Thursday, June 19, 2008

Oğuzhan Özyakup to Arsenal


အာဆင်နယ်အသင်းက Holland နိုင်ငံ AZ Alkmaar အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး Oğuzhan Özyakup Oğuzhan Özyakup ခေါ်ယူလိုက် ပြန်ပါပြီ။

။ သူက အခုလက်ရှိမှာ အသက် ၁၅နှစ်ပဲ ရှိပါသေးတယ်။ ဟော်လန်နိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ မိဘ တွေကတော့ တူရကီအနွယ်ဖွားတွေပါ။ လက်ရှိ ဟော်လန် (၁ရ)နှစ်အောက် လူငယ် လက်ရွေးစင်အသင်းမှာ အရွေးခံ ထားရသူပါ။ သူဟာ central midfielder အဖြစ် အပြောင်မြောက်ဆုံး ကစားနိုင်ပြီး တောင်ပံ နေရာတွေမှာလည်း ဝင်ကစားနိုင်ပါတယ်။

အာဆင်နယ်ကသူ့ကို ၂နှစ် scholarship contract နဲ့ ပြီးရင်နောက်ထပ် professional contract ၃နှစ်ဆိုပြီး စာချုပ်ချုပ် ခေါ်ယူလိုက်တာပါ။ ဟော်လန်နိုင်ငံက ကလပ်အသင်းတွေ အနေနဲ့ လူငယ်ကစားသမားများကို အသက် ၁ရနှစ် မပြည့်သေးရင် professional စာချုပ်ချုပ်ဆိုခွင့်မရှိပါဘူး။ ဒီအချက်ကို အခွင့်ကောင်းယူပြီး အာဆင်နယ်က လက်ဦးမှုယူကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Özyakup အနေနဲ့ ဒီနွေရာသီမှာ ကလပ်အသင်းအသစ်က ကစားဖော်များနဲ့အတူ London ကိုလာပြီး training ဆင်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူအသက် ၁၆နှစ်ပြည့်တဲ့ September 2008 ကြမှာသာ အာဆင်နယ်ကို တရားဝင်ကစားသမား အနေနဲ့ လာရောက်ကစားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အာဆင်နယ် လူငယ် အသင်းမှာပဲ ကစားစေဦးမယ်လို့ထင်ပါတယ်။

အနာဂါတ်မှာ အားထားရမဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ကို အချိန်ယူပြီး ပျိုးထောင်မယ့်သဘောပါ။ အာဆင်နယ် အနေနဲ့ နံမည်ကြီး ကစားသမားတွေကို စျေးကြီးပေး ဝယ်ယူတာထက် ဘယ်သူမှ သတိမထားမိ သေးတဲ့ လူငယ်ခြေတက် ပါရမီရှင်လေးတွေကို လိုက်ရှာ စျေးနည်းနည်းနဲ့ခေါ်ယူပြီး အသင်းမှာ အသုံးဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ လမ်းစဉ်ကိုပဲ ဆက်လက် ကျင့်သုံးမဲ့ပုံပါပဲ။

No comments: