Monday, November 5, 2007

မောင်တို့ပြည်မယ််တို့ပြည်

ဆရာမဟာဆွေရဲ့ဝတ္ထုတစ်ပုဒ်နံမည်ပါ။ စိတ်ကူးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင်လို့ခေါင်းထဲဝင်လာတာ။ ကျွန်တော်ဘာလို့ ဒီမြေ ဒီဒေသမှာ ကုတ်ကုပ်ပြီးနေနေပါသလဲ။ ဘာကိုမျှော်လင့်နေတာလဲ။ ဘာလုပ်ပြချင်တာလဲ။ သာသနာထွန်းကားပြီး အေးချမ်းတဲ့ငါတို့ပြည်.... ဒါဘယ်တုန်းကလဲ... အခုတော့ မဟုတ်တာ အတော့်ကို သေချာနေသလိုပဲ။ အဆိုးမြင်တတ်တာမဟုတ်ပေမဲ့ အခြေအနေက ကိုယ့်ကို အဲဒီလို လူတစ်ယောက်ဖြစ်အောင် တွန်းပို့နေလေသလား။ ရင်းနှီးတဲ့သူတွေ ခင်မင်တဲ့သူငယ်ချင်းတွေ ဟောတစ်ယောက် ဟောတစ်ယောက် ထွက်သွားကုန်ကြပြီ။ စွန့်ခွာသွားကြပြီ။ Who moves my cheese ထဲကလူတွေလို ဒိန်ခဲတွေ တစ်နေ့သူ့ဘာသာ ပြန်ရောက်လာမယ် ထင်ပြီး ထိုင်စောင့်နေသလိုများဖြစ်နေသလား။ 

.

ဆယ်နှစ်ရှိပြီ။ အခု Companyလေးကို ပြုစုပျိုးထောင်လာခဲ့ကြတာ။ ကိုယ်ရယ် Partner နှစ်ယောက်ရယ်။ လူလေးငါးယောက်နဲ့စခဲ့တဲ့အဖွဲ့အစည်းလေးက အခု လူခုနစ်ဆယ်ကျော်နဲ့ .... နံမည်လေးကြားရင်း သိကြတဲ့သူတွေ အသိအမှတ်ပြုကြသူတွေရှိသလောက်ရှိလာပါပြီ။ ဒီလောက်နဲ့ရော ဘာဖြစ်မှာလဲ။ ရှေ့ဆက်လှမ်းရမဲ့လမ်းက တကယ့်ကို ခယောင်းလမ်းပဲ။ ဒီနေ့ကလေးတွစုပြီး ကိုယ်တို့ကို ကန်တော့ကြတယ်လေ။ ဒါလေးအကြောင်းပြုပြီး တွေးနေမိတာပါ။ သူတို့လေးတွေကို လစာအနေနဲ့ ကိုယ်တို့က ထိုက်တန်အောင်မပေးနိုင်ဘူးလေ။ ဒီတော့ ပေးနိုင်တဲ့ ပညာရယ် အတွေ့အကြုံတွေကို ပဲ ပေးနိုင်ဖို့ ကြိုးစားနေရတယ်။ အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမှာပဲလေ။ ရင်းနှီးသူများကတော့ ဘယ် UNရဲ့ IT post ကိုလျှောက်ကြည့်ပါလား P2ဆိုတော့ တစ်လကို USD 3500 ကျော်ရမယ်။ ကြိုးစားကြည့်ပါလားပေါ့ .... တိုက်တွန်းကြရှာတယ်။ ဒုတ်ခ ကိုယ်ကပဲ ရူးသွပ်မိုက်မဲနေမိတာလား ... ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတွက်တော့ အခုထက်ထိ နောင်တမရမိပါဘူး။

1 comment: