Friday, June 13, 2008

One_Missed_Call Virus

One_Missed_Call Virus =========================================================================== This is a worm from Myanmar Student. Not from SG, made at Yangon. Myanmar has many Hackers and Programmers. That is example number two. Happy birthday is my first virus. Have a nice day admin. =========================================================================== (C) 26 MARCH 2008, by O.X အဲဒီ virus ဝင်ပြီးတဲ့စက်မှာ အထက်က စာသားတွေပါတဲ့ text file လေးတစ်ခုကျန်ခဲ့တယ်။ ကျွန်တော်တွေ့လိုက်တဲ့ စက်မှာတော့ One_Missed_Call_#9.txt ဆိုတဲ့ နံမည်နဲ့ဗျ။ သူက svchost.exe ဆိုတဲ့ file နဲ့ virus ကိုတင်ပုံရတယ်။ အဲဒီ file ကို system32 အောက်က restore အောက်ထဲမှာသွားသိမ်းထားတယ်။ မသိရင်တော့ system file လိုလိုဘာလိိုလိုပေါ့။

သူ trigger လုပ်ပုံက blood window ဆိုပြီး screen က အနီရောင်တွေ ဖြစ်သွားပြီးချိန််မှာ task manager တို့ folder option တို့ မရတော့ဘူး။ လောလောဆယ်အထိ Anti-Virus program တွေ မသိသေးဘူး။ Text file လေးမှာပါတဲ့ စာသားတွေကို ဖတ်ပြီး တော်တော်စိတ်လေသွားတယ်။ သူများတွေ အလုပ်ပျက် အကိုင်ပျက် ဆုံးရှုံးမှုတွေပေါ်အောင်လုပ်ရတာကို ရန်ကုန်က မြန်မာ programmer ကွ ဆိုပြီး တလွဲဆံပင်ကောင်း ဂုဏ်ယူနေပုံရတယ်။ Happy birthday virus တုန်းကလည်း လုပ်ငန်းတွေ ကွန်ပျူတာသုံးသူတွေ Windows တွေပျက်စီးသွားတို့ တော်တော် ဒုက္ခရောက်ခဲ့ကြတာကို ပြန်သတိရမိသေးတယ်။ အားကျချင်ရင် စံထားချင်ရင် computer professional တွေ programmer တွေအများကြီးပါ။

Google ရေးခဲ့တဲ့လူတွေ၊ YouTube ကို ဖန်တီးသူတွေ ... လူသားတွေအကျိုးရှိအောင် တိုးတက်အောင် ဆောင်ရွက်မှုတွေကို ဂုဏ်ယူကြစမ်းပါ စံထားကြစမ်းပါ အားကျကြစမ်းပါ။ Worm program လောက်လေးရေးပြီး လူတွေ ဒုက္ခရောက်နေတာကို ဂုဏ်ယူနေရင်တော့ အဲဒီလိုလူမျိုးကို Myanmar computer professionals, programmer အသိုင်းအဝိုင်းက ပယ်ထုတ်ပြီး ဖြစ်နိုင်ရင် အရေးတောင် ယူသင့်တယ်။ ဇကောလောက်မှ စောက်မနက်တဲ့ အကောင်။

4 comments:

Welcome said...

အတွေးအခေါ်မှားနေတာတွေ ပြုပြင်ဖို့ ထက်
တစ်ကိုယ်ကောင်းဆန်ဆန် လုပ်ရပ်တွေကို
တလွဲဆံပင်ကောင်း ဂုဏ်ယူနေကြတာကြောင့်
ဒုက္ခရောက်သူတွေမနည်းပါဘူး။
တိုးတက်တာမဟုတ်ပါဘူး ဆုတ်ယုတ်တယ်လို့ မြင်မိပါတယ်။

အရုဏျဦး said...

အိမ်ကစက်နဲ့ အင်တာနက်ဆိုင်တော်တော်များများမှာ အဲ့ဒီ ဗိုင်းရပ်စ် တက်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီလို အနီရောင်ကြီးတွေ ပေါ်လာတာမျိုးတော့ မဖြစ်ဘူး။ စက်က မတရားလေးနေတာလေးပဲ ဖြစ်တယ်။ CPU Usage ကြည့်လိုက်ရင် အမြဲတမ်း 100% ပြနေတယ်။ အစကတော့ မသိပါဘူး။ နောက်တော့မှ မသင်္ကာလို့ msconfig မှာ သွားကြည့်ပြီး autorun list မှာ ဘာရှိလဲသွားကြည့်တော့မှ တွေ့တယ်။ ပြီးတော့ တစ်ခါတည်း manually delete လုပ်လိုက်တာပျက်သွားတယ်။ Folder Options တွေ ပျောက်သွားတာတော့ ဟုတ်တယ်။ အဲ့ဒါ အင်တာနက်မှာ လိုက်ရှာပြီး မနည်းပြန်ဖော်လိုက်ရတယ်။

ZettaiBaka said...

ရှိပြီးသား ဗိုင်းရပ်(စ်)ပေါက်စကိုယူပြီး သူ့ဖာသာသူ ပြင်ထားတာနေပါလိမ့်မယ်... စောက်ရူး။

ZettaiBaka said...

http://www.mediafire.com/?nleoz9xjdne

အဲဒီ့ကနေပြီးတော့ ဒီ virus ကို download လုပ်ကြည့်ပါတယ်။

လုပ်လိုက်တာနဲ့ ကျနော့ရဲ့ AVG 8.0 Free Edition ဟာ ချက်ချင်းသတ်လိုက်ပါတယ်။ ပေါ်လာတဲ့ warning အရ ဒီကောင်က သူများရေးပြီးသား trojan ကို သူ့နာမည်တပ်ပြီးလိုက်ဖြန့်နေတာပဲ။

စောက်ပေါ။ စောက်ပေါမှ စောက်ပေါအစစ်။