Thursday, October 30, 2008

မိုးအေးအေးမှာ ကွေးကြမယ်

အခုတလောမှာ ရာသီဥတုက ပူလောင်အိုက်စပ်နေပြီး Aircon ဖွင့်မယ်ဆိုတော့လဲ မီးအားက 120 130V လောက်ပဲအဝင်ရှိနေတော့ မီးအားမြှင့်စက်ကလဲမနိုင်။ တိုက်ခန်းကလဲ အပေါ်ဆုံးထပ်ဖြစ်ရတဲ့အထဲ ညာဖက်တိုက်နံရံကို ကျနေတိုက်ရိုက်ထိုးတော့ ညနေပိုင်းနေဝင်ပြီးရင်တောင် အိမ်ခန်းထဲမှာ အပူငွေ့တွေက လှောင်လို့ .. သားလေးက ပူရင်နဲနဲမှမနေ.. ချွေးတွေတလုံးလုံးနဲ့ မျက်နှာလေးကနွမ်းလို့။ 
.
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က မုန်တိုင်းရှိလို့လားမသိ... မိုးတွေ သဲကြီးမဲကြီးရွာပြီး ရာသီဥတုက အတော်လေးကို အေးနေတယ်။ ဒါနဲ့သူ့ကို ရာသီဥတုအပြောင်းအလဲမှာ ဖျားသွားမှာစိုးတာနဲ့ နွေးနွေးထွေးထွေးလေး ဝတ်ပေးထားရတယ်။ အဲဒီလို မိုးအေးအေးမှာ သားလေးကတော့ ဇိမ်နဲ့ကို အိပ်တော့တာပဲ။ တင်ထားတဲ့ပုံလေးက သူအိပ်ယာက ပြန်နိုးစအချိန်လေး။ မနက်ဖက် မိုးအေးအေးမှာ သားလေး ဇိမ်နဲ့အိပ်နေတာမြင်တော့ ကိုယ်တောင် ရုံးလစ်ပြီး အိပ်ယာထဲဝင် စောင်လေးခြုံလို့ ပြန်ကွေးချိန်စိတ်တွေပေါ်လာမိသေး :D

2 comments:

ဗေဒါရီ said...

သားလေးက ချစ်စရာလေးပဲ ...
ကျွန်မကတော့ ကလေးလေးတွေ နှစ်နှစ်ခြိုက် အိပ်နေတာကြည့်ပြီး တခါတလေတော့ မနာလို ဖြစ်မိသား။ ကိုယ်က အဲဒီလို အိပ်ချင်တိုင်း စိတ်ရှိ လက်ရှိ မအိပ်ရဘူးမို့လား။

သားလေးပုံကိုကြည့်ပြီး ... အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို ပြန်တမ်းတမိပါရဲ့ ... ။

ksanchaung said...

ဟေ့ကောင်။ ကလေးကို ဘေးထားပြီး မဟုတ်တာတွေလုပ်မယ် မကြံနဲ့။