Friday, October 24, 2008

ပုဇွန်ထုတ်ကြီးတွေ မရှိတော့ရင် ...

ကျောင်းပြီးတတည်းက ၀ါသနာပါရာ ဒီ software development လုပ်ငန်းလေးလုပ်လို့ အသက်မွေးမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းသုံးယောက် 1998 April မှာ ဒီအဖွဲ့အစည်းလေးကို စလုပ်ဖြစ်ခဲ့တယ်။ အခုဆို ဆယ်နှစ်ကျော်ခဲ့ပြီပေါ့။

ပြည်တွင်းမှာ software ရောင်းရတာ ဘယ်လောက်လက်ပေါက်ကပ်သလဲဆိုတာ သိကြမှာပါ။ အစောပိုင်း ကာလတွေမှာ ဆော့ဖ်ဝဲဆိုတာ စက်ဝယ်ရင်တစ်ခါတည်း ထည့်ပေးတာမဟုတ်ဘူးလားလို့ စောတက တက်တာ ကြုံဖူးတယ်။ စာရင်းကိုင် ဆောဖ်ဝဲလေးဝယ်ချင်လို့တဲ့ ....စီဒီနဲ့တစ်ခါတည်းထည့်ပြီးသား တစ်ထောင့်ငါးရာကျပ် လောက်ပဲမဟုတ်ဘူးလားတဲ့ ... ကဲ ဘာပြောကြဦးမလဲ။ ကွန်ပျူတာကြီးကို ဂိမ်းကစားဖို့ ဆယ်သိန်းတန် လောက်ဝယ်ရင်ဝယ်မယ်။ ဆော့ဖ်ဝဲကို လေးငါးသိန်းပေးရတာကို တန်တယ်မထင်ကြဘူး။

ထားတော့။ ဒါပေမဲ့တဖြေးဖြေး စီးပွားရေးလုပ်ငန်းတွေအတွက် ကွန်ပျူတာဆော့ဖ်ဝဲတွေဟာ အလွန်အသုံးဝင်ပါတယ်။ တစ်ချို့ဆို မရှိမဖြစ်လောက်ကိုဖြစ်လာကြတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ ဆော့ဖ်ဝဲရဲ့ တန်ဖိုးကို လူတွေသိသလောက်သိလာတယ်။ ဆော့ဖ်ဝဲအတွက် ငွေသုံးရမယ်ဆိုတာနားလည်လာကြတယ်။

အဲ .... စင်ကာပူ ပါရာဒိုင်ကြီးစဖြစ်ရော .... (မစခင်ကတဲက ကြိုကြား ကြိုကြား အပြင်ထွက်လုပ်ကြတာလေးတွေရှိပါတယ်။) ကိုယ့်အဖွဲ့အစည်းက တကယ့်ကိုကျွမ်းကျင်တဲ့သူတွေ အားကိုးရတဲ့သူတွေ ကိုယ်ပြုစုပျိုးထောင် ခဲ့ရသူတွေ ...ပုဇွန်ထုတ်ကြီးတွေဆိုပါတော့ Export Item ဖြစ်သွားလို့ နိုင်ငံခြား ရောက်သွားရော။ ခါးဆက် ပြတ်သွားတဲ့ ပြသနာကို အတော်လေး ကျိတ်မှိတ်ခံခဲ့ရတယ်။

တော်သေးတာက ကျွန်တော်တို့ partner သုံးယောက်လုံး ပရိုဂရမ်မာဆိုတဲ့ အလုပ်ကို အောက်ခြေသိမ်း လုပ်တတ်နေခဲ့လို့ပဲ။ ပုဇွန်ထုတ်ကြီးတွေ မရှိတော့ ပုဇွန်ထုတ်ကြီးဟင်းတော့ ဘယ်ရောင်းနိုင်တော့မလဲ။ ဒီလိုပဲကြံဖန်ပြီး ကျောင်းဆင်းခါစ ပုဇွန်ဆိတ်လေးတွေကို ကျန်ခဲ့တဲ့ ပုဇွန်အလတ် နှစ်ကောင်လောက် ခြံရံလို့ အရွက်အခက်လေး ထည့်လို့ ပုဇွန်ခွက်ကြော်ပေါ့။ ပုဇွန်ဆိတ်လေးတွေကို ထောင်းပြီး ပုဇွန်ငါးဆုပ်ဟင်း ချက်ရောင်းတာပေါ့။ ဆိုင်တော့ ဘယ်ပိတ်နိုင်မလဲ။

