Friday, November 30, 2007

တစ်ချိန်က ရှမ်းတဲနဲ့ ကျွန်တော်ဦးဦးများ

ကုန်းမြင့်သာစားသောက်ဆိုင်ရောက်တော့ ခြောက်နာရီကျော်ကျော်ရှိနေပြီ။ တိုးကြီးက အ၀က စောင့်နေတယ်။ ဦးကယားလေး၊ ဦးညွန့်ခင်တို့က ရောက်နှင့်နေကြပြီ။ အဘမြင့်သိန်းကတော့ မလာနိုင်ဘူး နေမကောင်းဖြစ်နေလို့။ ကျွန်တော်သူတို့ကို မတွေ့တာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီပဲ။ ၀မ်းသာအားရနှုတ်ဆက်ကြ ရီကြမောကြပေါ့။ ထွန်းထွန်းလေးလို့ သူတို့သိတဲ့ ဆယ်နှစ်သားကောင်လေးတောင် အခု သုံးဆယ့်ခြောက်နှစ်ရှိပြီလေ။ အဖေနဲ့ သူတို့တွေက ရှမ်းတဲ လကသ လေတပ်စခန်း အရာရှိရိပ်သာမှာ အခန်းကပ်ရက်နေခဲ့ကြတဲ့သူတွေပေါ့။ တော်တော်လည်း ရင်းနှီးကြတယ်။ အကြောင်းကြောင်းနဲ့ အဆက်အသွယ်ပြတ်နေကြတာကြာပြီ။ ကျွန်တော့်သူငယ်ချင်းတိုးကြီးက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်စင်သင်တန်းလာတက်တော့ ဦးကယားလေးက အဲဒီက ကျောင်းအုပ်ကြီးဖြစ်နေတယ်။ အဲဒီကနေ အဖေတို့တသိုက်ပြန်ဆက်သွယ်မိကြတာ။

ရှမ်းတဲ (လကသ)ကိုကျွန်တော်အဖေနဲ့လိုက်နေတော့ လေးတန်းကျောင်းသားပေါ့။ တပ်တွင်းက ကျောင်းမှာပဲ တက်တာပါ။ အမေနဲ့ ညီမများက လွိုင်ကော်မှာလေ။ အဖေကလည်း တစ်ယောက်တည်းဆိုတော့ အရာရှိရိပ်သာက အခန်းမှာပဲနေတယ်။ အဲဒီအခန်းလေးမှာပဲ ကုတင်တစ်လုံးထိုးပြီးနေတာပေါ့။ အရာရှိလေသူရဲတွေကြားမှာ ကျွန်တော်က မင်းသားပေါ့။ ကလေးဆိုလို့ အရာရှိရိပ်သာမှာ ကျွန်တော်ပဲရှိတာ။ အဲဒီအချိန်မှာ ဦးကယားလေး၊ အဘမြင့်သိန်းတို့က QFI (Qualified Flying Instructor)၊ ဦးညွန့်ခင်က စက်မှုလက်မှုတပ်ခွဲ၊ အဖေက လက်နက်တိုက်အရာရှိပေါ့။ အဖေတာဝန်နဲ့ ရန်ကုန်ပြန်တာတို့ ခရီးသွားတာတို့ ဆိုရင် ဒီဦးဦးတွေပဲ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ပေးကြတာ။

ညစာကတော့ အရာရှိရိပ်သာ ထမင်းစားခန်းမှာပေါ့။ ကျောင်းက မနက်တစ်ပိုင်းပဲ။ ကျောင်းဆင်းရင် အဖေ့ လက်နက်တိုက်ကို သွားတယ်။ အဲဒီမှာထမင်းစားတာပေါ့။ ကျွန်တော်က သူများကလေးတွေလို ကော်သေနတ်တွေ ၀ါးသေနတ်တွေနဲ့ကစားစရာမလိုဘူး။ ဆော့စရာ သေနတ်တွေ ပုံလို့။ အဲ... ကျွန်တော့်ကို ကျည်မရှိစစ်ဆေးပြီးမှပေးကိုင်တာပါ။ သတ်မှတ် area လဲကျော်လို့မရပါဘူး။ အားရက်တွေမှာ ဦးဦးတွေ ခေါ်ရင် လေယာဉ်လိုက်စီးပေါ့။ အဆောင်မှာနေတဲ့ အချိန်တွေမှာ အဘမြင့်သိန်းရဲ့ ၀ါးပတ္တလားကြီးကို သွားဆော့၊ ဦးဦးကယားလေး စစ်တုရင်ထိုးရင် ထိုင်ကြည့် ...နေခဲ့ရတာ အတော်ပျော်စရာပါ။ တပ်တွင်းဘ၀က အပြင်နဲ့တော့်မတူဘူး။

ဆံပင်ညှပ်တာ၊ ရုပ်ရှင်ကြည့်တာတွေ ပိုက်ဆံမပေးရဘူး။ တိုကင်ပြားရတယ်။ ခရင်ဆိုဒါ သောက်ချင်ရင်လဲ bar မှာ အဖေ့ ကိုယ်ပိုင်နံပါတ်ပြောလိုက်ရုံပဲ။ 1322 ဆိုရင်အားလုံးငြိမ်းတယ်။ လကုန် လခထုတ်မှ အဖေ့ဆီက ဖြတ်တာပေါ့။ ညဖက် ထမင်းသွားစားရင်း ဦးဦးတွေ ဘိလိယက်ထိုးတာထိုင်ကြည့်။ bar ကခုံမြင့်မြင့်ကြီးပေါ် မမှီမကမ်း တက်ထိုင်၊ ခရင်ဆိုဒါယူသောက် ... တစ်ခါတစ်လေ .. သားသား လာ ယောက်ျားလေး တစ်ငုံချ... ဆိုရင်လဲ မငြင်းတမ်းပဲ။ သူတို့ကတော့ အာမီရမ်ပေါ့။ အဖေနဲ့ ဦးဦးတွေ အရက်ဝိုင်း လုပ်ကြပြီဆိုရင်လဲ အမြည်းတွေပြင်ဆင်၊ ရေခဲရေပုလင်းတွေထုတ်ပေး။ ပြီးရင် ဘေးမှာထိုင်ပြီး အမြည်းစားပေါ့။

ပိတ်ရက်တွေဆို မိထ္ထီလာကန်ဖက် ဌက်ပစ်ထွက်ကြ။ ငြိမ့်နေတာပဲ။ အဲဒီမှာ ခြောက်လကျော်နေခဲ့တယ်။ နောက်တော့ အဖေက ငါ့သားကို ဒီမှာဆက်ထားရင် ဂျစ်ပစီဖြစ်တော့မယ်ဆိုပြီး လွိုင်ကော်ကို ပြန်ပို့လိုက်လေရဲ့။ လေးတန်း အတန်းတင်စာမေးပွဲကို လွိုင်ကော်မှာဖြေရတယ်။ တော်တော်ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့ရတဲ့အကျင့်၊ တော်သလို နေထိုင်စားသောက်၊ မိမိကိုယ်ကိုစောင့်ရှောက် ဆိုတဲ့ အကျင့်ကောင်းလေးတစ်ခုရခဲ့တယ်လို့ ဆိုရမယ်။

Wednesday, November 28, 2007

နိုင်ငံတော်ဆိုတဲ့လူကြီး

အဲဒီနိုင်ငံတော်ဆိုတာ ဘယ်လိုလူစားမျိုးလဲဟင်? ကျွန်ုပ်သည် နိုင်ငံတော်ဖြစ်သည်ဆိုတဲ့ လူဝီဘုရင်လိုခပ်ဆိုးဆိုးကောင်ကြီးလား? နိုင်ငံတော်ဟာ လူပုဂ္ဂိုလ်ဆိုရင် ဘယ်ရာထူးအဆင့်အထိ လူတွေ အကြုံးဝင်မလဲ? သတင်းစာထဲက စာသားလေးတွေကို ဖတ်နေမိလို့ပါ။ နိုင်ငံတော်က မေတ္တာစေတနာ အပြည့်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ငွေအကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တဲ့ ရန်ကုန် မန္တလေး မီးရထား နှစ်လမ်းသွား ဒွေးလမ်းကြီးဟာ တကယ်တော့ မေတ္တာလမ်းကြီးဖြစ်ကြောင်း .... ရီချင်သွားလို့။

အဲဒီနိုင်ငံတော်ဆိုတဲ့လူကြီးက သူ့အမေလင် ပိုက်ဆံတွေနဲ့ ဒီမီးရထားလမ်းကြီးကို အကုန်အကျခံ ဖောက်ခဲ့တာပေါ့နော်။ တိုင်းပြည်၊ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားများ၊ အစိုးရ .... အဲဒီလိုရှိတဲ့ဆီမှာ တိုင်းပြည်က မြေပေါ်မြေအောက် သယံဇာတ တွင်းထွက်တွေဟာ ပြည်သူတွေအားလုံးပိုင်တယ်။ အစိုးရဆိုတာ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူတို့ ထမ်းဆောင်သော အခွန်အခတွေ၊ ဝင်ငွေတွေနဲ့ တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင် ပေးနေသူတွေ ဆိုတဲ့အချက်တွေ၊ servant leader ဆိုတဲ့သဘောတရားမျိုးတွေ.... လီကွမ်းယုကြီး စင်ကာပူကို ဘယ်လို ထူထောင်လာတယ် ဆွဲတင်ခဲ့တယ်ဆိုတာတွေ ...

သေချာတယ် ဒါတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်လို့အမည်ခံထားတဲ့ ပုဂ္ဂိုလ်များ မသိတာလား မသိချင်ယောင်ဆောင်နေတာလား ...။ Top Gun ရုပ်ရှင်ကားထဲမှာ ဇာတ်လိုက် (Tom Cruse) က သင်တန်းမှာ တိုက်လေယာဉ်ကို စတန့်ထွင်မောင်းတော့ သူ့ရဲ့ သင်တန်းမှူးက ဆူပါတယ်။ Tax payer's money နဲ့ ဝယ်ထားတဲ့ ဒီလေယာဉ်ပျံကို ပျက်စီးသွားစေနိုင်တဲ့ ပျက်ကျသွားနိုင်တဲ့ အပြုအမူမျိုးတွေ မလုပ်သင့်ကြောင်း ပြောပါတယ်။ အဲဒီ tax payer's money ဆိုတဲ့ ခံယူချက်အတွေးလေးကို ပြောချင်တာပါ။

ပြည်သူ့ဝန်ထမ်းဆိုတဲ့ role ကို ပေါ်လွင်စေတဲ့ စကားလေးလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ဆီက နိုင်ငံတော်ဆိုတဲ့လူကြီးများ ဒါမျိုးလေးတွေ တွေးနိုင်တဲ့ အသိဉာဏ်လည်း ရှိပုံမပေါ်ပါဘူး။ Nothing lasts forever.... ကျွန်တော် အင်မတန့် အင်မတန်ကို ကြိုက်တဲ့စကားလေးပါ။ ညီအစ်ကိုဝမ်းကွဲ ၉၉ယောက်နဲ့ အရင်းတစ်ယောက်ကို သတ်ပြီး မင်းဖြစ်လာ၊ အိန္ဒိယတခွင် စစ်မက်ပြုပြီး အာဏာစက်ချဲ့ ...နောက်ပိုင်းမှာ သာသနာတွေပြု၊ ရေတွင်း ရေကန် စေတီပုထိုးတွေ ရှစ်သောင်းလေးထောင်ကျော် တည်ဆောက်ခဲ့တဲ့ အာသောကဘုရင်ကြီးတောင် သေခါနီးတော့ ( အမတ်တွေက ဘဏ္ဍာတိုက်တွေကို ပိတ်ပစ်ကြလို့) နောက်ဆုံးတော့ လက်ထဲက ကိုက်လက်စ ဇီးဖြူသီးတစ်ခြမ်းပဲ ကိုယ်ပိုင်ကျန်ပါတယ်တဲ့ ....

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ သေသွားပြီး မြွေကြီးသွားဖြစ်ပါသတဲ့။ သိပ်မကြာခင်ကမှ နာလိုက်ရတဲ့ သီတဂူဆရာတော်ကြီးရဲ့ တရာေးလးပါ။ ဧကရာဇ်မင်းကြီး၏ ဘဝနိဂုံးတဲ့။ ဒို့ဆီက နိုင်ငံတော်ဆိုတဲ့ အကောင်ကြီးရဲ့ နိဂုံးကိုလည်း ကြည့်လိုက်ချင်သေး .....

