Monday, November 26, 2007

ထီဆိုင်က ပိုစတာတွေ

လွန်ခဲ့တဲ့တစ်ပါတ်က ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတယ်။ ရန်ကုန်မြို့တွင်းမှာ အမြင်မတော်တဲ့ Wall poster ကြီးတွေကို ပေးမတင်တော့ဘူးတဲ့။ ဒါလေးနဲ့ဆက်စပ်ရင်း ပြောချင်တာလေးတစ်ခု ပေါ်လာလို့ပါ။ မြို့ထဲတွေ လူစည်ကားရာလမ်းဆုံလမ်းခွတွေမှာ ထီဆိုင်ကြီးတွေတွေ့မှာပေါ့။ အခုနောက်ပိုင်းမှာ သတိထားမိတာက ထီဆိုင်ရှေ့မှာ အမျိုးသမီး model ပုံတွေကို ချိတ်ထား၊ ထောင်ထားတာတွေကိုပါပဲ။ ပုံတွေကတော့ ရှယ်ပဲ။ အမျိုးသမီးကလေးများ သူတို့ရှိတာလေးတွေကို ပရိသတ် မမြင် မြင်အောင် မထင်ရှား ထင်ရှားအောင် ရှယ်အနေအထားမျိုးတွေနဲ့ ကိုယ်ဟန်ပြထားတဲ့ ပုံတွေ။

သူတို့မိသားစုတွေ မိဘမောင်ဘွားတွေ ထီလားထိုးရင် ကြည့်ရဲပါ့မလားတောင်မသိဘူး။ ဆိုင်ကတော့ ဘာစိတ်ကူးနဲ့ ပြထားတယ်မသိ၊ ကိုယ်ကတော့ လျှောက်တွေးနေမိတယ်။ ပုံတွေကတော့ အမျိုးသား ပရိသတ်ကို ရည်ရွယ်တာပဲ။ ထီပေါက်ရင် ဒါမျိုးလေးတွေရမှာလား။ ဒါမှမဟုတ် ဒါမျိုးလေးတွေကို စိတ်ကူးပြီး ထီထိုးရမှာလား။ ပူရိသ ယောက်ျားများ ဒီပုံလေးတွေကြည့်ပြီး ထိုးချင်စိတ်တွေတော့ ပေါ်လာမှာလား ...

သေချာတာက ဒီလိုပုံတွေချိတ်ဆွဲတဲ့အတွက် ခွင့်ပြုချက် ဆင်ဆာယူရပုံမပေါ်ဘူး။ ဟိုးအရင်တုန်းက ရှားရှားပါးပါး အရက်ဆိုင် ဘီယာဆိုင်မှာ ချိတ်ထားတဲ့ ခပ်ဟော့ဟော့ အရက်ဘီယာ ကြော်ငြာမျိုး တစ်ခုနှစ်ခုသာ တွေ့ဖူးတာဗျ။ အခုနောက်ပိုင်းထီဆိုင်တွေ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင် မင်းသမီးတွေ မော်ဒယ်လေးတွေရဲ့ ပုံတွေကို ပြလာကြတယ်။ (ရှယ် posငtion တွေနဲ့ သရုပ်ပြထားတာ ... ဂလု) မိတ်ဆွေ ... မြို့ထဲသွားရင်းလာရင်း ထီဆိုင်တွေတွေ့ရင် ကျွန်တော်ပြောတဲ့ ပုံလေးတွေကို သတိထား ကြည့်လိုက်ကြပါဗျာ။ ထိုးချင်စိတ်များ ပေါ်လာကြသလားလို့ .... :P
 

1 comment:

JulyDream said...

ထိုးချင်စိတ်... အင်း ...ထိုးချင်စိတ် ပေါ်ပါတယ် ခင်ဗျ။ တကယ်ပါ။ ထီကို ပြောတာပါ။ ကိုလပိစိကွေးက ဘာထိုးချင် တာကို ဆိုလိုနေမှန်း မသိဘူးလေ။ အဟဲ။

ထီထိုးလို့ ပေါက်ရင် အဲဒီလို မိန်းမ ချောချောလေးတွေ ရ.. မရတော့ မသိဘူး ခင်ဗျ။ စိတ်ဝင်စားရာ လုပ်ချင်တာ တွေတော့ လုပ်နိုင်လာမယ် ထင်လို့ပါ။