Wednesday, October 15, 2008

Miss People 2008

ပြီးခဲ့တဲ့ စနေနေ့ (ဘွဲ့ယူတဲ့နေ့ပဲပေါ့) ညနေပိုင်းမှာ People magazine က လုပ်တဲ့ Miss People ပြိုင်ပွဲလေးကို သွားဖြစ်သေးတယ်။ ကိုခရုက ဖိတ်စာနဲ့ လက်မှတ်လေးပို့ပေးတာကြောင့်ရယ်၊ ကိုယ်ကိုယ်တိုင်က အပျင်းပြေ သွားကြည့်ချင်တာကြောင့်ရယ်နဲ့ ရောက်ဖြစ်တာ။ ဘွဲယူပြီး အိမ်ခဏပြန် ရေမိုးချိုးပြီးတော့ အလုပ်ကိစ္စလေး နည်းနည်းဖြတ်ပေးဖို့ ရုံးသွားတယ်။ သူ့ပွဲက ညနေ သုံးနာရီကစတာ။ မြို့ထဲ ဆိပ်ကမ်းသာလမ်း အောက်ဆုံး ဘလောက်က Strand Hotel မှာ။ အဲဒီကပြီးရင် MBA ဘွဲ့ယူ Dinner ဆက်သွားမှာမို့ Camera လေးယူလာတယ်။ ဒါနဲ့ ပုံလေးတွေ ဟိုရိုက် ဒီရိုက်ပေါ့၊ ဒီလိုပွဲမျိုးကို ရိုက်ဖို့ကြတော့ ကိုယ့် Camera အသေးလေးက လုံးဝကို အဆင်မပြေတာ။ အနည်းဆုံး D40 D60 လောက်နဲ့ ရိုက်ရရင် မဆိုးဘူး။ Dinner ဆက်သွားရမှာမို့ အပြီးအထိ မကြည့်လိုက်တော့ ဘယ်သူ Miss People ဖြစ်သွားလဲတောင်မသိပါဘူး။

1 comment:

Pinkgold said...

အဲဒီနေ့က အကိုရောက်လာတာလား.. လူကိုသိရင် နုတ်ဆက်လိုက်ပါတယ် အကိုရာ... ဆုရသူကို သိချင်ရင် ပင့်ဂိုလ်းဆီမှာ လာကြည့်လေ..