Thursday, August 14, 2008

(၈)ဌာန

ခုနက ပြောခဲ့တဲ့ (၁၀)ဌာနက ၉ နဲ့ ၁၀ ကို နောက်တစ်ဆင့် အသေးစိတ်လိုက်တဲ့သဘောပါ။ ဆယ်ဌာနလိုတော့ နေ့စဉ်အိမ်မှာအမြဲလှူတန်းဆက်ကပ်ဖို့ထက် ခါကြီးရက်ကြီး၊ မွေးနေ့၊ မင်္ဂလာရက်၊ အိမ်တက် စတဲ့အချိန်တွေမှာ ပင့်ဖိတ်လှူတန်းတာများပါတယ်။

လှူတန်းပုံနှစ်မျိုးရှိပါတယ်။
- ယင်းပုဂ္ဂိုလ်များ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ရင် လှူတန်း ပေးခြင်း။ (သူတို့ စားသုံးရန် လှူတန်းခြင်းမျိုးမဟုတ်။ သူတို့က ဘုရားကို လှူရန် ပေးလှူခြင်းဖြစ်ပါတယ်။)

- ယင်းပုဂ္ဂိုလ်များကို တိုက်ရိုက် ဧည့်ခံလှူတန်းခြင်း
 

ရှစ်ဌာနပုဂ္ဂိုလ်များ
(၁) အလုံးစုံသော ရဟန်းဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥပမာ ဘားမဲ့၊ ယက္ကန်းစင်တောင်၊ ရှင်မထီး ...)
(၂) အလုံးစုံသော နတ်ဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း
(၃) အလုံးစုံသော လူဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥမာ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်....)
(၄) ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း
(၅) ဘိုးတော်သကြားမင်းနှင့် သာသနာစောင့် နတ်မင်းအပေါင်း
(၆) သူရဿရီမယ်တော်ကြီးနှင့် ဒေဝီမယ်တော်အပေါင်း
(၇) ရုက္ခစိုး၊ ဘုမ္မာစိုး၊ အာကာသစိုး နတ်မင်းအပေါင်း
(၈) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင် နတ်မင်းအပေါင်း 

 

 

No comments: