအိုအမ်.. ဟိုတစ်ခါ မွေးနေ့ပို့စ်တင်ပြီးကတည်းက နားခိုရာ ကြောက်သွားတာ.....ခု မိန်းမ ဆိုတဲ့ စကားလုံး အများကြီးပါလာပြီ..ဟီဟိ

Anonymous said...

ဆင်ဒဏ်လားရယ် ဘာတုံစရာရှိလို့လဲ၊ tza ကိုအားကြတယ်ပေါ့လေ။

JulyDream said...

2009 မှာ သုညတွေ ပျောက်နေတယ်နော်။ ရှာမတွေ့ဘူး ခင်ဗျ။ အဟက်... :P

မပီရေ... ဒီမှာ မိန်းမ မိန်းမလို့ ရေးနေတာတွေ များနေပြီိဆိုပဲဗျ။ အဟဟဟ...

မီယာ said...

Happy & Healthy New Year!

Anonymous said...

Happy New Year Ko Gyi!!

Anonymous said...

See you in these things, I think, I started feeling good!
Personalized Signature:贵州信息港休闲游戏中心,我爱掼蛋网,重庆游戏中心,金游世界视频棋牌游戏中心,南通棋牌游戏中心,贵港热线休闲游戏中心,淮安棋牌游戏中心

Anonymous said...

Read your article, if I just would say: very good, it is somewhat insufficient, but I am

still tempted to say: really good!
Personalized http://www.jsfishnet.com