ကိုယ်တို့အနေနဲ့ နောက်ဆုံးလက်ခံလိုက်တယ်။ ဒီလိုအစုလိုက်အပြုံလိုက် အပြင်ထွက်ကြတာကို ဘယ်လောက်လစာ မြှင့်ပေးပေး မတားနိုင်ဘူး။ ဒီတော့ ရှိတဲ့လူတွေ ကျန်ခဲ့တဲ့လူတွေနဲ့ ဘယ်လို အလုပ်ဆက်လုပ်မယ်ဆိုတဲ့ Strategy တွေ plan တွေက တော်တော်အရေးကြီးလာတယ်။ ကိုယ့်ဆီမှာအလုပ်လာလုပ်တယ်... အရင်တုန်းက လူတွေ ဆိုအနည်းဆုံး ၂နှစ် ၃နှစ်လုပ်ကြတယ်။ အခုဆို အတွေ့အကြုံရချင်လို့လာ လာလုပ်တယ်။ ၆လလောက် လုပ်ပြီးရင် စလုံးကို ထွက်ချင်နေပြီ။ အဖွဲ့အစည်းဖက်ကလည်း စလုပ်တဲ့လူလောက်ဆို နှစ်သောင်းခွဲ သုံးသောင်း လောက်အပြင်ပိုမပေးနိုင်ဘူး။ သူ့ကို ဘာမှခိုင်းလို့လဲမရသေးဘူး။ သင်ပေးရတာ တွေရှိတယ်။ စက်နဲ့ နေရာတစ်ခုပေးထားရတယ်။ နောက်ပိုင်း MIT တို့ Bizsoft တို့မှာဆို Job training ဆိုတာမျိုးလေးတွေ လုပ်လာတယ်။ လာအလုပ်လုပ်ချင်တဲ့သူကတောင် တစ်လကို ပိုက်ဆံ ငါးသောင်းပေးရတယ်။

အခု ကိုယ်စဉ်းစားနေတာရှိတယ်။ Program coding လုပ်တာလောက်ကို ဆယ်တန်းအောင်ရုံလောက် ကလေးတွေနဲ့လုပ်ဖို့။ ဒါကအဆုံးအစွန် ရည်မှန်းချက်ပေါ့။ ပရိုဂရမ်ရေးတာဟာ ပန်းရံအုတ်စီတာလောက်ကို လွယ်ရမယ်။ ဘာတွေလိုမလဲ Coding template တွေ, Code generator တွေ, reusable parts တွေ ... ဘာတွေထပ်လိုဦးမလဲ.. စဉ်းစားတုန်း ။ ဥပမာ ... Design pattern (Head first design, Gang of Four) တို့လိုပုံစံပေါ့။ ဒါပေမဲ့အဲဒါတွေကို တိုက်ရိုက်သုံးမှာတော့မဟုတ်ဘူး။ ကိုယ့်နဲ့ အဆင်ပြေမဲ့ ပုံစံတစ်ခုကို ထွင်ပြီး သုံးရမှာ။ ဒီလိုမှ လိုက်မပြောင်းနိုင်ရင် အဖွဲ့အစည်းလေးကို ပိတ်ပြီး ကိုယ်လဲ စလုံးသွားပြီး တောက်တိုမယ်ရ program လေးတွေ ရေးစားဖို့ပဲ ရှိတော့မယ်။

ဒီမှာ မရှိတော့တဲ့ ကိုယ်မတတ်နိုင်တဲ့ ပုဇွန်ထုတ်ကြီးတွေမရှိတော့လို့ အဖွဲ့အစည်းလေးရပ်လိုက်ရပါတယ်။ ငါမအောင်မြင်တာ နင်တို့နင်တို့တွေ စင်ကာပူသွားကြလို့လို့ သောက်သုံးမကျတဲ့ အကြောင်းပြချက်မျိုး မပေးလိုသောကြောင့် ဆက်လက်ရပ်တည် အလုပ်လုပ်နိုင်ဖို့ အစွမ်းကို အကြံထုတ်နေပါကြောင်း

စကားမစပ်။ ။ ဒီနှစ်ကုန် ဒီဇင်ဘာကနေ တရုတ်နှစ်သစ်ကူးလောက်ဆို ကျွန်တော့်ဆီက လက်ကျန်ပုဇွန်အလတ် ရှစ်ယောက်လောက် စလုံးထွက်ကြဦးမယ်။



16 comments:

strike said...

မည်ကဲ့သို့ ပြောရမှန်းပင် မသိတော့ပါကြောင်း။

အိမ်မက်ရှင် said...

ဟုတ်ပါ့ဗျား ... တင်စားထားတာလေးကို အတော်လေးကို သဘောကျမိပါတယ် အကို။

Anonymous said...

Hi Bro,

I worked as a programmer since 1998 in one of Myanmar Software Company ( Top and 1st Software company at that time : I hope you will know which company). 1st of all , I don't have a plan to go oversea since my childhood. But I have no choice . So I decide to go .. In myanmar, all business are going down and they don't need to use any software.. may be one book is enough for their business . So Software Industry Business also slow .

