
Ana တစ်ယောက် မနစ်က ဒီပြိုင်ပွဲမှာ Henin ကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။ ဒီနှစ်လဲ ဗိုလ်လုပွဲကို ထပ်မံ ရောက်ရှိ လာပြန်ပါပြီ။
ဗိုလ်လုပွဲမှာ Ana နဲ့ ယှဉ်ပြိုင်ရမှာကတော့ ရုရှားက Dinara Safina ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၄ပါ။ လက်ရှိ ပြင်သစ် အိုးပင်းပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်မှာ top 10 player သုံးယောက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာသူမို့ လျှော့တွက်လို့ မရပါဘူး။ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘူးလို့ဆိုထားပါတယ်။ Ana နဲ့ Safina တို့ လွန်ခဲ့တဲ့ ၃နှစ်က Berlin Open ပြိုင်ပွဲမှာ ရွှ့ံစေးမြေကစားကွင်းမှာ ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ Safina က နိုင်ခဲ့ပါတယ်။ အခုအခြေအနေကတော့ လွန်ခဲ့တဲ့သုံးနှစ်က အခြေအနေမျိုး မဟုတ်တော့ပါဘူး။
တကယ်လို့ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရခဲ့မယ်ဆိုရင်တော့ Ana တစ်ယောက် ကမ္ဘာ့ အဆင့်-၁ နေရာမှာ ဆက်လက်နေနိုင်ဖို့ အခွင့်ကောင်းပါပဲ။ Grand Slam winner က အမှတ် 1000 ရပါတယ်။ လက်ရှိမှာ Sharapova က4116 မှတ် နဲ့ Ana က 3922 မှတ်။ ဗိုလ်လုပွဲမှာ Anna နိုင်ခဲ့ရင် သူက 4922 မှတ်ရရှိမှာ ဖြစ်ပြီး ဒုတိယပဲ ရခဲ့ရင်တော့ အမှတ် 700ပဲရလို့ 4622မှတ် ရရှိပါမယ်။ Sharapova က quarter final အထိရောက်လို့ အမှတ် 250 ရရှိပြီး 4366 မှတ်မှာပဲရှိနေမှာပါ။
ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲက ဒီည မြန်မာစံတော်ချိန် ၉နာရီခွဲလောက် ကစားမှာပါ။
Ana တစ်ယောက်အနိုင်ရပါစေလို့ ဆုတောင်းရင်း ...
No comments:
Post a Comment