Monday, February 2, 2009

ရာဇဝင်ထဲမှာ Federer ကို ထားရစ်ခဲ့ ???



မနေ့က တနင်္ဂနွေနေ့မှာ အိမ်မှာအေးအေးဆေးဆေး Australian Open Tennis Final ပွဲကို ကြည့်လိုက်ရတယ်။ StarSport လိုင်းက တိုက်ရိုက်ပြတာလေ။ Wimbledom Final မှာ နောက်ဆုံးတွေ့ခဲ့ကြပြီး ပထမဆုံးအကြိမ် Grand Slam ပြိုင်ပွဲကြီးတစ်ခုမှာ Federer နဲ့ Nadal တို့ပြန်ဆုံကြတာပေါ့။ Federer အနေနဲ့လည်း ဒီပွဲကို နိုင်ရင် Piece Sampras တင်ထားတဲ့ Grand Slam ပြိုင်ပွဲတွေမှာ ၁၄ကြိမ်ရရှိခြင်းဆိုတဲ့ စံချိန်ကို ရောက်မှာမို့ အထူးမျှော်လင့်ထားပုံရတယ်။ မနှစ်က ၂၀၀၈ မှာလည်း ပြင်သစ်မြေစေးကွင်းမှာ Nadal ကိုရှုံးတယ်။ ပြီးတော့ သူအားသန်ရာ Wimbledom မြက်ခင်းကွင်းမှာပဲ Nadal က သူ့ကို နောက်တစ်ကြိမ် ထပ်ပြီးအနိုင်ယူသွားပြန်တယ်။ 
.
နှစ်သစ်ရဲ့ အဖွင့်ပွဲကို ပထမဆုံး Grand Slam ဖလားနဲ့ အစပြုချင်ခဲ့ပုံရတယ်။ Nadal အနေနဲ့လဲ ဒီဖလားကို ပထမဆုံးအကြိမ်ရရှိဖို့အခွင့်အရေးဖြစ်နေတယ်။ ပွဲကတော့ တကယ့်ကို အကြိတ်အနယ် ရေကုန်ရေခန်းကို ရိုက်ကြတာပဲ။ လေးနာရီကျော်ကြာတယ်။ သူတို့တော့မသိဘူး။ ကြည့်နေတဲ့ ကျွန်တော်တောင် ပွဲပြီးတော့ အတော်လေးကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်သွားတယ်။ အားလုံးသိပြီးတဲ့အတိုင်း Nadal က ၃ပွဲ ၂ပွဲနဲ့ နိုင်သွားတယ်။ 
.
ဆုပေးပွဲမှာ ဒုတိယရတဲ့ Federer တစ်ယောက် Speech ပေးရမဲ့အချိန်မှာ ဗိုလ်ပုံပရိသတ်တွေရဲ့အလယ်မှာ ထိန်းမထားနိုင်တော့လောက်အောင် ဝမ်းပန်းတနဲကိုငိုပါလေရော။ သူလဲတကယ့်ကို ကြိုးစားရိုက်ခဲ့တာပါ။ တစ်ချိန်တုန်းကတော့ သူကဘုရင်ပေါ့။ အခု Nadal ကသူ့ကို ကျော်ဖြတ်သွားပြီ။ ဒါဟာ Grand Slam ဗိုလ်လုပွဲတွေမှာ သုံးကြိမ်မြောက်ရှုံးခြင်းပေါ့။ သူ့အနေနဲ့ အရှုံးကို အရှုံးနဲ့မပိတ်သိမ်းပဲ အနားမယူခင် Grand Slam ဖလားတစ်လုံးလောက် ထပ်ပြီး ်ယူသွားပါစေလို့ ဆန္ဒပြု ဆုတောင်းပေးပါတယ်။

7 comments:

Anonymous said...

'စိတ်ပင်ပန်း လူပင်ပန်း ဖြစ်သွားတယ်"ထုံးစံအတိုင်းတခွက်တဖလားပေါ့၊အမော
ပြေ။

Anonymous said...

