Monday, August 11, 2008

မီးချောင်းတွေအောက်မှာ

မနေ့နေ့လည်က ကလေး အထူးကု ဆရာဝန် လာကြည့်ပြီး အသားနည်းနည်း ၀ါနေလို့မီးပြရမယ်တဲ့။ ဒါနဲ့ ညနေ ၄နာရီလောက်မှာစပြဖြစ်တယ်။ ကိုယ့်အခန်း ထဲမှာပဲ။ ကိုယ် တုံးလုံး ချွတ်ပြီး မျက်စိအကာလေး စီးပြီး မီးချောင်းတွေ အောက် ထည့်ထား ရတာပေါ့။ ကျေးဇူးရှင်လေးက ကြိုက်တော်မမူ ဘူးဗျ။



တောက်လျောက်ကို အော်ငို တော့တာပဲ။ ကလေးအမေကလဲ သူ့သားလေး ငိုနေတော့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။ ဒါတောင် နို့ဝအောင် တိုက်ပြီးမှ မီးချောင်းအောက် ကိုထည့်တာ။ဒီကောင်လေးက အတော့်ကို အစားကြီးသည်။ အထိုက်အလျောက် ထွက်နေတဲ့ အမေနို့ကို စို့တဲ့အပြင် နို့မှုန့်ဗူး ဖျော်တိုက် တာလဲ တစ်ခါသောက်ရင် 30cc ကုန်တယ်။

၂နာရီကို တစ်ခါလောက် ဆာလို့ အော်တယ်။ ဆာတိုင်း အမေနို့စို့ပြီးရင် နို့မှုန့်နဲ့ဖျော်ထားတာ မတိုက်မချင်း ဝက်ဝက်ကွဲအောင် အော်ငိုပါလေရော။ ဒါတောင် နို့ဗူးနဲ့ မတိုက်သေးဘူး။ ဇွန်းသေးသေးနဲ့ ခပ်တိုက်တာ။ မနေ့ညကလည်း မီးချောင်းတွေအောက်မှာ အော်ငိုလိုက် မောရင်အိပ်သွားလိုက် နို့သောက်လိုက်နဲ့။ လူကြီးတွေ လဲ မအိပ်ရ။ ဒီနေ့ညနေ ၄နာရီအထိ ထားရမှာ။ မနေ့ညက OG အန်တီလာကြည့်တော့ အမေကတော့ ဒီညနေ ချုပ်ရိုးဖြေပြီးရင် ဆင်းလို့ရပြီတဲ့။ ဒါပေမဲ့ ဒီညနေ ကလေးဆရာဝန်က ဘာပြောဦးမလဲဆိုတာ စောင့်ကြည့် ရဦးမှာပေါ့။

3 comments:

မြရွက်ဝေ said...

သားလေးငိုနေတာ သနားစရာ။ ဆေးရုံတွေကလည်း ဘယ်လိုပိုးသတ်သတ် အသားဝါက ကူးနေကြတာဘဲ။

Anonymous said...

Ko Gyi Yae, Thar lay ga chit sa yar lay. a may tu lay naw hee hee.... peace naw. sat soe kyae.
Ma MYW yea, kalay a thar war dar infants twae yae liver ga develop kaung kaung ma phyit thay low par. Sa yar lote tar ma hote par bu naw. infectious hepatitis htin kya mar so low par. Burglish go lae thee khan pay kya par low.

Soe Mya Nandar Thet Lwin (Borros Roxo) said...

Soooooo Cute!! Best of luck..

SMNTL