Monday, November 26, 2007

ထီဆိုင်က ပိုစတာတွေ

လွန်ခဲ့တဲ့တစ်ပါတ်က ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတယ်။ ရန်ကုန်မြို့တွင်းမှာ အမြင်မတော်တဲ့ Wall poster ကြီးတွေကို ပေးမတင်တော့ဘူးတဲ့။ ဒါလေးနဲ့ဆက်စပ်ရင်း ပြောချင်တာလေးတစ်ခု ပေါ်လာလို့ပါ။ မြို့ထဲတွေ လူစည်ကားရာလမ်းဆုံလမ်းခွတွေမှာ ထီဆိုင်ကြီးတွေတွေ့မှာပေါ့။ အခုနောက်ပိုင်းမှာ သတိထားမိတာက ထီဆိုင်ရှေ့မှာ အမျိုးသမီး model ပုံတွေကို ချိတ်ထား၊ ထောင်ထားတာတွေကိုပါပဲ။ ပုံတွေကတော့ ရှယ်ပဲ။ အမျိုးသမီးကလေးများ သူတို့ရှိတာလေးတွေကို ပရိသတ် မမြင် မြင်အောင် မထင်ရှား ထင်ရှားအောင် ရှယ်အနေအထားမျိုးတွေနဲ့ ကိုယ်ဟန်ပြထားတဲ့ ပုံတွေ။

သူတို့မိသားစုတွေ မိဘမောင်ဘွားတွေ ထီလားထိုးရင် ကြည့်ရဲပါ့မလားတောင်မသိဘူး။ ဆိုင်ကတော့ ဘာစိတ်ကူးနဲ့ ပြထားတယ်မသိ၊ ကိုယ်ကတော့ လျှောက်တွေးနေမိတယ်။ ပုံတွေကတော့ အမျိုးသား ပရိသတ်ကို ရည်ရွယ်တာပဲ။ ထီပေါက်ရင် ဒါမျိုးလေးတွေရမှာလား။ ဒါမှမဟုတ် ဒါမျိုးလေးတွေကို စိတ်ကူးပြီး ထီထိုးရမှာလား။ ပူရိသ ယောက်ျားများ ဒီပုံလေးတွေကြည့်ပြီး ထိုးချင်စိတ်တွေတော့ ပေါ်လာမှာလား ...

သေချာတာက ဒီလိုပုံတွေချိတ်ဆွဲတဲ့အတွက် ခွင့်ပြုချက် ဆင်ဆာယူရပုံမပေါ်ဘူး။ ဟိုးအရင်တုန်းက ရှားရှားပါးပါး အရက်ဆိုင် ဘီယာဆိုင်မှာ ချိတ်ထားတဲ့ ခပ်ဟော့ဟော့ အရက်ဘီယာ ကြော်ငြာမျိုး တစ်ခုနှစ်ခုသာ တွေ့ဖူးတာဗျ။ အခုနောက်ပိုင်းထီဆိုင်တွေ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင် မင်းသမီးတွေ မော်ဒယ်လေးတွေရဲ့ ပုံတွေကို ပြလာကြတယ်။ (ရှယ် posငtion တွေနဲ့ သရုပ်ပြထားတာ ... ဂလု) မိတ်ဆွေ ... မြို့ထဲသွားရင်းလာရင်း ထီဆိုင်တွေတွေ့ရင် ကျွန်တော်ပြောတဲ့ ပုံလေးတွေကို သတိထား ကြည့်လိုက်ကြပါဗျာ။ ထိုးချင်စိတ်များ ပေါ်လာကြသလားလို့ .... :P
 

the way you express

တနင်္ဂနွေနေ့ညနေက လက်ရှိ EMBA နှစ်တန်းရဲ့ ဘောလုံးပွဲရှိလို့ ခဏသွားကြည့်ဖြစ်တယ်။ အဲဒီမှာ လက်ရှိ 6th Batch က ကျွန်တော့် အကိုကြီးတစ်ယောက်နဲ့ စကားပြောကြရင်း သူက ဘန်ကောက်သွားဦးမယ် ဘာမှာဦးမလဲမေးတာနဲ့ အကြောင်းတိုက်ဆိုင်လို့ စိတ်ထဲပြန်သတိရလာတယ်။ ပြောချင်တာလေးတွေ။ ရန်ကုန်လေဆိပ် international departure အဆောင်ကြီးအကြောင်းပါ။ ဧပြီမှာ MBA Trip သွားတော့ အဲဒီ အဆောက်အဦကြီးမဖွင့်သေးဘူး။ အဟောင်းဖက်ကနေထွက်ရတယ်။ လေယာဉ်ဆီရောက်ဖို့ ထုံးစံအတိုင်း ကားစီးပေါ့။ August ထဲမှာ ITPEC စာမေးပွဲကိစ္စနဲ့ နောက်တစ်ကြိမ်ထွက်တော့ ဒီအဆောက်အဦကြီး့ ဖွင့်နေပြီ။ သားသားနားနားနဲ့ နိုင်ငံတကာ အဆင့်မီတယ် (တစ်စုံတစ်ခုသော အတိုင်းအတာအထိပေါ့ဗျာ) ဆိုပြီး နည်းနည်းကျေနပ်သွားတယ်။ လေယာဉ်ပေါ်တက်တော့လည်း Tube နဲ့ ... လန်းတယ် ပေါ့ဗျာ။

ချီးမွမ်းလို့ မဆုံးသေးခင်မှာပဲ (စိတ်တော်တော်လေသွားတယ်) ကျွန်တော့်အမြင်မှာ အင်မတန်မ ှရုပ်ဆိုးလှတဲ့နေရာတစ်ခု သွားတွေ့တယ်။ Toilet တွေရဲ့ အဝင်အဝမှာပါ။ အထဲက အားလုံးကောင်းတယ်။ အဝင်အဝမှာ အခြားလေဆိပ်တွေမှာလိုပဲ ယောက်ျားပုံ မိန်းမပုံ၊ တွန်းလှည်းနဲ့လူပုံ စတဲ့ logo ပုံလေးတွေ ချိတ််ထားတယ်။ အရမ်းဆိုးသွားတာက စာထိုးထားတာပါ။ Men, Women, Invalid တဲ့ဗျား။ ကောင်းကြသေးရဲ့လား။

ကျွန်တော့်အမြင်မှာတော့ အဲဒီ Invalid ဆိုတဲ့စာကြီးက ခေတ်မီခမ်းနားတဲ့ ဒီလေဆိပ် အဆောက်အဦကြီးကို လုံးဝ တန်ဖိုးကျအောင် ဖျက်ဆီးလိုက်သလိုပဲ။ သွားဖူးသမျှ ဟောင်ကောင်လေဆိပ်၊ အင်ချွန်းလေဆိပ်၊ နာရီတာလေဆိပ်၊ ဟနွိုင်းလေဆိပ်တွေမှာ international နားလည်တဲ့ လူရုပ်ပုံလေးတွေပဲသုံးကြတာပဲ။ ဒီလို Invalid ဆိုတဲ့ စာမျိုးကြီး မတွေ့ဖူးပါဘူး။ စဉ်းစားကြည့်ပါ ..ကျွန်တော်က ကံမကောင်း အကြောင်းမလှလို့ အမေမွေးကတည်းက မသန်မစွမ်းဆိုပါတော့။ ခရီးသွားဖြစ်လို့ toilet ဝင်ရင် အဲဒီ Invalid ဆိုတဲ့စာတမ်းကြီးက ကျွန်တော့်ကို ဆီးကြိုနေတယ်။ ကျွန်တော်ဘယ်လို ခံစားရမလဲ...

ဘယ်ပညာရှိကများ ဒီလိုတွေရေးဖို့ ခိုင်းထားလဲ မသိပါဘူးဗျာ။

Just in time

ခက်သည်။ ဒီအကျင့်ဆိုးက ဘယ်တော့မှပျောက်တော့မှာ မဟုတ် အရိုးစွဲနေပြီ။ စာသံပေသံနဲ့ပြောရင်တော့ Just in time (JIT) ပေါ့။ တီချယ်ကြီးကြားရင်တော့ သူသင်ပေးတဲ့ စာများကို အလွဲသုံးစား လုပ်လေခြင်းဆိုပြီး အဆူခံရဦးမယ်။ Term paper တင်ရဖို့ လေးငါးရက်ပဲကျန်တော့သည်။ လကုန်ရင် အကြမ်းတင်ရမယ်။ ပြီးရင် ဒီစာတမ်းနဲ့ လူတွေ့စစ်ဆေးတာက နောက်လထဲမှာ။ Term paper တွေ ရေးရတော့မယ် ဆိုတော့လဲ ဒီလိုပဲ ယောင်ဝါးဝါးနဲ့ အချိန်ဆွဲနေခဲ့တာ။ ခေါင်းစဉ်လေးရွေးလိုက် အင်တာနက်ပေါ်တက် ဟိုရှာဒီရှာလုပ်လိုက် ကျောင်းသင်ရိုးဖတ်စာအုပ်တွေ ပြန်ဖတ်ကြည့်လိုက်နဲ့။

ဒီကြားထဲ အရေးအခင်းတွေ မတည်မငြိမ်တွေဖြစ်တာနဲ့ ( သိပ်တော့မဆိုင်သလိုပဲ) ခရီးသွားရတာနဲ့၊ DOF 2007 မှာ ဖတ်ဖို့ စာတမ်းရေးရတာနဲ့ ဘာညာ ဘာညာ အကြောင်းပြပြီး စာတမ်းကိစ္စကို ပစ်ထားတာကြာလှပေါ့။ အခု တန်ဆောင်မုန်းလပြည့် ရုံးပိတ်ရက်ကမှစပြီး သုတ်ခြေတင်ကာ စရေးလေသတည်းပေါ့။ အခုမှ Abstract ပြီးလို့ chapter တွေ ခွဲတုန်းရှိသေးတယ်။ မနက်ဖန်လောက် supervisor ဆရာမနဲ့ သွားတွေ့ရဦးမယ်။ ညကတောင် ရေးမယ်ဆိုပြီး သူငယ်ချင်း ဖိုးလမင်းအိမ်သွား ဘီယာထွက်သောက်၊ အိမ်ပြန်ရောက်တော့ ရေးဖို့ပျင်းသေးတာနဲ့ အသစ်ဝယ်ထားတဲ့ Allias ဇာတ်လမ်းတွဲလေးကို ကြည့် ... အင်း ... ခက်သေးသည်။

စနေ တနင်္ဂနွေနှစ်ရက်ကတော့ စာတွေနဲ့ လုံးပန်းနေလို့ ဘလော့လဲ မရေးဖြစ် မဖတ်ဖြစ်ဖူး။ ဒီတစ်ပတ်လောက်လဲ စာတမ်းနဲ့ လုံးပန်းနေရဦးမှာဗျ။ ကိုယ်တို့ကတော့ just in time ပါပဲ။

Friday, November 23, 2007

ဘိုင့်ဘိုင် အင်္ဂလန်

အင်္ဂလန်ဘောလုံးအသင်းကြီးတော့ နံမည်ကြီး ထမင်းငတ် ဖြစ်လေပြီ။နောက်ဆုံးအချိန်အထိ ကံကြမ္မာက မျက်နှာသာ ပေးခဲ့ပါသေးတယ်။ နောက်ဆုံးပွဲ အိမ်ကွင်းမှာ သရေကန်ရင်တောင် ခြေစစ်ပွဲအောင်နေတဲ့ အနေအထားမှာ ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ်ပိုင်း အနိုင်ဂိုးကြောင့် အင်္ဂလိပ်တွေ အိမ်မက်က လန့်နိုး ခဲ့ကြရပါပြီ။ နဂိုကတည်းက ပရီးမီးယားလိဒ်မှာ အင်္ဂလိပ်လူငယ်ဘောလုံးသမားများ နေရာမရဖြစ်နေလို့ နိုင်ငံခြားသား ဘောလုံးသမား အရေအတွက် ကို ကန့်သတ်ဖို့ FA က အသံတွေ တညံညံထွက်နေတဲ့ အချိန်မှာ အခုလို ခြေစစ်ပွဲမအောင်တော့ ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ အတော့ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

အဲဒီနောက်ဆုံံးပွဲကန်မဲ့ညက ဘာလို့မှန်းမသိ အင်္ဂလန်ကို ရှုံးပြီးထွက်သွားစေချင်စိတ်တွေ ပေါ်နေမိတယ်။ သရေကန်ရင်တောင် တက်ပြီဆိုပေမဲ့ စိတ်ထဲမှာ သူတို့ ခြေစစ်ပွဲမအောင်သင့်ဘူး မထိုက်တန်ဘူးလို့ ခံစားနေရလို့ပဲ။ နောက်နေ့မနက်စောစော ဂျာနယ်ဝယ်ဖတ်ပြီးတော့ ရလဒ်ကို သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ဘဝင်ကျသွားသလိုပဲ။

