တနေ့ပြီးတနေ့ စမ်းချောင်းထဲမှာ စက္ကူလှေကလေးတွေကို ကျွန်တော်မျှောချနေတယ်။ ကျွန်တော့်နံမယ်နဲ့ ကျွန်တော့် ရွာအမည်ကိုလဲ လှေတွေပေါ်မှာ ရေးထဲ့လိုက်တယ်။ တခြားရွာက လူတွေတွေ့ရင်တော့ ကျွန်တော့်ကို ဘသူလဲလို့ သိကြမှာပဲ ထင်ပါရဲ့။
ဆိတ်ဖလူးပန်းတွေကို လှေတွေထဲမှာ ကျွန်တော်ထည့်လိုက်တယ်။ ညကျရင် အဲဒီအာရုဏ်ချိန်ပန်းတွေဟာ တနေရာရာမှာ ချောချောမောမော တင်ကောင်းပါရဲ့။
စက္ကူလှေကလေးကို မျှောရင်း မိုးပေါ်ကို မော်ကြည့်လိုက်တော့ မိုးတိမ်ကလေးတွေ လွင့်နေတာကို ကျွန်တော် မြင်ရတယ်။ သူတို့ဟာ ကျွန်တော့်လှေတွေနဲ့ ပန်းပြိုင်မလို့ ထွက်လာကြသလား မသိဘူး။
ညကျတော့ နဖူးပေါ်လက်တင်ပြီး ကျွန်တော်တွေးတယ်။ "သန်းခေါင်ကြယ်တွေ အောက်မှာ လှေကလေးတွေ ရွက်လွှင့်နေမှာပဲ" လို့။ လှေတွေထဲမှာတော့ အိပ်မွေ့ နတ်သမီးကလေးတွေဟာ အိပ်မက် တောင်းကြီးတွေ တင်ပြီး ရွက်တလွှင့်လွှင့်နဲပေါ့။
တဂိုး (ပြန်ဆိုသူ-မင်းသုဝဏ်)
No comments:
Post a Comment