Monday, August 4, 2008

လက်နက်ကောင်း

တိမ်စစ်သည်တို့ကို စုရုံး၍ မရသော မိုးနတ်သားသည် ခြိမ်းခြောက် ဟိန်းဟောက်သံကိုသာ ပေးနေရတော့၏။ လေနတ်မောင်၏ ရယ်မောသံကား မခံချိ မခံသာ ဖြစ်စရာပင်။ ကောင်းကင်တစ်ခုလုံးတွင် လေနတ်မောင်၏ ခြေရာလက်ရာ မြူမှုန် ဗရပ္ပသာ တွေ့ရ၏။

မိုးနတ်သားသည် ဤ မြူမှုန်ညစ်ပြာတို့ကို စင်စစ် ဆေးကြောချင်လှ၏။ သို့ရာတွင် သူ့တပ်သားတို့ကား ဖရိုဖရဲ ပြိုကွဲလလျက် ရှိခြေပြီ။ ရံဖန်ရံခါ ဟိုတစ်စ သည်တစ်စ တိမ်ဖြူလွလွတို့ကို ဆင့်ခေါ်ခဲ့ပါ၏။ လူ့လောကကို အေးမြစေလိုသော စေတနာ မွေး၍ မိုးသေး မိုးဖွဲ မိုးကျဲကျဲကို ရွာချနိုင်ပါ၏။ သို့သော် လေနတ်မောင်က ခြေထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ကစဉ့်ကလျား ပြေးလွှားကုန်ကြတော့၏။

သွေးလေချောက်ချား တပ်ပျက်ကုန်ကြတော့၏။ မိုးနတ်သားသည် မခံမရပ်နိုင် ဖြစ်၏။ လေနတ်မောင် အဖျက်ဒဏ်ကို မည်သို့ ကြံ့ကြံ့ခံရမည်ကို စနစ်တကျ စီမံ၏။ တိမ်စစ်သည်တို့အား မည်သို့ နားချရမည်ကို စဉ်းစား၏။ လောကတစ်ခွင် လေနတ်မောင် အဖျက်သမားသာ အစိုးမိုးခံရလျှင် သစ်ပင်ပန်းမန် လူတိရိစ္ဆာန်တို့ ခိုုကိုးရာ မဲ့ချေတော့အံဟူသော မိုးနတ်သား၏ စေတနာသည် တိုက်ပွဲအောင်မည့် အကောင်းဆုံးလက်နက် ဖြစ်ပေ လိမ့်မည်။ 

 

ပိတောက်မှသရဖီသို့ (တင်မိုး)

1 comment:

Anonymous said...

အဟမ်း....အဟမ်း.....
strike