သိပ်တော့မဆိုင်ပေမယ့် ဒီအပတ်သောကြာက Eleven ဂျာနယ်မှာ ထူးထူးခြားခြား သတင်းတိုလေးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ ခြေစစ်ပွဲကစားရန်လာတဲ့ ခရိုအေးရှားအသင်းမှ တာဝန်ရှိသူတစ်ဦးအား အင်္ဂလန်လေဆိပ်မှ ပစ္စည်းအလစ်သုတ် မသင်္ကာမှုနဲ့ ခေတ္တ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတယ်တဲ့။ အဲဒီအချိန်မှာ ကစားသမားများလဲ ရှိနေတယ်တဲ့။ မနေ့ညကသူငယ်ချင်းတွေ ဆုံကြတော့ တစ်ယောက်က ဒီသတင်းလေးအကြောင်းပြောပြီး ခရိုအေးရှားတွေ သောက်မြင်ကတ်ပုဒ်မနဲ့ အင်္ဂလန်ကို အနိုင်ကစားသွားတာ ဖြစ်မယ်တဲ့။ ခရိုအေးရှားတွေက ရှုံးရင်တောင် ဘာမှဖြစ်ဘူးလေ။ ခြေစစ်ပွဲက အောင်ပြီးသားကိုး။

အခုလိုခြေစစ်ပွဲမအောင်တဲ့အတွက် ယူရိုပွဲကြီးကရမဲ့ ဆုကြေး၊ ရုပ်သံလွှင့်ခ၊ ခရီးသွားလုပ်ငန်းများ၊ လောင်းကစားဒိုင်များ စသည် စသည်ဖြင့် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံလောက်တန်တဲ့ စီးပွားရေး အခွင့်အလန်းတွေကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

Wednesday, November 21, 2007

ဆရာ့ဆုံးမစကား

ဆရာကြီး ဒေါက်တာ ခင်မောင်ကြွယ်က အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်ပေမဲ့ ကျန်းမာသွက်လက် နေတုန်းပဲ။ EMBA အတန်းတွေကို စာလဲ လာသင်ပေးနေသေးတယ်။ ကျွန်တော်တို့ကို project management သင်ပေးပါတယ်။ ကျွန်တော့်မှာ အရင်က Project Management ကို သိသလိုလို တတ်သလိုလိုနဲ့ ယောင်ဝါးဝါးရယ်။ ဆရာလမ်းညွှန်ပြသမှုအောက်မှာ အများကြီးမျက်စိပွင့် နားပွင့် ဖြစ်ရတယ်။ ဆရာက lecture တိုင်းမှာ အတန်းသားများ ပါဝင် ဆွေးနွေးလာအောင် လမ်းကြောင်း ပေးနိုင်တယ်။ ကျွန်တော်တို့ ငြင်းခုံကြ ဆွေးနွေးကြပြီးရင် သူကအနားသတ်ပေးတယ်။ လိုအပ်တာ ဖြည့်စွက်တယ်။ ကြည်လင်ပြီး ပြုံးနေတဲ့ မျက်နှာထားနဲ့ အင်မတန်သဘောကောင်းတဲ့ ဆရာတစ်ဦးပါ။ သူနဲ့ စာသင်ခွင့်ရတာကို ကျွန်တော်တို့ အရမ်းကံကောင်းနေပြီ။ အဲ ... ဒါက ဆရာ့အကြောင်းအနည်းအကျဉ်း ပြောပြတာပါ။

တကယ်ပြောချင်တာက (ကျွန်တော်လဲမေ့မသွားအောင်မှတ်ထားချင်လို့) ဆရာကန်တော့ပွဲမှာ ပြောခဲ့တဲ့ ဆုံးမစကားတွေပါ။ EMBA ဆရာကန်တော့ပွဲတုန်းက ဆရာကြီးဒေါက်တာ ခင်မောင်ကြွယ်ရဲ့ ဆုံးမသြဝါဒစကား အနှစ်ချုပ်လေးပါ။

ယုံကြည်၊ ကျန်းမာ၊ ရိုးဖြောင့်စွာဖြင့်၊ ၀ိရိယနဲ့ယှဉ် အမှန်မြင်....

၁) ယုံကြည်မှု trust, confident ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ကိုယ်လျှောက်နေတဲ့လမ်းအပေါ်မှာ ယုံကြည်မှုရှိရမယ်။ ကိုယ်ကိုယ်တိုင်ကမှ ကိုယ်လုပ်တာမယုံကြည်ရင် တန်ဖိုးမထားရင် employeeတွေ customer တွေရဲ့ ယုံကြည်မှုကို ဘယ်လိုမှမရနိုင်ဘူး။

၂) ကျန်းမာခြင်း ဘဝမှာ useful ဖြစ်စေဖို့ အတွက် ကျန်းမာနေဖို့လိုမယ်။ မကျန်းမာရင် ဘာမှမလုပ်နိုင်ဘူး uselessပဲ။ တစ်နည်းအားဖြင့်ကြည့်ရင် ကျန်းမာခြင်းဆိုတာဟာ self developmentပဲ မိမိကိုယ်ကိုစောင့်ရှောက်ခြင်းပဲဖြစ်တယ်။

၃) ရိုးသားမှု Honestey ဘဝအတွက် ရည်ရှည်အတွက် အရမ်းကို အရေးကြီးတယ်။ ကိုယ်က ရိုးသားပါတယ် အော်ဟစ်ပြနေစရာမလိုဘူး၊ တကယ်ရိုးဖြောင့်ရင် တစ်ဖက်က ဆက်ခံကြည့်တာနဲ့သိတယ် ၊ ခံစားပြီးကို သိတယ်။

၄) လုံ့လဝိရိယ - လုံ့လဝိရိယရှိမှတိုးတက်မယ်။ ပျင်းရင်ဖျင်းမယ် အမြဲတန်း တက်ကြွအဆင်သင့်ဖြစ်နေရမယ်။

၅) အမှန်အတိုင်းမြင်သိမှု - အဖြစ်အပျက်တို့ရဲ့ သဘောအမှန်ကိုမြင်ရမယ်၊ ဥပမာ လောကုတ္တရာဆိုရင် ဖြစ်ပျက် မြင်တယ်ပေါ့။ လောကီမှာလဲ ဆန်းစစ်ဝေဖန် ပိုင်းဖြတ်မှုနဲ့ အကြောင်းတရားမှန် သဘောမှန် အဖြစ်အပျက်မှန် root cause ကို သိမြင်နိုင်အောင်ကြိုးစားကြရမယ်။

ဒီငါးချက်က လောကီ လောကုတ် နှစ်ဖြာ အကျိုးများစေပါမယ်တဲ့။

Monday, November 19, 2007

မိမိကိုယ်မိမိ ရိုးသားမှုရှိရေး

ဒီတစ်ပတ် Voice ဂျာနယ်ထဲက အယ်ဒီတာ့ အာဘော်လေးကို အရမ်းကြိုက်လို့ လက်ရှိအခြေအနေတွေကို ပညာသားပါပါ ထင်ဟပ်ပြလို့ ကောက်နှုတ်ကူးယူဖေါ်ပြလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလက ဟစ်တလာအပါအဝင် နာဇီဗိုလ်ချုပ်ကြီးတွေဟာ လိမ်ညာ ၀ါဒတွေဖြန့်ရင်း နောက်ဆုံး သူတို့ပါမသိစိတ်ကယုံသွားပြီး အဲဒီအလိမ်အညာကြီးတွေကို အမှန်လို့ထင်သွားခဲ့ကြကြောင်း ဖတ်ခဲ့ဖူးပါသည်။ (ဘယ်စာအုပ်လဲတော့ မမှတ်မိတော့)

မိမိကိုယ်မိမိ ရိုးသားမှုရှိရေး

နာမည်ကျော် မင်းကွန်းဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်က ရုပ်သံမှ မကြာခဏ ကြားခဲ့ရသော မေတ္တာပို့တရားတော်မှ လူအချင်းချင်းလှည့်ဖြားခြင်း ကင်းရှင်းကြပါစေ ဟူသောစကားကို စာဖတ်သူများ မှတ်မိနေဦးမည်ဟု ထင်ပါသည်။

လှည့်ဖြားခြင်းနှင့် ပတ်သက်၍ပြောရလျှင် လူတို့သည် လူအချင်းချင်းလှည့်ဖြားကြရုံသာမက မိမိကိုယ်မိမိကိုလည်း လှည့်ဖြား တတ်ကြကြောင်း သတိပြုမိသူအလွန်နည်းသည်။ သူတစ်ပါးကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်မိမိ လှည့်ဖြားခြင်း နှစ်မျိုးအနက် သူတစ်ပါးကိုလှည့်ဖြားခြင်းသည် တစ်နေ့တွင် အဖြစ်မှန်ပေါ်ပေါက်တတ်သော်လည်း မိမိကိုယ်မိမိလှည့်ဖြားခြင်းသည် မည်သည့်အခါမျှ အဖြစ်မှန်မပေါ်တတ်၍ သေသည်အထိ လှည့်ဖြားမှုအောက်တွင် နေထိုင်သွားကြရလေ့ရှိပါသည်။

များသောအားဖြင့် လူတို့သည် မတရားမှု ပြုလုပ်ရသောအခါတွင် မိမိကိုယ်မိမိ မတရားမှုပြုသူအဖြစ် လက်မခံနိုင်သဖြင့် လိုအပ်သော မိမိကိုယ်မိမိ လှည့်ဖြားမှု ပြုလုပ်ကြရသည်။ ထိုလှည့်ဖြားမှုကို ကာယကံရှင်က ယုံကြည်ပြီဆိုလျှင် ထိုမတရားမှုကို ကျူးလွန်နိုင်သကဲ့သို့ ထောက်ပြသူများကိုလည်း လှည့်ဖြားထားသည့်အတိုင်း ယုံကြည်စွာ ပြောဆိုနိုင်သွားသည်ကို တွေ့ရသည်။ အပြောခံရသူအများစုက ထိုသူသည် မိမိကိုယ်ကိုလှည့်ဖြားထားမှန်းမသိသောကြောင့် အဘယ့်ကြောင့် အဘယ်သို့သောသဘောထားဖြင့် ဤသို့ပြောနိုင်သည်ကို နည်းမလည်နိုင်အောင် ရှိကြသည်ကိုလည်း တွေ့ရသည်။

အထူးဖေါ်ပြလိုသည်မှာ မိမိကိုယ်မိမိ လှည့်ဖြားမှုများကို ဖော်ထုတ်နိုင်သူမှာ မိမိကိုယ်တိုင်သာဖြစ်ကြောင်းနှင့် ထိုသို့လှည့်ဖြားထားမှုများကို ဖော်ထုတ်နိုင်ရန်မှာ မိမိကိုယ်မိမိ ရိုးသားမှုရှိရေးသာဖြစ်ပါသည်။

အယ်ဒီတာ (၁၂-၁၁-၂ဝဝရ)

The Voice Weekly (Vol. 4/ No.5)

ယူရို၂၀၀၈ ခြေစစ်ပွဲတွေ

Group A ပိုလန််က တစ်ပွဲကျန် ၂ရမှတ်နဲ့ ခြေစစ်ပွဲအောင်နေပါပြီ။ သူ့အောက်မှာက ပေါ်တူဂီ ၂၆မှတ်၊ ဖင်လန် ၂၃မှတ်။ နောက်ဆုံးပွဲတွေက ဆားဘီးယားနဲ့ပိုလန်၊ ပေါ်တူဂီနဲ့ ဖင်လန် ထိတ်တိုက်တွေ့ပါတယ်။ ပေါ်တူဂီအနည်းဆုံး သရေကစားနိုင်ရင် ခြေစစ်ပွဲအောင်ပါပြီ။ ဖင်လန်အနေနဲ့ကတော့ နိုင်လို့ ၂၆မှတ်ချင်းတူရင်တောင် Goal difference ကို ကြည့်ရဦးမှာဖြစ်ပါတယ်။

Group B ပြင်သစ်၊ အီတလီနဲ့ စကော့တလန်တို့အုပ်စုမှာ အီတလီက စကော့တလန်ကို အနိုင်ကစားလိုက်တဲ့အတွက် စကော့တလန်တို့ ပွဲစဉ်အကုန်မှာ ၂၄မှတ်နဲ့ မျှော်လင့်ချက်မဲ့သွားပါပြီ။ စကော့တလန်တို့အနေနဲ့ အီတလီတို့အထက်က ဦးဆောင်ခွင့်ရပေမဲ့ ဂျော်ဂျီယာကို ရှုံးလိုက်တဲ့ပွဲမှာ တော်တော်ဆိုးသွားတယ်။ အဖိုးတန် သုံးမှတ်ဆုံးရှုံးသွားတာပေါ့။ အီတလီက နောက်တစ်ပွဲအနေနဲ့ ဖာရိုးကျွန်းစုကို သက်တောင့်သက်သာ ကစားပြီး နောက်သုံးမှတ်ယူဦးမှာပါ။ အဲဒီတော့ ၂၉မှတ်ပေါ့။ ကြားထဲက ထိုင်နေရင်းခြေစစ်ပွဲအောင်သွားတာကတော့ ပြင်သစ်ဖြစ်ပါတယ်။

