Tuesday, January 27, 2009

Australina Open Quarter Final, Sefina vs. Dokic











Australian Open Tennis ပွဲရဲ့ အမျိုးသမီး quarter final ပွဲဖြစ်ပါတယ်။ အခု ဒီပို့စ် စရေးနေချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်တစ်ပွဲစီနိုင်ပြီး နောက်ဆုံး set ကို ရိုက်နေကြပါတယ်။ အတော့်ကို အကြိတ်အနယ် ရှိပုံရတယ်။ ပွဲချိန် နှစ်နာရီ ဆယ့်ငါးလောက် ရှိနေပြီ။ (ရုံးချိန်ကြီး ဖြစ်နေတာ နာလိုက်တာ။ ညကြမှ highlight လေးပြန်ကြည့်ရတာပေါ့။) 
.
ရုရှားတင်းနစ်မယ်လေး Safina ကတော့ လက်ရှိ WTA အဆင့်၃ပါ။ သူ့ကို စပြီးသတိထားမိတာကတော့ မနှစ်က ပြင်သစ်တံခွန်စိုက် မြေစေးကွင်း ပြိုင်ပွဲမှာ နံမည်ကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူပြီး ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့တဲ့အချိန်မှာပါ။ အဲဒီပွဲတုန်းက Ana Ivanovic ကို ရှုံးပြီး ဒုတိယပဲရခဲ့ပါတယ်။ အခုဒီပွဲစဉ်တစ်လျှောက်မှာ လက်ရည်မှန်မှန်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလာတာပါ။ 4th round မှာတော့ Alize Cornet (FRA, 15) ကို နောက်ဆုံး set မှာ 5-2 နဲ့ ဆိုးဆိုးရွားရွား လက်ပျက်ပြီး ရှုံးနေရာက 7-5 နဲ့ နိုင်လာခဲ့တာပါ။ ကံကြမ္မာက မျက်နှာသာပေးခဲ့တယ် ဆိုရင်းလဲမမှားပါဘူး။ ကျွန်တော့်အနေနဲ့ Safinaကို အခုဒီနှစ် Australian Open ချန်ပီယံဖြစ်လိမ့်မယ်၊ ပြီးရင်း ဒီနှစ်အတွင်းမှာပဲ Sony WTA Ranking 1 ဖြစ်လာမယ်လို့ လို့ ခန့်မှန်းထားပါတယ်။ 
.
Australian တင်းနစ်မယ်လေး Jelena Dokic ကတော့ WTA ranking 187 ပဲရှိပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဒီနှစ်ပွဲစဉ်မှာ quarter final ပွဲအထိ တက်လှမ်းလာခဲ့ပါတယ်။ 2nd round ပွဲ အနိုင်ရ ကတည်းက စပြီးသတိထားမိခဲ့ပါတယ်။ အဆင့် ၁ရရှိ ရုရှာတင်းနစ်မယ် Ana Chakvetdzeကို သုံးပွဲ အကြိတ်အနယ်ရိုက်ခဲ့ပြီး နှစ်ပွဲ တစ်ပွဲနဲ့နိုင်ခဲ့တာပါ။အနိုင်ရိုက်ခဲ့တာပါ။ 3rd round မှာ အဆင့် ၁၁ Caroline Wozniacki ကိုလည်း သုံးပွဲ ရေကုန်ရေခမ်းရိုက်ပြီး နိုင်လာခဲ့ပြန်ပါတယ်။ 4th round မှာတော့ Ana Ivanovic ကို ဖြုတ်ချပြီး တက်လာခဲ့တဲ့ ရုရှားတင်းနစ်မယ်လေး Alisa Kleybanova (အဆင့် ၂၉) ကိုလည်း တော်တော်လေးကို ပင်ပင်ပန်းပန်း သုံးပွဲဆက်ရိုက်ခဲ့ရပါတယ်။ နောက်ဆုံးset မှာ ခြေကျဉ်းဝတ်လိမ်သလိုဖြစ်ပြီး နာသွားသော်လည်း ဆက်ကစားပြီး အနိုင်ရခဲ့တာပါ။ Australian ပရိသတ်တွေကတော့ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပေါ့။  အခု Quarter မှာ Sefina နဲ့တွေ့တာပါ။ ပွဲကစားချိန် နှစ်နာရီခွဲလောက်ရိုက်ပြီး Safina က 6-4, 4-6, 6-4 နဲ့အနိုင်ရသွားပါတယ်။ စိတ်ဓါတ်အပြည့်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရိုက်လာခဲ့တဲ့ Jelana Dokic အတွက်တော့ စိတ်မကောင်းပါဘူး ...


4 comments:

MrDBA said...

ကျွန်တော် အဲဒီ Jelana Dokic လေးကိုနိုင်မယ်လို့ကို ထင်ထားတာဗျာ။ ကျွန်တော်လဲ ကြည့်နေတယ်ခင်ဗျ။

khin oo may said...


khin oo may said...

http://wesheme.blogspot.com/

မှာ တွေ့ခဲ့တယ်။

မီယာ said...

weekend က Dokic ရိုက်တာ ကြည့်လိုက်သေးတယ်