Monday, February 23, 2009

ပေးကားပေး၏ မရ.....

စီးပွားရေးလုပ်ငန်းတစ်ခု Business တစ်ခုဆိုတာဘာလဲ? သူ့ရဲ့ အဓိကအလုပ်ကဘာလဲ... အဲဒီလိုမေးရင်တော့ တစ်ယောက်တစ်မျိုးအဖြေတွေ တူကြမယ်မထင်ဘူး။ To make profit အမြတ်အစွန်းရရှိဖို့လို့ ဖြေတဲ့သူများမယ်ထင်တယ်။ ကိုယ်ကိုယ်တိုင်လဲ ဒီလိုဖြေခဲ့တာ။ ဆရာကြီး ပီတာဒရပ်ကာ ကတော့ အတိုဆုံး ဒီလိုပြောထားပါတယ် ... Customer တွေရရှိပြီး အဲဒီ Customer တွေကို ထိန်းသိမ်းထားနိုင်ဖို့တဲ့။ (Businesses exist to create Customer) ဆိုတော့ ကိုယ့် Organization ကလုပ်တဲ့ အလုပ်တွေမှာ အဲဒီအချက်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းနဲ့ဖြစ်စေ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ တော်တော်အရေးကြီးတယ်။ 
.
ကိုယ်က လုပ်ငန်းအောင်မြင်ဖို့ဆိုပြီး ငွေတွေ လူအင်အားတွေကို သုံးတော့သုံးပါရဲ့ တစ်ခါတစ်လေ အဲဒီလို သုံးတာဟာ Customer အသစ်ရရှိဖို့ရော ရှိပြီးသား Customer တွေကို စိတ်ကျေနပ်စေပြီး ဆက်လက်ထိန်းသိမ်းထား နိုင်ဖို့ရောမှာ ဘာမှ အကျိုးမရှိတာတွေဖြစ်တတ်လို့။ တလောက ညီလေးတစ်ယောက် သူ့သင်တန်းအသစ်တွေအတွက် ရုံးခန်းအသစ်လေးဖွင့်လို့ဆိုပြီး ဖိတ်တာနဲ့ ရောက်ခဲ့တယ်။ ပြင်ဆင်ထားတာကတော့ ရှယ်ပဲ။ ခင်းထားတာတွေက ဘယ်လ်ဂျီယံကော်ဇောတွေ။ ဒါတွေတွေ့တော့ အပေါ်ကပြောခဲ့တဲ့ Peter Drucker ရဲ့ သီအိုရီကို သတိရမိတယ်။ သူ့အလုပ်က စာသင်တာ။ Customer တွေက ကျောင်းသားတွေ။ ကျောင်းလာတက်ချိန်မှာ ဘယ်လ်ဂျီယံကော်ဇောပေါ် နင်းလျှောက် သွားရလို့ အကျိုးသိပ်မများလှတာသေချာတယ်။ အဲဒီအစား Water Cooler လေးတစ်လုံးချပေးထားတာ၊ AirCon ဖွင့်ပေးထားတာမျိုးကမှ Customer က တစ်ခုခုရသွားဦးမယ်။ 
.
နောက်တစ်ခု.... Mobile Phone တွေရောင်းတဲ့ ဆိုင်ကြီးတစ်ခု။ အထဲမှာ ပြင်ထားတာကတော့ အပျံစားပဲ။ မီးဆလိုက်တွေဘာတွေရောပါသေး။ ဒါပေမဲ့ Customer (ကိုယ့်အနေနဲ့) တကယ်စိတ်ဝင်စားတဲ့ အဓိကကျတဲ့ ဖုန်းတွေကို ကြည့်ရတာ ပြင်ဆင်ထားပုံ သိပ်မကြိုက်လှဘူး။ အခုပြင်ထားတဲ့ အဆင်အပြင်ရဲ့ တဝက်လောက်နဲ့ ဖုန်းတွေကို အဆင်ပြေပြေကြည့်နိုင်အောင် လုပ်ပေးထားရင် ဝယ်သူအတွက်အများကြီးပိုအကျိုးရှိမှာ .... သူများကိုသာလျှောက်ပြောနေတာပါ။ ကျွန်တော့်အဖွဲ့အစည်းမှာလဲ အဲဒီလို အဓိကရည်ရွယ်ချက်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးရော ဘယ်လိုမှ အကျိုးမပြုပဲ အဟောသိကံဖြစ်နေတဲ့ Expense တွေ လုပ်အားတွေ အများကြီးပဲ။ ဘာရယ်မဟုတ်ပါဘူး ကျွန်တော့် MDနဲ့ လက်ဘက်ရည်ဆိုင်မှာ စကားစမြည်ပြောရင်း ဒီအကြောင်းလေးကို ပြောဖြစ်လို့ ပြန်ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးချလိုက်တာပါ။

2 comments:

မီယာ said...

အုပ်ချုပ်သူအပေါ်မှာ အများကြီး မူတည်တယ်.. သူတို့က ပိုက်ဆံထုတ်တဲ့ သူတွေလေ။ အခုလို အမှန်ကို မြင်နိုင်တာ အဖွဲ့အစည်းအတွက် အများကြီး အကျိုးရှိပါတယ်.. အကောင်အထည် မဖော်ဖြစ် တောင်မှ အလွယ်တကူ dismiss လုပ်ပစ်တာ ထက်စာရင် တော်တယ်လို့ ပြောချင်ပါတယ်။

khin oo may said...

မှန်၏။