နောက်တစ်ပွဲအနေနဲ့ ယူကရိန်းကွင်းမှာသွားကစားဖို့ရှိသေးပေမဲ့ လက်ရှိမှာတင် ၂၅မှတ်ရနေပြီဆိုတော့ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်နေပါပြီ။ Group C ဂရိက ၂၈မှတ်နဲ့ ခြေစစ်ပွဲအောင်ပါပြီ။ သူ့နောက်က တူရကီက ၂၁မှတ်၊ နော်ဝေက အမှတ်၂၀ အသီးသီးရနေပါတယ်။ နောက်ဆုံးပွဲအနေဲ့ နော်ဝေးက မော်တာနဲ့ အဝေးကွင်းမှာ။ တူရကီက ဘော့စနီးယားနဲ့ အိမ်ကွင်းမှာပါ။ တူရကီတို့ နောက်ဆုံးပွဲကိုနိုင်လိုက်တာနဲ့ ခြေစစ်ပွဲအောင်ပါပြီ။

Group D ဂျာမနီနဲ့ ချက် ခြေစစ်ပွဲအောင်ပြီးဖြစ်ပါတယ်။ နောက်ဆုံးပွဲတွေရဲ့ ရလဒ်က အရေးမပါတော့ပါဘူး။

Group E ခရိုအေးရှားက မက်ဆီဒိုးနီးယားကို ရှုံးတယ်။ ရုရှားက အစ္စရေးကိုရှုံးတယ်။ ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့ အင်္ဂလန်အသင်းအတွက် တဒင်္ဂတော့ အသက်ရှူချောင်သွားတာပေါ့။ ရုရှားသာ အဲဒီပွဲနိုင်ခဲ့ရင် အင်္ဂလန်က ယူရိုပွဲကြီးကို လက်ပြကျန်ရစ်တော့မှာကိုး။ အခုတော့ ခရိုအေးရှားက ၂၆မှတ်၊ အင်္ဂလန်က ၂၃မှတ်၊ ရုရှားက ၂၁မှတ်။ ခရိုအေးရှားနဲ့ အင်္ဂလန်ကန်ရမယ်။ ရုရှားက အင်ဒိုရာနဲ့ကန်ရမယ်။ အခုထိ တစ်ပွဲမှ မနိုင်သေးတဲ့ အင်ဒိုရာကို တော့ ရုရှားက အနိုင်ရဖို့များတယ်။ အဲဒီတော့ ပွဲစဉ်အကုန်မှာ ရုရှားက ၂၄မှတ်ရမယ်ပဲထားပါတော့။ ခရိုအေးရှားကတော့ နိုင်နိုင်ရှုံးရှုံးတက်နေပြီ။ အင်္ဂလန်နိုင်ရင်တော့ အင်္ဂလန်နဲ့ ခရိုအေးရှားတက်သွားမယ်။ အင်္ဂလန်ရှုံးရင်တော့ ခရိုအေးရှားနဲ့ ရုရှားတက်မယ် (အင်ဒိုရာကိုနိုင်ပြီး ရုရှားနောက်ထပ် ၃မှတ်ရခဲ့ရင်ပေါ့။)

Group F စပိန်က ၂၅မှတ်နဲ့ ခြေစစ်ပွဲအောင်နေပါပြီ။ ဆွီဒင် က ၂၃မှတ်၊ မြောက်အိုင်ယာလန်က ၂ဝမှတ်။ ဆွီဒင်က လတ်ဘီးယားကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မြောက်အိုင်ယာလန်က ခြေစစ်ပွဲအောင်ပြီးဖြစ်တဲ့ စပိန်ရဲ့ကွင်းမှာ သွားကစားရမှာပါ။ ခြေစစ်ပွဲအောင်ပြီးဖြစ်တဲ့ စပိန်ဆီက မြောက်အိုင်ယာလန်တို့ သုံးမှတ်ရကောင်းရနိုင်ပါတယ်။ ဆွီဒင်ကလည်း အနိုင်ကစားတာနဲ့ ခြေစစ်ပွဲအောင်မှာဆိုတော့ လတ်ဘီးယားတွေကို အနိုင်ကစားမယ်လို့ မျှော်လင့်ရပါတယ်။ Group G ရူမေးနီးယားနဲ့ နယ်သာလန်တို့ ခြေစစ်ပွဲအောင်နေပါပြီ။ 

 

uefa.com

EMBA အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ

EMBA အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို နိုဝင်ဘာ ၁၆ရက် ညနေ ၆နာရီက စပြီး Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ လက်ရှိ ကျောင်းတက်ဆဲ 5th and 6th batch တို့က ဦးဆောင်ပြီးတော့ ရှိသမျှ အတန်းခြောက်တန်းလုံးက ကျောင်းသားတွေပါဝင်ကြပါတယ်။ နယ်ကို တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့ သူတွေကလွဲလို့ ဆရာဆရာမတွေလဲ စုံစုံလင်လင် တက်ရောက်ပေးကြပါတယ်။

ရှေးဦးစွာ ဆရာဆရာမတွေကို ထိုင်ကန်တော့ကြ၊ ပြီးတော့ ဆရာကြီး ဒေါက်တာခင်မောင်ကြွယ်၊ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဒုတိယပါမောက္ခချုပ်၊ ပြီးတော့ ဆရာမကြီးဒေါ်နုနုယဉ် တို့က ဆုံးမသြဝါဒ စကာေးပြာကြားကြပါတယ်။ ကျောင်းက စာသင်ခန်းထဲ ပြန်ရောက်ပြီး lecture ပြန်နားထောင် နေရတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ်လားပြီး ကျောင်းတက်ခဲ့ချိန်တွေ ကို ပြန်သတိရမိပါတယ်။

ကျောင်းသားတွေကိုုယ်စား 2nd Batch က ကိုဝင်းဇင်ဦးနဲ့ 5th Batch ကတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ပြီးတော့ တပျော်တပါး ညစာစားကြ၊ သီချင်းတွေဆိုကြ၊ ဓါတ်ပုံတွေရိုက်ကြပေါ့။
ခြုံပြီးပြောရရင် ပျော်စရာပါ။ ကျောင်းပြီးသွားပြီ (paper တင်ဖို့တော့ကျန်သေးတယ်) ဆိုတော့ ကိုယ့်အလုပ် နဲ့ကိုယ် သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတော့ဘူး။ ကိုယ့်နီးစပ်ရာ အလုပ်နဲ့ဆက်စပ်ရာ လူတွေပဲ တွေ့ဖြစ်ကြ တော့တာကိုး။ ဒီလိုပွဲမျိုးလေးတွေရှိမှပဲ သူငယ်ချင်းတွေတွေ့ကြရတာကိုး။

MBA တက်ရတဲ့အထဲမှာ စာသင်ရတာအပြင် ဒီလို လူတွေနဲ့ သိကျွမ်းရတာ အတွေ့အကြုံတွေ အတွေးအခေါ်တွေ စဉ်းစားပုံတွေ ဖလှယ်ရတာ ဆွေးနွေးငြင်းခုံ ကြရတာလဲ ကျွန်တော့်အတွက် တကယ့်ကိုကောင်းတဲ့ အကျိုးရှိတဲ့ experience တစ်ခုပါပဲ။

တစ်ခုပဲ နည်းနည်း ဘဝင်မကျတာလေးက ကိန်းကြီးခန်းကြီးနိုင်ပြီး ပကာသန ဆန်တာလေးတွေကိုပါပဲ။ ကွန်ပျူတာ တက္ကသိုလ်အတွက် အာစရိယပူဇော်ပွဲတွေကို ဦးဆောင်ကျင်းပတဲ့ ကျောင်းသားဟောင်းအဖွဲ့မှာလဲ ကျွန်တော်ပါပါတယ်။ အဲဒီတုန်းက တက္ကသိုလိ ဓမ္မာရုံမှာပဲကျင်းပခဲ့တာ နှစ်ကြိမ်ရှိသွားပြီ။ သပ်သပ်ရပ်ရပ်လေး နဲ့ ခမ်းခမ်းနားနားလေးပါပဲ။ ကန်တော့ပြီးတော့လဲ ဓမ္မာရုံထဲမှာပဲ ဆရာတွေရော ကျောင်းသားတွေရော စားပွဲဝိုင်းတွေခင်းပြီး နေ့လည်စာစားကြတာပေါ့။ ဘွဲရကျောင်းသား ဟောင်း တွေအားလုံး စုပြီးလုပ်ကြတာပေါ့။

အခု MBA မှာက တစ်ခုခုဆို Sedona, Traders ပေါ်ကကိုမဆင်းတော့ဘူး။ တစ်ချို့နေရာတွေမှာ လိုသည်ထက်ပိုပြီး ကိန်းကြီးခန်းကြီးနိုင်ကြသလိုပဲ။ ဒါလဲ MBA Culture တစ်ခုများလား မသိပါဘူးဗျာ။ ကျွန်တော်တို့ 4th Batch Year End dinner လုပ်တုန်းကလဲ အင်းယားလိပ်မှာ ညစာစားပွဲလုပ်ကြတယ်။ ၁၂သိန်းကျော်လောက်ကုန်သွားတာပေါ့။ အခု ဒီ EMBA အာစရိယပူဇော်ပွဲမှာလဲ ညစာအတွက် တစ်ဦးကို 15USD ပဲထားဦး လူသုံးရာကျော်တယ်။ ဒါပေမဲ့ အဲဒီအတွက်ကုန်ကျစရိတ်ကို 5th Batch က ကျောင်းသူတစ်ဦးက sponsor ပေးသွားတယ်လို့ သိရပါတယ်။ သာဓုပါဗျာ။ လှူနိုင်တန်းနိုင်ကြပါပေတယ်။

Saturday, November 17, 2007

ဗီယက်နမ်က ပန်းချီကားတစ်ချို့

ကျွန်တော်တည်းခဲ့တဲ့ Shereton hotel မှာ ချိတ်ထားတဲ့ ပန်းချီကားလေးတွေကို ဓါတ်ပုံရိုက်ယူလာတာပါ။ ကင်မရာက Coolpix အသေးစားလေးဆိုတော့ နည်းနည်းတော့ distort ဖြစ်ကုန်တယ်။ အဲ .. ကျွန်တော် မရိုက်တတ်လို့လဲဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အမြည်းသဘော ခံစားကြည့်လို့ရတာပေါ့ ...

























