Wednesday, October 8, 2008

သီတင်းကျွတ်လ

သီတင်းကျွတ်လျှင်၊ 
မိုးလွတ်လေလွတ်၊ 
တိမ်ဖြူဆွတ်နှင့်၊ 
ပြာမွတ်ကောင်းကင် 
ကြည်ကြည်လင်တည့်။
.
တိမ်ပြာအလယ်၊ 
တိမ်စွယ်အဖြူ 
ကျွန်းအငူ၌၊ 
ငြူစူမာန်ကင်း၊ 
ချမ်းမြေ့ခြင်းဖြင့် 
ယောက်ချင်းတစ်ကိုယ်၊ 
စက်ပါလို၏။ 

ငွေတာရီ

1 comment:

ဗေဒါရီ said...

ငွေတာရီရဲ့ ကဗျာလေး တင်ပေးထားတာ ကျေးဇူးတင်ပါတယ်။ သိမ်းထားဖို့ ကူးယူခွင့်ပေးပါနော်။