Thursday, November 15, 2007

မေတ္တာခံယူနည်းတစ်ခု

သူတပါးကို သတ္တဝါများကို ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။ ကျွန်တော်တို့ မိသားစုတွေ ဘုရားရှိခိုးပြီးတိုင်း ရွတ်ဆိုဆုတောင်းလေ့ရှိကြပါတယ်။ စာရွက်နဲ့ရိုက်ပြီးလည်း ဓမ္မဒါန လှူတန်းဖူးပါတယ်။ ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ်ခင်ဗျား။
(၁) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့် ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည် ယခုအချိန်ကစပြီး ကျွနု်ပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၂) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၃) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စားမှု သောက်မှု ဝတ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့် ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေဝ သမိဇ္စျတု အလိုရှိအပ်သော ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။

(၄) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွနု်ပ်၏ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော ၀ိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘဝ၌ပင်လျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘဝသို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။
 

1 comment:

Maw said...

ဆုတောင်းတာကိုတော့..မယုံကြည်ပါဘူး။
မေတာပို့တယ်ဆိုတာကတော့.. ရွတ်ဆိုမေတာပို့တာက ပို့နေတဲ့အချိန်မှာ မေတာဓာတ်ရှိတာပေါ့လေ..။ အဓိကကျတာကတော့ အဲသည် သတ၀ါတွေ အပေါ်ထားတဲ့ မေတာဓာတ်က အမြဲကိုယ့်ဆီမှာရှီနေဖို့ပဲ။ သူများပို့တဲ့မေတာကြောင့် ကိုယ့်ဆီက ရောဂါပျောက်အောင် ဆုတောင်းတာကိုလည်း သဘောမကျလှပါဘူး..။ ပထမရောဂါပျောက်အောင်၊ နောက် ကြောင့်ကြမရှိနေနိုင်အောင် နောက်ဆုံးအဆင့်ကျခါမှ နိဗာန်ကို ဆုတောင်းတာကလည်း ဘ၀တဏှာရှိကြောင်းဖော်ပြနေတာပဲ။ အဲလိုမြင်တယ်။