Photos from Hanoi



Friday, November 16, 2007

၉လမ်းက တရုတ်အရိုးအကြောဆရာ

ချောင်းသာအသွားရခဲ့တဲ့ ခြေတောက်ဒဏ်ရာက အကင်းမသေဘူးဖြစ်နေတယ်။ မပျောက်ဆို ကိုယ်ကလည်း နားနားနေနေကိုမနေဖြစ်သေး။ ချောင်းသာကပြန်လာပြီး သိပ်မကြာဘူး ဟနွိုင်းကို သွား။ အဲဒီကပြန်လာပြီး ပဲခူးက ရွာကိုထပ်သွားနဲ့ ငြိမ်ငြိမ်မှမနေတာကိုး။ မနေ့ညကတော့ ၉လမ်းက တရုတ်ဆရာကိုသွားပြဖြစ်တယ်။ ကိုမင်းဦးညွန်ပေးလို့လေ။ သူခြေခေါက်လဲတုန်းကလည်း အဲဒီဆရာဆီမှာ ဆေးစည်းတယ်တဲ့။ ကောင်းတယ်လို့ပြောဖူးလို့။ ၉လမ်း ရွှေပုဇွန်နှစ်ဆိုင်ကြားက လမ်းပေါ့။ ညာဖက်က သုံးလေးအိမ်မြောက်လောက်ပေါ့။ ဒုတိယထပ်ကိုတက်ရတယ်။ အခန်းလေးက ခပ်ကျဉ်းကျဉ်းရယ်။ ၁၅သာသာလောက်ပဲရှိမယ်။ 
.
အဲဒီတိုက်ခန်းလေးရဲ့ အရှေ့ဖက်နေရာလေးမှာကုတာ။ ကွပ်ပစ်လေးတစ်ခုချထားတယ်။ လူနာတွေက အဲဒီမှာထိုင်ခိုင်းပြီးကုတာ။ အလှည့်မကျသေးသူတွေအတွက် ခုံလေးတွေချပေးထားတယ်။ ကိုယ့်ရဲ့ တုံကင် နံပါတ်က ၁၆။ ကိုယ်ရောက်တော့ ဆရာက နံပါတ်၅ကိုကြည့်ပေးနေတုန်းပဲ။ လူနာတွေကတော့ စုံနေတာပဲ။ စက်ဘီးမှောက်ပြီး လက်ကျိုးသွားတဲ့ကလေး (ဘာလို့ဆေးရုံမသွားပဲ ဒီမှာလာကုလဲမသိဘူးဗျ)၊ ချော်လဲပြီး အရိုးအက်သွားတဲ့မိန်းမကြီး၊ ရေကဲ့ထည့်ရင်း ခါးမျက်သွားတဲ့ ခပ်ဝ၀ အမျိုးသမီးငယ်တစ်ဦး၊ ကြက်တောင်ရိုက်ပြီး တကောက်ကွေးနာသွားတဲ့ အမျိုးသားတစ်ဦး ... အဲ အတော်ကို စိတ်ဝင်စားစရာပဲ။ 
.
လူနာတိုင်းကို ဒဏ်ရာနေရာကို ကိုင်ကြည့်တယ် နှိပ်တယ်။ ပြီးရင်ဆေးစည်းပေးတယ်။ ဆေးက ဂွမ်းပေါ်မှာ ပွဲညှက်လိုအရောင်မျိုးဆေးတွေတင်ထားတာ။ ပြီးရင် ပတ်တီးစည်းပေါ့။ လက်ကျိုးတဲ့ကလေးကိုတော့ ၀ါးဒုတ်လေးသုံးချောင်းနဲ့ပါစည်းပေးလိုက်တယ်။ အခကြေးငွေကလည်း တစ်ထောင်ကျော်ပဲယူတယ်။ ပြီးရင် ပလပ်စတစ်နဲ့အရက်ထုတ်လေးပေးလိုက်တယ်။ ဆေးစည်းထားတဲ့အပေါ်လောင်းချဖို့တဲ့။ တစ်နေ့ကို သုံးကြိမ်လောက်လောင်းပေးပါတဲ့။ သူပြောတဲ့အတိုင်းလောင်းပြီးတဲ့အချိန်မှာ အနံကအတော်ပြင်းသားဗျ။ အရက်သီးသန့်ဆိုလဲ အဲဒီလောက်အနံမရှိဘူး။ ဆေးနံကလည်းသူ့ချည်းပဲသိပ်မထွက်ဘူး၊ ဆေးစည်းတဲ့အပေါ် အရက်လောင်းလိုက်မှ အနံက စူးကနဲထွက်လာတာ။ ပတ်တီးမဖြေရဘူး ရေမထိရဘူးလို့ မှာလိုက်တယ်။ တနင်္ဂနွေနေ့ထပ်ပြရဦးမယ်ဗျ။ ဆေးစည်းပြီးအပြန်မှာ အမေတို့အတွက် ရွှေပုဇွန်က ဖာလူဒါဝင်ဝယ်လိုက်သေးတယ်။ ဖာလူဒါက တစ်ခွက်ကို ၉ဝဝဖြစ်သွားပြီး ဖော့ခွက် သေးသေးလေးနဲ့ ဖြစ်သွာတယ်။ :D
 

poverty line

 

 

 

 

 

 

 

 

 

 

 

 

 

The poverty threshold/ poverty line, is the minimum level of income deemed necessary to achieve an adequate standard of living.

ဒါက ဝီကီပီဒီယာထဲက poverty lineရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ UN က statement ထုတ်တော့ ဦးစိုးသာက ရှင်းလင်းပွဲတစ်ခုလုပ်ပြီး statement မှာပါတဲ့အချက်အလက်တွေဟာ မှန်ကန်မှုမရှိကြောင်း ပြန်လည် ဖြေကြားပါတယ်။ အဲဒီထဲမှာပါတဲ့တစ်ချက်က 2004ခုနှစ် survery အရ မြန်မာနိုင်ငံရဲ့ poverty line ဟာ ၁၆၂ဝဝဝကျော် ရှိပါတယ်တဲ့။ ဒါပေမဲ့ တစ်ဦးချင်းရဲ့ ပျမ်းမျဝင်ငွေက ၁၆၇၀၀၀ ကျော်ရှိတဲ့အတွက် poverty line ကို ကျော်ပါတယ်တဲ့။ သူကတော့ ဘာကိုဆိုလိုပြီးရှင်းသွားတယ်မသိ။ ကျွန်တော့်မှာ တွေးစရာတွေ အများကြီးဖြစ်သွားလို့။ 

.

သူပြောတဲ့ငွေပမာဏက တစ်နှစ်စာပါ။ တစ်နှစ်မှာ ၃၆၅ရက်ဆိုတော့ တစ်ဦးချင်းရဲ့ တစ်ရက် ပျမ်းမျဝင်ငွေက ၄၅ဝကျော်လေးပေါ့။ လူတစ်ယောက်က ငွေ၄၅ဝနဲ့ တစ်နေ့စာဘာလုပ်လို့ရသလဲ။ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေမှာ စားလို့လောက်ရုံလေး (ဒါတောင်အတော်ချို့ချို့ငဲ့ငဲ့စားရမှာ) ဝတ်ဖို့ နေဖို့ဆိုတာဝေးရော။

အဲဒီတော့ poverty lineရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲက adequate standard of living ဆိုတဲ့အထဲမှာ ဘာတွေပါပြီး ဘာတွေမပါဘူးလဲ။ ထမင်းကို မသေရုံနပ်မှန်ရုံလေးစား၊ အရှက်လုံရုံဝတ်ပြီး ဇရပ်မှာခိုကပ်နေရမှာလား။ August လတုန်းက Tokyo သွားရင်း အဲဒီမှာ ကျောင်းတက်နေတဲ့ ဝမ်းကွဲညီမငယ် နဲ့ဆုံဖြစ်တယ်။ ကျောင်းအားချိန်တွေမှာ သူ part-time အလုပ်လုပ်ရတာပေါ့။ စားပွဲထိုးပေါ့ဗျာ။ တစ်နာရီ ယမ်း ၉၀၀ ရတယ်။ Tokyo ကို စရောက်တဲ့ နေ့လည်က ဟိုတယ်ကိုသူလာပြီး အနားက စျေးတန်းလေးမှာ ခေါက်ဆွဲပြုတ် လိုက်ကျွေးတယ်။ နှစ်ယောက်စာ အအေးပါသောက်ပြီး (အသားကင်လေးတစ်ခုတောင် ကျွန်တော်ယူစားလိုက်သေးတယ်) ယမ်းတစ်ထောင်လောက်ကျတယ်။ ဗိုက်ပြည့်တယ် စားလို့လည်း ကောင်းတယ်။ ပြောချင်တာက ဂျပန်မှာ အနိမ့်ဆုံးအလုပ်သမားရဲ့တစ်နာရီလစာဟာ ထမင်းတနပ် ကောင်းကောင်း စားလို့ရတယ်။ ပိုတောင်ပိုသေးတယ်။

အဲဒါနဲ့ ဆက်ပြီးတွေးနေမိတယ်။ အခုကျွန်တော့ကုမ္ပဏီက ပုံမှန် Programmer တစ်ယောက် ... တစ်လကို အခြေခံလစာ သုံးသောင်းခွဲလေးသောင်း၊ ရက်မှန်ကြေး၊ performance bonus စတာတွေပေါင်းလိုက်ရင် ငါးသောင်းခွဲ ခြောက်သောင်းပဲထားပါ။ အလုပ်လုပ်ရက်က ၂၅ရက်မှာ တစ်ရက် ရှစ်နာရီဆိုရင် တစ်နာရီကို ၃ဝဝကျပ်လောက်ရတယ်။ ရုံးနားကဆိုင်သေးသေးလေးမှာ ခပ်ပေါပေါစားရင်တောင် ဘဲဥချဉ်ရည်ဟင်း ေလောက်နဲ့ကို ငါးရာ ခြောက်ရာလောက်ရှိနေပြီ။

သက်ဆိုင်ရာက ထုတ်ပြန်တဲ့ poverty line အပေါ်မှာရှိတဲ့ တစ်ဦးချင်း ပျမ်းမျှဝင်ငွေ တစ်နှစ်ကို တစ်သိန်းခြောက်သောင်းခုနစ်ထောင်နဲ့ ဘယ်လို adequate standard of living တွေနေနိုင် စားနိုင်မယ်ဆိုတာ ကျွန်တော်တွေးကြည့်ရင်း ဉာဏ်မမီဘူးဖြစ်နေပြီ။

Thursday, November 15, 2007

Products and their benefits

နေ့လည်က လဘက်ရည်ဆိုင်ထိုင်းရင်း ကိုယ့်ရဲ့ EMBA term-paper အတွက်ဆွေးနွေးဖြစ်ကြတယ်။ အဓိကကတော့ benefit အပိုင်းပေါ့။ ပစ္စည်းတစ်ခု ဝန်ဆောင်မှုတစ်ခုကြောင့် customerက ဘာအကျိုးကျေးဇူးရသွားလဲပေါ့။ ကိုယ်လုပ်မှာက post purchase evaluation of business software application ဆိုတော့ လူတွေ ဘယ်ပစ္စည်းတွေကို ဘာလို့ဝယ်လဲ၊ ဘယ်အချိန်မှာဝယ်လဲ၊ ဘာမျှော်လင့်ပြီးဝယ်တာလဲ ...ဒါကို ဆန်းစစ်ရမယ်။ 

.

မော်တော်ကားဆိုပါတော့။ ကိုယ်ပိုင်ကားပေါ့။ သူ့ကိုဝယ်ထားရင်ဘာအကျိုးရှိမလဲ? အချိန်မကုန်ပဲ အလိုရှိရာနေရာကို သက်တောင့်သက်သာရောက်မယ်။ ဘတ်စ်ကားစီးတာ၊ လမ်းလျှောက်တာထက်တော့ မြန်မယ် လူသက်သာမယ်။ အင်း... Taxi ငှားစီးလဲရတာပဲလို့တော့ စောတက တက်စရာရှိတယ်။ တစ်ချို့အချိန် တစ်ချို့နေရာတွေမှာ ငှားရခက်တာ၊ ငှားလို့ကို မရတာမျိုးလဲရှိနိုင်သေးတယ်လေ။ အဲဒီနောက်မှာမှ ကားပုံ ဒီဇိုင်းလှတယ်၊ မောင်းလို့ကောင်းတယ်၊ ပိုမြန်တယ်၊ စက်သံမဆူညံဘူး၊ ဆီစားသက်သာတယ်... စတာတွေက feature တွေ function တွေပေါ့။ 

.

နောက်ဥပမာတစ်ခုက တယ်လီဖုန်းပေါ့။ အော်ပြောလို့မရနိုင်တဲ့နေရာကလူတွေကို ဆက်သွယ်စကားပြောနိုင်မယ်။ ဒါသူ့ရဲ့ general benefit ပေါ့။ အဲဒီနောက်မှာမှ သယ်သွားလို့ရတဲ့ mobile ဖုန်း၊ SMS ပို့လို့ရတယ်၊ လိုင်းပိုမိတယ်၊ ဒီဇိုင်းလှတယ်၊ memoryပိုများတယ် စတာတွေက functionတွေ featureတွေပေါ့။ 

.

အကျိုးကျေးဇူးကို တိုက်ရိုက် သိသိသာသာ မတွေ့ရပဲနဲ့ လူတွေငွေသုံးနေကြတာလဲရှိတယ်။ (ကျွန်တော့်အမြင်သက်သက်ပါ) ဥပမာ Anti-oxident ဆေးတွေပေါ့။ အသက်ရှည်မယ်၊ နုပျိုတယ်၊ ကင်ဆာမဖြစ်ဘူး ...ဘာညာပေါ့။ အဲဒီအကျိူးကျေးဇူးတွေကို ဘယ်တော့တွေ့ရမှာလဲ။ ဥပမာ ခေါင်းကိုက်နှာစီးနေလို့ ပါရာစီတမောဝယ်သောက်တယ်။ ဝေဒနာသက်သာသွားတယ်ပေါ့။ ခုနက ပြောတဲ့ဆေးမျိုးမှာ အဲဒီလိုတိုက်ရိုက် benefit တွေကျွန်တော်မတွေ့မိဘူး။ တစ်ချိန်ကြရင်ရမယ် ကြိုတင်ကာကွယ်မယ်ဆိုပြီး တစ်ချို့လူတွေဝယ်သောက်နေကြတာပဲ။ 

.