As my view..
Thanks your post..
Please share knowledge all about ICT.

Regards,
Naung Lay

Anonymous said...

Software side is like that one, here also so many ppl jump over within one year.I can give you good idea do like as contract 2yr. At that same time building up new generation also finding for bigger market like ausi n canda........Sg is not good at the moment. Don't worry so much ur 8 middle prawns will be difficult to find the job after chinese new yrs coz now economy is down.....

လင်းဒီပ said...

ကျွန်တော့် အမြင် စလုံးလည်း သိပ်မလုံးနိုင်တော့ဘူးဗျို့...
နည်းနည်း အူဂျာလည်နေတယ်...

Anonymous said...

You can turn your firm into outsourcing firm. I mean you sell your chaps and chicks on site consultants. And you can sell them if they have English language skills and technical expertise and experience. That is how Indian and Philippines software firms are doing.

မီယာ said...

ပုဇွန်ခွက်ကျော်စားချင်လိုက်တာလို့ခုနကပဲပြောနေတာ..
စလုံးမှာ trainee programmar လုပ်ခဲ့ရတဲ့ဘ၀ကို
သတိရတယ်။ အလုပ်ရှင်တွေဖက်ကမစဉ်းစားမိခဲ့ဘူး။
ဦးနှောက်စားစရာပဲ။

A Linn Nyi said...

လူလိုရင် ကုမ္ပဏီ လိပ်စာလေးသိပါရစေ။ ကျွန်မညီမလေး ကွန်ပျူတာဘွဲ့ရပြီး MIT မှာလဲ job training ဆင်းပြီးသားပါ။ MIT ကပြန်ခန့်ပေမယ့် MIT ကော တခြားအလုပ်တွေကောက bond ၃ နှစ် ချည်း ဆိုတော့ ၂နှစ်လောက်နဲ့ ခန့်မယ့်ဟာကို ရှာနေဆဲမို့ပါ။

little moon said...

thanks.... လူတွေထွက်သွားလို့ အသဲအမဲ လူတွေပြန်ခန့်ရတာကလဲ တစ်ပိုင်းပေါ့။ တကယ်အရေးကြီးတာက ကိုယ့်ရဲ့အလုပ်လုပ်ပုံ နည်းစနစ်ပေါ့။ တကယ်ကောင်းနေရင် အသစ်တွေကို အချိန်တိုအတွင်းခန့်ပြီး ကိုယ့်culture ကိုယ့်အလုပ်လုပ်ပုံ မပျက်အောင် ဘယ်လိုပဲလူတွေ ထွက်လိုက် ၀င်လိုက် ဖြစ်နေပါစေ ကိုယ့်အလုပ်လုပ်ပုံ ပျက်မသွားအောင် သာ အဓိကလို့ ထင်မိပါတယ်။

ဝင်ရောက်ဆွေးနွေးပေးကြသူများကို ကျေးဇူးအထူး တင်ရှိပါတယ်။

khin oo may said...

ဒီကိစ က ကိုယ် ခေါင်းမ မှီပါကြောင်း။

Anonymous said...

I really agree. One of our senior crazy to develop software house. :) But can't stand with only this in MM. So like others... he build training center. All profit of training gone for software develop..

JulyDream said...

ပုစွန်အလတ်တွေ ထွက်သွားရင်တော့ ပုစွန်ဘော့ချိတ်တွေပဲ ကျန်တော့မယ်။ အဲဒီ ပုစွန်လေးတွေကို ပုစွန်ထုတ်ကြီး အဆင့်ရောက်အောင် အတော် မွေးယူရအုံးမယ်။ မြန်မာပြည်မှာ ပရိုဂမ်မာ အလုပ်ကို လုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ် ကိုလပိစိကွေးရေ...

paing ye said...

well, but for those 8 people going to leave your company to come to Singapore, my advice for them is to reconsider about coming to singapore as in here, the business is going really down and it will be extremely difficult for them to get jobs. my guess will be only 2 of 8 will be able to get job if all 8 decides to come. My suggestion to both sides, will be to negotiate, if they can't secure a job in sg, to allow them to work back in your company, it will benefit both sides. regards,

Anonymous said...

if good salary, your's prawn and shrimp will not be left to you.

Anonymous said...

စင်ကာပူလည်း အခု ရွှေမြန်မာများအတွက် ထွက်ပေါက်ကောင်းတစ်ခု မဟုတ်ချင်တော့ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျမှာ အလုပ်ကလည်း နဂိုလို လျောလျောရှုရှု မရနိုင်တော့ပါ။

ksanchaung said...

ရဲဘော်တို့
မလာကြနဲ့တော့။ ဒီမှာ ရှော့တွေဖြစ်နေတယ်။ ပုဇွန်ုထုတ်မစားနိုင်တော့ဘူး။