Monday, October 6, 2008

ထွန်းလင်းထွန်း ၂လ ပြည့်ပြီ

ဒီနေ့ 6-Oct-08 မှာ သားလေး ၂လတိတိပြည့်ပြီ။ SSC ဆေးရုံက ၂လပြည့်ရင် မွေးစာရင်းလာထုတ်ပါတဲ့။ သွားထုတ်ရဦးမယ်။ သားလေးကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုပဲ ဝမ်းသာနေရတယ်။ တစ်ခုပဲရှိတယ် ဒီရက်ပိုင်းရာသီဥတုက ပူလွန်းတော့ သူနေရထိုင်ရာ ခက်ပုံရတယ်။ Aircon ကလည်း ပူတဲ့အချိန်တွေမှာ မီးအားက အဝင် 135 140V လောက်ပဲရှိတော့ Regulator ခံသုံးတာတောင် မနိုင်ဘူး။ 
.
ဒီမနက် Sony Cybershot Camera ရဲ့ Smiling shutter နဲ့ စမ်းရိုက်ကြည့်ထားတာ။ အရင်က phone handset က camera လေးနဲ့ပဲ ရိုက်နေတာဆိုတော့ ပုံတွေ သိပ်မကောင်းဘူး။ ဒီ Camrea လေးကလည်း သားသားကို ရိုက်ပေးဖို့ ဝယ်လိုက်တာ။ DSC W-130တဲ့ 8.1 mega pixel ရတယ်။ 4x optical zoom. Memory 2GB ထည့်ပြီးသားကို ၃သိန်းနီးပါးလောက်ပေးရတယ်။ အပျော်တန်းရိုက်ဖို့ပဲဆိုတော့ သုံးလို့ကောင်းပါတယ်။ သားလေးက ရယ်တတ် ပြုံးတတ်လာပြီ။ သူ့ဘေးမှာ စကားတွေပြော ပြုံးပြ ရယ်ပြရင် သူကလဲ ဝူးဝူးဝါးဝါး နဲ့ပြန်ပြောရင်း ပြုံးလို့ ရယ်လို့။
.

9 comments:

ကိုရင်နော်ခင်လေးငယ် said...

သားလေး ထွန်းလင်းထွန်း ကျန်းမာချမ်းသာလို့ ပညာတတ်ကြီးဖြစ်ပါစေ.. ချစ်သော ဖေဖေမေမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ.. :)

little moon said...

ဆုမွန်ကောင်းတောင်းပေးတာ ကျေးဇူးပါဗျား .... :D

Moe Cho Thinn said...

သားလေးတောင် ၂လ ပြည့်ပြီပဲ။ အတော် ရွှင်တဲ့ ကလေးလေးပဲ။ ဓာတ်ပုံထဲမှာ ရီနေလိုက်တာ ချစ်စရာလေးနော်။
သားသား ထွန်းလင်းထွန်း အတွက် မိဘက မျှော်မှန်း ရည်စူးထားတဲ့ လိုအင်ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပြီး အနာဂတ်ရဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ် တူလေးရေ။

TKLinn said...

ချစ်စရာလေး။ အပြင်မှာ ချီကြည့်ချင်သေးတာ။

Anonymous said...

သားသားလေးက မျက်စိရှေ့တင် နှစ်လပြည့်သွားပြီ။ ချစ်စရာကောင်းတဲ့ ကလေးလေး ကျန်းမာပျော်ရွှင်ပါစေကွယ်

khin oo may said...

စဉ်းစားဥာဏ်ရှိ့ပုံပေါ်တယ်။

JulyDream said...

ဝကစ်နေတာပဲ။ ပါးကြီးလည်း ဖောင်းလို့။ အတော်ကို ပြုံးတတ်နေပြီပဲ။

ငစနေ said...

ခ်စ္စရာႀကီးဗ်။ ကိုထွန်းနဲ့ တစ်ပုံစံတည်းပဲ။ Just like cut in the same mole.

:P said...

ဒီကလေးကိုမေ့မှာမဟုတ်တော့ဘူးးးးး
ကျမအဖေက ဦးထွန်းလင်း...
သူက ထွန်းလင်းထွန်း...တော်တော်ချစ်ဖို့ကောင်းတယ်