အဲဒိတော့ နောက်ဆုံးပြောဖြစ်ကြတာက ကွန်ပျူတာဆိုတာကြီးကရော ဘယ်လိုbenefitတွေပေးလဲ။ သာမန်လူတစ်ယောက် ရှင်းကနဲ နားလည်သွားအောင် ကျွန်တော်ပြောဖို့ခက်နေတယ်။ General Purpose Stored program digital electronic machine ဆိုတဲ့ သူ့့ရဲ့ ဘွဲ့နံမည်အရကို ပြောရမှာ အရမ်းကျယ်ပြန့်နေတယ်။ စာရိုက်လိုရရတယ်ဗျာ၊ ပုံဆွဲဗျာ၊ ရုပ်ရှင်ကြည့်မလား သီချင်းနားထောင်မလား၊ စာရင်းဇယားတွေဆွဲလို့ရတယ်ဗျာ ... အဲဒီလိုတွေလျှောက်ပြောပြန်ရင်လဲ feature တွေ functionတွေ ဖြစ်နေရော။ ကဲအဲဒီတော့ benefit ကိုဘယ်လိုပြောရမလဲ.. ကွန်ပျူတာတောင်ပြောရခက်နေရင် software ဆိုရင် ပိုဆိုးပြီပေါ့။ ဘာရယ်မဟုတ်ပါဘူး။ အားအားယားယားပြောခဲ့ကြတာလေးတွေ မေ့မသွားအောင် ရိုက်ချထားတာ။ paper ရေးရင် တစ်ခုခုထည့်ရေးရအောင်လို့ပါ။ :D
 

မေတ္တာခံယူနည်းတစ်ခု

သူတပါးကို သတ္တဝါများကို ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။ ကျွန်တော်တို့ မိသားစုတွေ ဘုရားရှိခိုးပြီးတိုင်း ရွတ်ဆိုဆုတောင်းလေ့ရှိကြပါတယ်။ စာရွက်နဲ့ရိုက်ပြီးလည်း ဓမ္မဒါန လှူတန်းဖူးပါတယ်။ ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ်ခင်ဗျား။
(၁) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့် ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည် ယခုအချိန်ကစပြီး ကျွနု်ပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၂) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၃) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စားမှု သောက်မှု ဝတ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့် ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေဝ သမိဇ္စျတု အလိုရှိအပ်သော ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။

(၄) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွနု်ပ်၏ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော ၀ိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘဝ၌ပင်လျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘဝသို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။
 

Wednesday, November 14, 2007

IT အစွမ်း

နေ့လည်ဖက်အချိန်လေးအားတုန်း EMBA term paper ရေးဖို့အတွက် ရှာဖွေပြီး download လုပ်ထားတာလေးတွေကို ဖတ်ကြည့်နေမိတယ်။ အဲဒီအထဲက Why software fails by: Robert N. Charette ဆိုတဲ့ white paper လေးရဲ့အစကပိုင်းနားက စာပိုဒ်လေးကို ကူးယူပြီး ဖော််ပြလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က software ဆိုတဲ့အပျော့ထည်လေးများကိုရေးပြီး ရောင်းချရင်း အသက်မွေးနေသူဆိုတော့ ဒီအဖြစ်အပျက်လေးက စိတ်ထဲမှာ တော်တော်ထိထိမိမိ ဖြစ်သွားတယ်။ ဘယ်တုန်းက ဘယ်မှာဖြစ်ခဲ့တယ်တော့ အသေးစိတ်မပါဘူးဗျ။ အတော့်ကို စိတ်ဝင်စားစရာပဲ။ ကွန်ပျူတာစနစ်တွေရဲ့လွဲမှားမှု၊ ချို့ယွင်းမှုတွေကြောင့် ငွေကြေး၊ အချိန်၊ လူ့အင်အားစတာတွေ ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ လေးတွေကိုလဲအဲဒီ paper ထဲမှာ ဖေါ်ပြထားသေးတယ်။

Have you heard the one about the disappearing warehouse? One day, it vanished—not from physical view, but from the watchful eyes of a well-known retailer's automated distribution system. A software glitch had somehow erased the warehouse's existence, so that goods destined for the warehouse were rerouted elsewhere, while goods at the warehouse languished. Because the company was in financial trouble and had been shuttering other warehouses to save money, the employees at the "missing" warehouse kept quiet. For three years, nothing arrived or left. Employees were still getting their paychecks, however, because a different computer system handled the payroll. When the software glitch finally came to light, the merchandise in the warehouse was sold off, and upper management told employees to say nothing about the episode. This story has been floating around the information technology industry for 20-some years.

Ref : Why software fails by: Robert N. Charette

Tuesday, November 13, 2007

statement of UN Country Team

ဘာရယ်မဟုတ်ပါဘူး။ မကြာသေးခင်က UN Country Team ကထုတ်ပြန်လိုက်တဲ့ statement ကြောင့် သက်ဆိုင်ရာအစိုးရဖက်က စန်းစန်းတင့် (sensative) ဖြစ်ပြီး ဦးစိုးသာကိုယ်တိုင် ကိန်းဂဏာန်းတွေနဲ့ တခမ်းတနား ပြန်ရှင်းခဲ့သေးတယ်လေ။ ကိုယ့်ဘာသာ ထီးဖြူဆောင်းတဲ့ မင်းကောင်းမင်းမြတ်လို့ မှတ်ထင်နေချိန်မှာ ငတ်ပြတ်နေတယ် နိမ့်ကျတယ် ဆင်းရဲတယ် အခြေအနေတွေဆိုးရွားနေတယ် ဘာညာဆိုတော့ သူတို့ကို တိုက်ရိုက်ထိခိုက်နေတာပေါ့နော်။ အရင်အပတ်က ခရီးသွားမှာနဲ့ ဘာနဲ့ အလုပ်ရှုပ်နေလို့ မကြည့်ဖြစ်ဖူး။ ဒီ statement လေးကို ဖတ်ကြည့်ချင်နေတာ ကြာပြီ။ အခုမှပဲရှာဖတ်မိတော့တယ်။ ဖတ်ချင်သူများ သွားပြီးရှာဖွေဖတ်မနေရအောင် ဒီမှာကူးယူ ဖေါ်ပြလိုက်ပါတယ်။ Poverty line ဆိုတာလေးကို စိတ်ဝင်စားနေမိတယ်။ အေးအေးဆေးဆေး ရှာဖတ်ကြည့်ဦးမယ်။

NGO အဖွဲ့တစ်ချိုု့လဲ statement ထုတ်သေးတယ်။ သူတို့ပြောတဲ့အချက်အလက်တွေကလည်း UN statement ထဲမှာပြန်ပါတယ်။ လက်မှတ်ထိုးတဲ့အဖွဲ့အစည်းတွေက -
 

Action Contre la Faim, Aide Medicale Internationale, Asian Harm Reduction Network, CESVI, Deutsche Welthungerhilfe/German Agro Action, Enfants du Monde Droits de l'Hommes, International HIV/AIDS Alliance, Malteser International, Medecins du Monde, Norwegian People's Aid, Population Services International, Save the Children, Terre des Hommes Italia

သူတို့ဒီလိုစာထုတ်လိုက်တော့ အစိုးရနဲ့ဆက်ဆံရေး မပြေမလည်ဖြစ်သွားနိုင်တယ်။ နှစ်ပြည့်လို့ MOU ပြန်ထိုးဖို့ အချိန်ကြရင် အစိုးရဖက်က ဆက်လုပ်ခွင့်မပေးရင် ဒုက္ခပဲ။ နောက်ဆုံးတော့ ပြည်သူတွေပဲနစ်နာရမှာ။ ဒီNGO တွေက အစိုးရမလုပ်နိုင်တဲ့ မလုပ်တဲ့ stector နဲ့ area တော်တော် များများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေတာမဟုတ်လား။

အသေးစိတ်နဲ့ အခြားသတင်းအချက်အလက်တွေအတွက် unic.org ကိုသွားပါ။

Statement of the United Nations Country Team in Myanmar on the Occasion of UN Day

Yangon, 24 October 2007: Today marks United Nations Day. It is a day on which we should reflect on the importance of achieving development, prosperity, peace, security and dignity for all. All people of the world deserve to have these fundamental rights and freedoms fulfilled.

In Myanmar, the peaceful demonstrations that followed the sudden hike in fuel prices on 15 August highlighted that many of these aspirations are not yet a reality for the people here. The events clearly demonstrated the everyday struggle to meet basic needs, and the urgent necessity to address the deteriorating humanitarian situation in the country. These are the same messages that the United Nations Country Team in Myanmar has been endeavouring to bring to the Government’s attention for some time.

The United Nations Country Team reiterates the calls for action made at the most senior levels of the UN system including the Secretary General, the Special Envoy of the Secretary General Professor Ibrahim Gambari, the Special Rapporteur for Human Rights, Human Rights Council resolution of 2 October, and the Security Council. The 11 October Security Council Presidential statement, reflecting the unanimous views of its members, called on the “Government of Myanmar to take all necessary measures to address the political, economic, humanitarian, and human rights issues that are the concern of its people and emphasizes that the future of Myanmar lies in the hands of all of its people.”

The UN system in Myanmar also fully supports the 18 October Joint Statement made by thirteen international non-governmental organizations currently working in Myanmar, expressing concern about the humanitarian situation in Myanmar. We echo their appeals for greater public expenditures in social sectors, an improved operating environment for international humanitarian organizations, and a significant scaling up of international assistance to address the needs of the poor.

While acknowledging the efforts made by the Government of Myanmar to build schools, clinics, hospitals and roads, the UN system in Myanmar nevertheless sees every day that in this potentially prosperous country basic human needs are not being met. Today, Myanmar’s estimated per capita GDP is less than half of that of Cambodia or Bangladesh. The average household is forced to spend almost three quarters of its budget on food. One in three children under five are suffering from malnutrition, and less than 50% of children are able to complete their primary education. It is estimated that close to seven hundred thousand people each year suffer from malaria and one hundred and thirty thousand from tuberculosis. Among those infected with HIV, an estimated sixty thousand people needing anti-retrovirals do not yet have access to this life-saving treatment.

The United Nations agencies working in Myanmar repeat their strong determination to help the country address poverty and suffering, and their underlying causes.

The concerns of the people have been clearly expressed through the recent peaceful demonstrations, and it is beholden on all to listen.

* * * * * * * * * *

Monday, November 12, 2007

ရေဒီယိုလိုင်းသစ်

မနက်ကအိပ်ယာနိုးတော့ ခြောက်နာရီခွဲပြီ။ ရွာမှာက ရန်ကုန်ထက်နည်းနည်းပိုအေးတယ်။ မျက်နှာသစ်ဖို့အောက်ဆင်းလာရင်း စတီရီယိုသီချင်းသံကြားလိုက်ရတယ်။ ရေဒီယိုကလာနေတာ။ ပဲခူးနားက ရွာလေးဆိုတော့ City FM လဲဖမ်းလို့မရဘူး။ မေးကြည့်တော့ နေပြည်တော်ကလွှင့်တဲ့သီချင်းလိုင်းသစ်တဲ့။ (နေပြည်တော်က လွှှင့်တာဟုတ်မဟုတ်တော့မသိဘူးဗျ။ ရွာသားတွေကတော့ ဒီလိုပဲလက်ခံထားတာ။) 

.

မနက်စောစော ဘီဘီစီ၊ ဗွီအိုအေ လာချိန်မှာ သူကလည်းလာနေပြီ။ လူကြီးတွေက အဲဒီလိိုင်းတွေဖမ်းကြ ကလေးတွေက ခုနကပြောတဲ့ သီချင်းလိုင်းကိုဖမ်းကြပေါ့။ ရွာမှာက လျှပ်စစ်မီးမရတော့ ဓါတ်ခဲထည့်တဲ့ ဒီလို ရေဒီယိုလေးတွေကို ပဲအဖွင့်များတယ်။ ဟိုးအရင်တုန်းကတော့ မြန်မာ့အသံတစ်ခုပဲရှိတာပေါ့။ အခုလိုင်းက လှိုင်းလတ် KHz 580 ပတ်ဝန်းကျင်ကလာတာ။ သီချင်းသုံးလေးပုဒ်လာလိုက် သတင်းလိုလို ပြောချင်တာတွေပြောလိုက်ပေါ့။ ဥပမာ ... ကုလသမ္မက ရဲ့ မြန်မာဌာနေဝန်ထမ်းတွေဟာ ဒီမှာနေထိုင်လုပ်ကိုင် နေကြတာဆိုတော့ မြန်မာပြည်ရဲ့ တိုးတက်ဖွံဖြိုးနေတာတွေကို ပိုပြီးတောင်သိသင့်ပါတယ်တဲ့။ အသားတင်ထုတ်လုပ်မှုကတော့ ဘယ်လောက် ဘယ်လောက်ပါ ... မတည်ငြိမ်တဲ့ငွေလဲလှယ်မှုနှုန်းထားနဲ့ ဆုံးဖြတ်ပြီး ကြေငြာ စာတန်းတွေထုတ်တာတော့ မှားယွင်ပါတယ်ရှင် .... ဘာညာနေကြာကွာစိပေါ့။ 

.

