Wednesday, August 20, 2008

ယတြာချေကြဦးမလား

မနေ့ညက ယောက်ခမနဲ့ စကားစမြီပြောရင်း သူပြန်ပြောပြတဲ့ ရီစရာလေးတစ်ခုပါ။ ရီစရာဆိုပေမဲ့ တကယ် ဖြစ်ခဲ့တာ။ ဖြစ်ခဲ့တာတော့ ကြာပါပြီ။ တစ်ရံရောအခါက ဆိုပါတော့ .... သူ့အသိမိတ်ဆွေတစ်ယောက်ရဲ့ သမီး အမျိုးသမီးငယ်လေးတစ်ယောက် ဗေဒင်သွားမေးတော့ ဗေဒင်ဆရာက ကံဇာတာညံ့နေတယ်တဲ့။ အဖမ်းအဆီး ခံရကိန်း မြင်သတဲ့။ အဲဒီအဆိုးတွေ ပျောက်အောင် ယတြာလေး ချေလိုက်ပါလို့ ခိုင်းလိုက်တယ်။ လုပ်ရမှာက စံပယ် ခုနစ်ကုံး နှင်းဆီကိုးပွင့်ကို (ဘယ်နေ့ဘယ်ရက်မှာ....) ရွှေမော်ဓေါ ဘုရားမှာလှူပါ .... စသည် ဖြင့် ပေါ့။

အဲဒီနေ့ မနက်စောစောမှာ ကောင်မလေးက ပဲခူးစျေးမှာ ပန်းသွားဝယ်ပါသတဲ့။ ပန်းသည်က အဆစ် ပေးလိုက်တော့ စံပယ်က ဆယ်ကုံး နှင်းဆီက ဆယ်ပွင့်ရလာ တယ်တဲ့။ ရွှေမော်ဓေါ ဘုရားကို စက်ဘီးနဲ့အသွား လမ်းမှာ စိတ်ကူးပေါက်တာနဲ့ အမှတ်(၃)ကျောင်း ရှေ့နားက Democracy ကျောက်တိုင်နား အရောက်မှာ ပိုနေတဲ့ စံပယ်သုံးကုံးနဲ့ နှင်းဆီတစ်ပွင့်ကို ဝင်ချခဲ့ပါသတဲ့။ Democracy ကျောက်တိုင်ဆိုတာ အဲဒီနားမှာ ကျောင်းသားတွေသေခဲ့လို့ တရားမဝင်လုပ်ထားတဲ့ သတ်မှတ်ထားတဲ့ အထိန်းအမှတ် ကျောက်တိုင်လေး ဆိုပါတော့။ ရန်ကုန်မှာ တံတားဖြူ မှတ်တိုင်ကို တံတားနီလို့ပြောင်းခေါ်တာမျိုး လို နေမှာပေါ့။

အဲ ... ဇာတ်လမ်းကို ဆက်ရရင် အဲဒီကောင်မလေးဟာ ယတြာချေဖို့ ရွှေမော်ဓေါဘုရားကိုတောင် မရောက်လိုက် ရှာပါဘူး။ Democracy ကျောင်တိုင်မှာ ပိုတဲ့ပန်းလေးတွင် ဝင်ချပြီး ခရီးဆက်မလို့ ဟန်ပြင်တုန်းမှာတင် အဖမ်းခံလိုက်ရပါသတဲ။ ခွိခွိ ယတြာသွားချေမဲ့ ကျွန်တော့် မိတ်ဆွေအပေါင်းအသင်း အမကြီး ညီမလေးများ သတိလေးထားကြပေါ့ .... :D


1 comment:

Anonymous said...

Arsenal, Argentian ဘောလုံး သားသားလေး Tun Khine, picture of the Week တွေနဲ့ ပြည့်နေ ပါ လား Ko TK.

Ashay Lay