Wednesday, June 25, 2008
နောနော်ရဲ့ မျဉ်း
ရှေ့ဆက်နှစ်ပါးသွားကြဖို့တော့..... အိုးနိုး မဖြစ်နိုင် ....... ငါနဲ့မင်းနဲ့ အိုမျဉ်းနှစ်ကြောင်းလို ဆုံဆည်းဖို့ရာမရှိ ......
လွန်ခဲ့တဲ့ တစ်လလောက်ကပေါ့။ ညခုနစ်နာရီလောက် တိုက်အောက်ဖက် လမ်းမပေါ်က သီချင်းသံလေး ပြန့်လွင့် တက်လာတယ်။ နောက်ခံ စည်းချက်လိုက်နေတဲ့ ၀ါးဆစ်ပိတ်ခေါက်သံလေးနဲ့တွဲရက်ပေါ့။ ဆိုနေကြတာက သူတောင်းစား သားအမိလေးတွေ။ ဘာရယ်မဟုတ် သီချင်းလေးကို တစ်ပိုင်းတစ်စ တစ်ခါကြားတာနဲ့ တော်တော်လေးကို နှစ်သက်သွားမိတယ်။ ဒါပေမဲ့ ဘယ်သူဆိုမှန်း ဘာသီချင်းမှန်းမသိဘူး။ အသက်လေး ရလာတော့ နောက်ထွက်တဲ့ သီချင်းအသစ်တွေ အကုန်မသိတော့ဘူး။ သူ့အရင်တစ်ပုဒ်ကိုတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ တောဂေါ်လီ သီချင်းမှန်း မှတ်မိလိုက်တယ်၊ ဒါတောင် သင်္ကြန်မှာ တော်တော်နံမည်ကြီးသွားလို့ သူများ ပြောလို့ သိထားတာ။
ထားတော့။ နောက်ရက်တွေမှာလဲ အဲဒီသီချင်းနံမည်နဲ့ ဆိုတဲ့သူကို သိချင်ပေမဲ့ မသိခဲ့ဘူး။ ရုံးက ကလေးတွေ ဖွင့်တဲ့သီချင်းတွေမှာလဲမပါဘူး။ တစ်ပိုင်းတစ်ကြားခဲ့တာကို ဆိုပြပြီးလဲမပေးချင်။ ဒါနဲ့ပဲ မကြာသေးခင်က ညနေတစ်ခုမှာ အိမ်နားကဘီယာဆိုင် ထိုင်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသီချင်း VCD ကို သူတို့ဖွင့်နေတယ်။ ဒါနဲ့ စားပွဲထိုးကောင်လေးကို ခေါ်မေးရတယ်။ သူက.. နောနော်လေ အကိုကြီးရဲ့တဲ့။ ကိုယ်ကလည်း သိမှမသိတာ။ သီချင်းနံမည်က မျဉ်း ဆိုတာမှတ်ထားလိုက်တယ်။
ဘော်ဒါကြီးကိုဇော်မိုးနဲ့ သီချင်းသွားဆိုကြတုန်းကတောင် မဆိုတတ် ဆိုတတ်နဲ့ သူ့ကို ဆိုပြလိုက်သေးတယ်။ သူကတောင် ခေတ်သီချင်းသစ်တွေ သိတယ်ဆိုပြီး တအံတသြနဲ့ .. :D အခုတော့ လမ်းဘေးက သုံးခွေ တစ်ထောင်နဲ့ VCD ဝယ်တဲ့အထဲမှာ အဲဒီအခွေပါဝယ်ခဲ့တယ်။ (pirate အားပေးတာ ဘိုင်ပြတ်နေလို့ပါဗျာ) အိမ်မှာ အပျင်းပြေ ဟဲရအောင်ပေါ့။ ကျွန်တော်ဆိုတာက ဟိုသူတောင်းစားသားအမိ ဆိုသလောက်တောင် ကောင်းပါ့မလားမသိ :P
Subscribe to:
Post Comments (Atom)
No comments:
Post a Comment