ရွာကအေးမြင့်အောင်တို့ ညီအမတစ်တွေကတော့ သီချင်းနားထောင်ဖို့ဖွင့်ကြတာပေါ့။ ဆေးလိပ်လိပ်ကြရင်း သီးချင်းလေးဖွင့်ထားတာပေါ့။ ရွာလေးလို တောနယ်ဖက်တွေမှာ City FM ဖမ်းမရတော့ သီချင်းလေးသုံးလေးပုဒ်ဖွင့်လိုက် ပေါ်လစီလေးတွေ သတင်းလိုလိုလေးတွေ ပြောချင်တာလေးပြောလိုက်ပေါ့။ ရွာသားတွေအတော်များများတော့ဖွင့်ကြတယ်ဗျ။ နိုင်ငံခြားရေဒီယိုလိုင်းများကို counter လုပ်ဖို့ သက်ဆိုုင်ရာကလွှင့်တယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ရွာသားတွေကတော့ သီချင်းတွေနားထောင်ရလို့ ပျော်နေကြတယ်။ နိုင်လင်းတို့ညီအကိုတွေဆို ဒီရက်ပိုင်း လယ်ထဲကတဲမှာပဲအိပ်ရတယ်။ လူငယ်ဆိုတော့ ဘီဘီစီ ဘီအိုအေလဲ အကြာကြီးနားထောင်ဖို့ စိတ်မဝင်စားတော့ အခုလိုင်းလေးဖွင့်ပြီး အချိန်ဖြုန်းကြပေါ့။ ညပိုင်းလဲလာတယ်ဗျ။ လွှင့်ချိန်အတိအကျတော့ ကျွန်တော်မသိဘူး။

ရွာသို့တစ်ခေါက်

 

 

 

 

 

 

 

 

တနင်္ဂနွေနေ့က ပဲခူးနားကရွာလေးကို တစ်ခေါက်ထပ်သွားဖြစ်တယ်။ ကထိန်အတွက် ရန်ကုန်က လူတွေလှူတဲ့ပိုက်ဆံတွေသွားပေးဖို့ရော ဘုရားကုန်းပေါ်မှာထာမဲ့ ရုပ်တုတွေရယ်ကိစ္စအတွက်ပေါ့။ ရန်ကုန်ကအထွက်က သမိုင်းလမ်းဆုံကနေ Hilux လိုင်းကားစီးသွားတာပေါ့။ ပဲခူးအဝင်ကတံတားတစ်ခုက ပြန်ဆောက်ဖို့ ဖျက်ထားတဲ့အတွက် အဲဒီနားမှာ ကားတွေ ဆိုင်ကယ်တွေ မြင်းလှည်းတွေ စက်ဘီးတွေ ရှုပ်ရှက်ခပ်နေတာပဲ။ တစ်ကြိမ်ကို တစ်ဖက်ကယာဉ်တွေကိုပဲပေးသွားတယ်။ နောက်တစ်ဖက်က လာတဲ့ယာဉ်တွေက စောင့်ပေါ့။

ပဲခူးလိုင်းကားကလဲ အရင်ကလို ရွှေမော်ဓေါဘုရားစျေးအထိမသွားပေးတော့ဘူး။ တံတားအဆင်းနားမှာ ဂိတ်ဆုံးပြီဆိုပြီးရပ်ရော။ ဒါနဲ့ သုံးဘီးဆိုင်ကယ်လေး (သူတို့အခေါ် တုတ်တုတ်)ထပ်စီးပြီး ဘုရားခြေရင်းကိုသွား အဲဒီကနေမှ ရွာကြီးဖက်ကမ်းအထိ လေးဘီးကားလေးငှားသွားတယ်။ ကိုယ်တစ်ယောက်ထဲဆိုရင် ဆိုင်ကယ်ကယ်ရီပဲစီးသွားလေ့ရှိတယ်။ အခုက အသက်ကိုးဆယ်ကျော် ဘဘ ပါနေတော့ ကားနဲ့ပဲသွားတယ်။ ဒီတစ်ခေါက်သွားတာကလဲ ဘဘကို လိုက်ပို့တာ။ သူက အသက်ကိုးဆယ်ကျော်ပြီဆိုသော်လည်း သန်တုန်းမြန်တုန်းဗျ။ တစ်ခါတစ်လေ ရွာကို တစ်ယောက်တည်းသွားတာ။ ကျွန်တော်အားရင်တော့ လိုက်ပို့ပေးပါတယ်။ ရွာကိုသွားတဲ့ ဂဝံခင်းလမ်းလေးက ခပ်ဆိုးဆိုးရယ်။ ဖုန်ကလဲထူသေး။ ခုနစ်မိုင်လောက်ရှိမယ်ဗျ။

ရွာရောက်တော့ ဦးတင်ဝင်းတို့ ဒေါ်နုရီတို့မိသားစုက ဝမ်းသာအရကြိုကြတယ်။ သူတို့က ဘုရားကိစ္စအတွက် ဘဘကို မျှော်နေကြတာ။ သူတို့သားနှစ်ယောက်ကတော့ လယ်ထဲရောက်နေလေရဲ့။ မိုးစပါးရိတ်ပြီးတော့ အခု နွေစပါးပြန်စိုက်ဖို့ပြင်ဆင်နေကြတာလေ။ နောက်တစ်နေ့ဆို မျိုးကြဲတော့မှာတဲ့။ သမီးလေး သုံးယောက်ကတော့ ထုံးစံအတိုင်း ဆေးလိပ်လိပ်နေကြတယ်။ ဒါနဲ့ သူတို့ဆီက တစ်လိပ် ယူသောက်တယ်။ ရန်ကုန်မှာက ဆေးပေါ့လိပ် သိပ်မသောက်ဖြစ်ဘူး။ ရွာကမိန်းကလေးအများစုက ဆေးလိပ်လိပ်ကြတယ်လေ။ လိပ်ခကတော့ တစ်ထောင်ကို ငွေ ရှစ်ရာကနေ တစ်ထောင်လောက်ပဲရတယ်။ ဂျိုးသိန်းတံဆိပ်တွေ။ သူတို့ညီအမသုံးယောက် သုံးရက်လိပ်ရင် အလိပ်တစ်သောင်းလောက်ရတယ်တဲ့။ လုပ်အားခက နည်းတော့နည်းတယ်။ သုံးယောက်ကို သုံးရက်မှ ရှစ်ထောင် တစ်သောင်းပဲရတယ်။

နေ့လည်ပိုင်းမှာ အလံနီဖက်က (ကွန်မြူနစ်အလံနီနေခဲ့တဲ့နေရာကို စွဲပြီးခေါ်တာလားတော့မသိ သူတို့လဲ အသေအချာမပြောနိုင်ဘူး။) ပျားရည်လာရောင်းတာနဲ့ ငါးပုလင်းဝယ်ပြီး ဒေါ်နုရီတို့ဆီက Alpine 5liter ရေသန့်ဘူးကိုတောင်းပြီး ထည့်လာတယ်။ ပျားရည်စစ်တယ်လို့တော့ထင်ရတာပဲ။ .75L လောက်ပုလင်းနဲ့ ထည့်ထားတာကို ၁ရဝဝကျပ်ပေးရတယ်။ နေနည်းနည်းအေးတော့ ဘုရားကုန်းကိုသွားကြည့်ကြတယ်။ ဆရာတော်တွေ ပုဂ္ဂိုလ်တွေရဲ့ရုပ်တုတွေကတော့ပြီးနေပြီ။

အချောသပ်ဆေးချယ်ဖို့ကျန်သေးတယ်။ အဆောင်လေးတွေ ဆောက်ဖို့ကျန်တယ်။ မနှစ်ကပဲ လုပ်ပြီးခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေက တစ်ချို့အဆူတွေမှာ ဆေးတွေ နည်းနည်းကွာပြီး အမဲကွက်လေးတွေ ဖြစ်ချင်နေပြီ။ ဒါတွေကြည့်ပြီး ဘဘရယ် ဦးတင်ဝင်းရယ်နဲ့ ဘာတွေဘာတွေ အရင်လုပ်မယ် တိုင်ပင်ကြတယ်။ ဘဘကနေခဲ့ပြီး ဆက်လုပ်နေဦးမှာ။ ကျွန်တော်က ဒီနေ့မနက် စောစောပဲပြန်လာတာ။ ရုံးအလုပ်တွေရှိသေးတယ်လေ။

ညဖက်ထမင်းစားတော့ မိန်လိုက်တာ။ ရွာရောက်တိုင်းထမင်းစားလို့ကောင်းတယ်။ ရန်ကုန်မှာထက် ပိုပြီးစားဖြစ်တယ်။ ငါးဘတ်ကို ခရမ်းချဉ်သီးနဲ့ချက်တယ်။ ပြီးတော့ ချဉ်ပေါင်ဟင်းရည်၊ ငါးပြေမကို အရည်လေးနဲ့ချက်ထားတယ်။ ငါးပိရည်နဲ့ တို့စရာက ဒညင်းသီးမီးဖုတ်။ အိုး ကောင်းမှကောင်း။ စားပြီးတော့ ရေနွေးကြမ်းလေးနဲ့ ဂျိုးသိန်းလေးဖွာလို့။

ဒီမနက်မပြန်ခင်မနက်စောစော ကလေးမတွေ လိပ်ပြီးသားဆေးလိပ်တွေကို ရေတွက် ကြိုးနဲ့စည်း စသည်ဖြင့် သွားပို့ဖို့စီစဉ်နေကြတယ်။ ဆေးလိပ်ရေတွက်ပုံကလည်းအဆန်းသား။ တစ်လိပ်ချင်းမရေဘူး။ ပုံလိုက်ပြီး လက်နဲ့လိုက်ညှိတယ် အမြင့်ကဘယ်နှစ်လိပ် အပေါ်တန်းကဘယ်နှစ်လိပ်စသည်ဖြင့် စီလိုက် ပိုတာထုတ် လိုတဲ့တစ်လိပ်နှစ်လိပ်ထည့်လိုက် ဒါဆိုငါးဆယ်တဲ့။ ကျွန်တော်က မေးတယ် နင်တို့ဟာက သေချာလို့လား ဆိုတော့ သူတို့က ကိုထွန်း ရေကြည့်လေတဲ့။ အဟုတ်ပဲငါးဆယ်အတိ။ နောက်တစ်ခေါက်သွားလို့ အားရင် ဘယ်လို ပုံပြီးရေတွက်တယ်ဆိုတာသင်ထားဦးမှ။


Saturday, November 10, 2007

ဟနွိုင်းသို့အလည်တစ်ခေါက်

တဖြေးဖြေးနိမ့်ဆင်းလာတဲ့ လေယာဉ်ပျံပေါ်ကမြင်ရတာကိုက စနစ်တကျအကွက်တကျရှိလှတဲ့ စိုက်ခင်းတွေ။ စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်နေတယ်ဆိုတာ မပြောပဲကို သိနိုင်တယ်။ လေဆိပ်ကအထွက်မှာ KADO ကလာကြိုနေတယ်။ ဗိယက်နမ် tour guide အမျိုးသမီးလေးတစ်ယောက်။ လာအိုက နှစ်ဦးကယောက်နှင့်နေပြီ။ ဖိလစ်ပိုင်ကနှစ်ယောက်လာမှာကို snack bar လေးကနေထိုင်စောင့်ကြတယ်။ လာအိုကလာတဲ့အမျိုးသမီးကြီးက ဒီကသရက်သိးဖျော်ရည်ကောင်းတယ်ဆိုတာနဲ့ တစ်ခွက်မှာသောက်တယ်။ လေဆိပ်ကထွက်တော့ ညနေငါးနာရီခွဲတော့မယ်။ 

.

မြို့အဝင် highway လမ်းကြီးကလည်းအတော်ကောင်းတယ်။ လမ်းဘယ်ညာမှာ ကြော်ငြာ billboard ကြီးတွေ တန်းစီလို့။ စိုက်ခင်းတွေကလည်း မျက်စိတစ်ဆုံးပဲ။ ပြောင်းဖူးခင်းတွေ၊ စပါးခင်တွေများတယ်။ လမ်းပေါ်မှာ မော်တော်ဆိုင်ကယ်တွေအတာ်များတာကို သတိပြုမိတယ်။ စိုက်ခင်းတွေကျော်တော့ စက်ရုံတွေ တန်းစီနေတာပဲ။ FDI (Foreign Direct Investment) အများကြီးရှိတယ်ဆိုတာ တော်တော်ပေါ်လွင်နေတယ်။ 

.