Nadal အတွက် ပျော်ပေမယ့် Federer ငိုတော့ ကိုယ်ပါ လိုက်ငိုမိတယ်။

Media တွေ Camera တွေရှေ့ Champion များစွာ ရခဲ့တဲ့သူ ငိုတာကြည့်ပြီး အခုထိ စိတ်မကောင်းဘူး။ သူအရမ်း မျော်လင့်ထားခဲ့တာလေ။

ပြိုင်ပွဲဆိုတာ ဒီလိုပါပဲ။

You win, You lose!!!

မီယာ said...

ကလေးထိန်း ရာထူး အသစ်က ဘယ်လိုလဲ။

MrDBA said...

ဟုတ်တယ်ဗျာ ကျွန်တော်လဲ စပြတဲ့ ညနေ ၄ နာရီကတည်းက စကြည့်လိုက်တာ ည ၉နာရီခွဲကျော်မှဘဲပြီးတော့တယ်။ ကျွန်တော် တောက်လျှောက် Federer ကိုအားပေးလာတာ။ နောက်ပြီးတော့ နိုင်မယ်ဘဲထင်နေတာ။ Nadal ကလဲ သေသေချာချာကို ကြိုးစားပန်းစားရိုက်သွားတာဘဲဗျနော်။ မှော်ဝင်နေသည့်အလား ရိုက်လိုက်တာဗျာ ကျွန်တော့်မှာ ကိုယ့်လူခံနေရာတာတောင် သူ့ကိုသဘောကျနေသေးတယ်။
နောက်ဆုံး Federer ငိုတော့ ကျွန်တော့်မှာဗျာ တော်တော်စိတ်မကောင်းဘူး။ လူတောင် ဘယ်လိုကြီးဖြစ်သွားတယ် မသိဘူး။ အစကတော့နိုင်မယ်ထင်ထားတာ နိုင်ရင်တော့ ဂုဏ်ပြုပို့စ်တစ်ခုလောက် ရေးမယ်တောင် တွေးထားတာဗျာ .. မျက်ရည်တွေနဲ့ ရှုံးသွားတော့ လူတောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။

JulyDream said...

အတော်လေးကို ငိုချသွားတာပဲ။ သတင်းမှာ ကြည့်လိုက်ရတယ်။

Maw said...

ဆုံးရှုံးစရာကြီးကြီးမားမားများ လောင်းထားလားမသိဘူးနော်..။

Anonymous said...

Here is my take on why Roger cried.

He is on the brink of tying Pete Sampras all-time-record of 14 grand slams. Once he past that, he can be undisputed GOAT (Greatest Player Of All Time).
But there is a little problem. Sampras, at his prime, did not have losing record against any other player of his generation - Andre Agassi, Boris Becker, Yevgeny Kafelnikov, Pat Rafter, Goran Ivanesivic - except that Pete never won French Open.

Roger is now 6-13 against Rafa (played 19 times and only won 6 times.) and this record is not going to get better in near future. (next up - French Open)

Roger's chance of being the best in tennis history is in jeopardy if not out of question, and I am sure Roger is well aware of it.

Roger was heavy favorite to win AO 09. His confidence and pursuit of 14th grand slams (and hence GOAT) was shattered on that day and time.

This is the kind of loss that make Bjorn Borg retire soon after John McEnroe beat him because Borg was convinced that he will not be able to beat Johnny Mac. (Borg retired in 1983 at the age of 26.)

From Wikipedia -
Borg went on to lose to McEnroe at the 1981 US Open, 4-6, 6-2, 6-4, 6-3, and the defeat effectively ended Borg's career. After that defeat, Borg walked off court and out of the stadium before the ceremonies and press conference had begun. Borg said that his consecutive losses to McEnroe at Wimbledon and the US Open had confirmed that he was no longer the World No. 1 tennis player and that he did not want to be World No. 2. It would turn out to be the Swede's last Grand Slam final. By the end of 1981, Borg was on the verge of break-down and was mentally drained and physically exhausted.

- K