ရန်ကုန်ကအထွက်က Nov 7 မနက်၁ဝနာရီ TG နဲ့ဘန်ကောက်ကိုပေါ့။ ပြီးတော့နေ့လည် ၂နာရီမှာ Air France နဲ့ ဟနွိုင်းကိုထပ်စီးရတယ်။ ပထမဆုံးအကြိမ် Air France ကို စီးဖူးတာပဲ။ တစ်ယောက်စီအတွက် ရှေ့ထိုင်ခုံရဲ့နောက်ကျောမှာ touch screen နဲ့ ရုပ်ရှင်ကြည့်ဖို့ ပေးထားတယ်။ Die Hard 4, Transformer စသည်ဖြင့် ငါးကား ခြောက်ကားလောက်ထည့်ပေးထားတယ်။ beer သောကာ် ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းလို့ရတာပေါ့။ တိုက်ရိုက်သွားရင် နီးနီးလေးဟာကို ကွေ့ပတ်သွားလိုက်ရတယ်။ ဘန်ကောက်ကနေ ဟနွိုင်းက ၁နာရီခွဲလောက်စီးရတယ်။ 

.

KADO (Korea Agency for Digital Opportunity and Promotion) က Digital Opportunity Forum 2007 တက်ဖို့ဖိတ်လို့သွားတာပါ။ ၂၀၀၅ ဒီဇင်ဘာတုန်းက KADOရဲ့ အစီအစဉ်နဲ့ Korea, Seoul မှာ ၆ရက် eGovernment training သွားခဲ့ဖူးတယ်။ အဲဒီအဆက်အစပ်နဲ့ ပြန်ဖိတ်တာဖြစ်မယ်။ မြန်မာပြည်အတွက် ITA (IT Ambassador) အဖြစ်ပေါ့။ (အဟိ အမေ့သား မသေခင် Ambassador ဖြစ်ပြီပေါ့ ခွိ။) 

.

Hanoi Sharaton Hotel မှာထားပေးတယ်။ Forum ကလည်း အဲဒီမှာပဲ။ Nov 8 ရက်နေ့မှာလုပ်တာ။ ကမ္ဘောဒီယား၊ လာအို၊ မလေး၊ မြန်မာ၊ ဖိလစ်ပိုင်၊ထိုင်းက ကိုယ်စားလှယ်တစ်ဦးစီ နိုင်ငံနဲ့ပတ်သက်တဲ့ IT Development, eGovernment ဘာညာနေကြာကွာစိ စာတမ်းငယ်တစ်စောင်တင်ပြီး မိနစ်၂ဝလောက် presentation လုပ်ရတယ်။ အချိန်မရလို့ဘယ်မှတောင် ကောင်းကောင်းမလည်လိုက်ရပါဘူး။ Forum ပြီးတော့ Dinner မတိုင်ခင် ရတဲ့အချိန်ကလေး မြန်မြန်ကလေး ဟိုတယ်နားတစ်ဝိုက်ပဲလျှောက်သွားခဲ့ရတယ်။ ဆိုင်ကယ်တွေများပုံကတော့ တကယ်ကို လက်လန်တယ်။ ရှုပ်ပါတယ် စည်းကမ်းမရှိပါဘူးဆိုတဲ့ ကိုမောင်လှတို့ ကိုသခင်ကြီးတို့ရဲ့ မန္တလေးမြို့တောင် ဟနွိုင်းနဲ့ယှဉ်ရင် ချာတိတ်ဖြစ်သွားတယ်။ 

.

ဟွန်းသံတွေကလဲဆူညံနေတာပဲ။ ရှိသမျှလမ်းစည်းကမ်းလဲ အကုန်ဖောက်ဖျက်တယ်။ လမ်းတောင် တော်ရုံနဲ့မကူးရဲဘူး။ အတော်ကြာအောင်စောင့်ပြီးမှ ကျိတ်မှိတ်ပြီး ဇွတ်ကူးရတယ်။ တစ်ချို့အိမ်လေးတွေတကယ်လှတယ်။ (နောက်မှ ဓါတ်ပုံတင်ဦးမယ်။) ကမန်းလေးမှာလိုပဲ အဆင်ပြေသလိုကြည့်ရှောင်မောင်းနေကြတာပဲ။ လမ်းဘေးက အကြော်ဆိုင်လေးတွေ၊ ခေါက်ဆွဲသုတ်ဆိုင်လိုဟာလေးတွေ အုတ်နံရံကို မှီပြီး ခုံလေးတွေချတားတဲ့ ဆံပင်ညှပ်ဆိုင် ... တစ်ချို့နေရာတွေက ရန်ကုန်လောက်ပါပဲ။ ဒါပေမဲ့ နေရာအတော်များများမှာ ကိုယ့်နိုင်ငံထက်အများကြီးသာနေပြီဆိုတာ အထင်အရှားကြီးမြင်နေရတယ်။ 

.

စစ်ဒဏ်ကိုအလူးအလဲခံပြီး စုတ်ပြတ်သပ်ခဲ့တဲ့အနီးနားက နိုင်ငံတစ်ခုက မျက်စိရှေ့ နှစ်အနည်းငယ်အတွင်းမှာ ဘယ်လို ရုန်းထကြိုးစားသွားခဲ့တယ်ဆိုတဲ့ အရိပ်အရောင်တွေ အများကြီးမြင်ခဲ့ရတယ်။ စိတ်ဓါတ်အတော်ကျပြိးပြန်လာတာ။ ကိုယ့်ဆီက အမြင့်ကြီးကလူတွေ ..... မသေခင် ကိုယ့်နိုင်ငံကို ဒီလိုဆွဲတင်ပြီး နံမည်ကောင်းယူဖို့ သမိုင်းတွင်ကျန်ရစ်ဖို့ ဘာလို့များ စိတ်ကူးမရှိ ရည်ရွယ်ချက်မရှိကြပါလိမ့်။ အာဏာ ပါ၀ါ ချမ်းသာမှုဆိုတာ ကိုယ့်တစ်ကိုယ်အတွက်ဘယ်လောက်များ လိုအပ်ပါလိမ့်။ 

.

ကမ္ဘာမှာ ကိုယ့်အနီးအနားမှာ ဘာတွေဖြစ်နေတယ် ဘယ်လောက်ပြောင်းလဲတိုးတက်နေတာတွေကို မကြည့်ပဲ နွားခြေရာခွက်ထဲမှာပဲ ရွှေထီးဆောင်းပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်. အပေါ်က အောက်ကိုညာ အောက်ကအပေါ်ကိုညာ..ပြည်သူတွေကိုညာ ..ညာရင်းညာရင်း ကြာလာတော့ ကိုယ့်ဘာသာအမှန်လို့ထင်လာ .... 

ကိုင်း ကျွန်တော်တို့ ဘာလဲဘယ်လဲ ........

Tuesday, November 6, 2007

ခဏတာ ရီမောစရာ

Email အဟောင်းတွေပြန်ရှင်းရင်း ပြန်တွေ့လို့။ ပြန်ဖတ်ကြည့်ရင်း ခဏတာရီမောရလို့ စိတ်တွေအနည်းငယ် ပေါ့ပါးသွားတယ်။. အလုပ်များတဲ့ ခေါင်းစားရတဲ့ရက်တွေမှာ ဒီလိုရီစရာလေးတွေ ခဏဖတ်လိုက်ရတာလဲ ဘာနဲ့မှ မလဲနိုင်တဲ့ အားဆေးတစ်ခွက်ပဲဗျ။ ဖတ်ဖူးပြီးသားလဲဖြစ်နိုင်ပါတယ်။ 

MUTHU & THE INTERVIEWER

Interviewer : What is your birth date?

Muthu : 13th October

Interviewer : Which year?

Muthu : ... EVERY YEAR

MUTHU & HIS MANAGER

Manager asked to Muthu at an interview....

Can you spell a word that has more than 100 letters in it?

Muthu replied: P-O-S-T-B-O- X

MUTHU & LONDON TRIP

After returning back from a foreign trip, Muthu asked his wife, Do I look like a foreigner?

Wife : No! Why?

Muthu : In London, a lady asked me, "Are you a foreigner?".. that's why ...

Wife : SHOCKED!

MUTHU & TOURIST

One tourist from U.S.A. asked to Muthu whether any great man born in this village or not ..

and Muthu said .. "No sir, only babies were born here .. "

MUTHU & HIS EXPERIMENT

Muthu was doing experiment with cockroach.

First he cut it's one leg and told WALK. WALK. Cockroach walked.

Then he cut it's second leg and told the same.

Cockroach walked. Then cut the third leg and did the same.

At last he cut it's fourth leg and ordered it walk! But cockroach didn't walk.

Suddenly Muthu said loudly, "I found it. If we cut cockroach's four legs, it becomes deaf.

Muthu become a saint!

MUTHU & DRIVER

When Muthu was travelling with his wife in a motorised tricycle, the driver adjusted mirror.

Muthu shouted, "You are trying to see my wife ?

Sit back. I will drive.

MUTHU GOES TO HOTEL

Muthu went in a hotel.

To wash hands he went to the washbasin.

There he started washing the basin.

Seeing this, the manager asked what was he doing.

Muthu pointed towards the board "

WASH BASIN

" MUTHU & INTERVIEWER - FINAL PART

Interviewer : Just imagine your in 20th floor in a building, it caught fire and how will you escape ?

Muthu : It's simple..

I will just stop my imagination .. :)

On a political rally Muthu was arrested. Why ????????????

Because, a woman journalist walking with a badge wrote "

PRESS

" on her right chest ... and he did it !

Monday, November 5, 2007

မောင်တို့ပြည်မယ််တို့ပြည်

ဆရာမဟာဆွေရဲ့ဝတ္ထုတစ်ပုဒ်နံမည်ပါ။ စိတ်ကူးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင်လို့ခေါင်းထဲဝင်လာတာ။ ကျွန်တော်ဘာလို့ ဒီမြေ ဒီဒေသမှာ ကုတ်ကုပ်ပြီးနေနေပါသလဲ။ ဘာကိုမျှော်လင့်နေတာလဲ။ ဘာလုပ်ပြချင်တာလဲ။ သာသနာထွန်းကားပြီး အေးချမ်းတဲ့ငါတို့ပြည်.... ဒါဘယ်တုန်းကလဲ... အခုတော့ မဟုတ်တာ အတော့်ကို သေချာနေသလိုပဲ။ အဆိုးမြင်တတ်တာမဟုတ်ပေမဲ့ အခြေအနေက ကိုယ့်ကို အဲဒီလို လူတစ်ယောက်ဖြစ်အောင် တွန်းပို့နေလေသလား။ ရင်းနှီးတဲ့သူတွေ ခင်မင်တဲ့သူငယ်ချင်းတွေ ဟောတစ်ယောက် ဟောတစ်ယောက် ထွက်သွားကုန်ကြပြီ။ စွန့်ခွာသွားကြပြီ။ Who moves my cheese ထဲကလူတွေလို ဒိန်ခဲတွေ တစ်နေ့သူ့ဘာသာ ပြန်ရောက်လာမယ် ထင်ပြီး ထိုင်စောင့်နေသလိုများဖြစ်နေသလား။ 

.

ဆယ်နှစ်ရှိပြီ။ အခု Companyလေးကို ပြုစုပျိုးထောင်လာခဲ့ကြတာ။ ကိုယ်ရယ် Partner နှစ်ယောက်ရယ်။ လူလေးငါးယောက်နဲ့စခဲ့တဲ့အဖွဲ့အစည်းလေးက အခု လူခုနစ်ဆယ်ကျော်နဲ့ .... နံမည်လေးကြားရင်း သိကြတဲ့သူတွေ အသိအမှတ်ပြုကြသူတွေရှိသလောက်ရှိလာပါပြီ။ ဒီလောက်နဲ့ရော ဘာဖြစ်မှာလဲ။ ရှေ့ဆက်လှမ်းရမဲ့လမ်းက တကယ့်ကို ခယောင်းလမ်းပဲ။ ဒီနေ့ကလေးတွစုပြီး ကိုယ်တို့ကို ကန်တော့ကြတယ်လေ။ ဒါလေးအကြောင်းပြုပြီး တွေးနေမိတာပါ။ သူတို့လေးတွေကို လစာအနေနဲ့ ကိုယ်တို့က ထိုက်တန်အောင်မပေးနိုင်ဘူးလေ။ ဒီတော့ ပေးနိုင်တဲ့ ပညာရယ် အတွေ့အကြုံတွေကို ပဲ ပေးနိုင်ဖို့ ကြိုးစားနေရတယ်။ အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမှာပဲလေ။ ရင်းနှီးသူများကတော့ ဘယ် UNရဲ့ IT post ကိုလျှောက်ကြည့်ပါလား P2ဆိုတော့ တစ်လကို USD 3500 ကျော်ရမယ်။ ကြိုးစားကြည့်ပါလားပေါ့ .... တိုက်တွန်းကြရှာတယ်။ ဒုတ်ခ ကိုယ်ကပဲ ရူးသွပ်မိုက်မဲနေမိတာလား ... ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတွက်တော့ အခုထက်ထိ နောင်တမရမိပါဘူး။