Saturday, August 16, 2008

သားသား (၁၀)ရက်သား

ကြာသပတေးနေ့က ဗဟိုအမျိုးသမီး ဆေးရုံမှာ သားသားကို BCG ဆေးသွားထိုး ဖြစ်ပါတယ်။ UN အထောက်အပံ့ တွေနဲ့ အပ်ကအစ အလကား ပေးထားတဲ့ ဆေးထိုးတာကို ငွေသုံးထောင် တောင်းလိုက်လို့တဲ့ မိန်းမကတော့ သိပ်မကျေမနပ်နဲ့ ပြန်လာပါတယ်။ :D ဆေးအရှိန် ကြောင့် ထင်တယ် ကလေးက နောက်နေ့မှာ ကိုယ်လေး ငွေ့ငွေ့နွေးနေပြီး မအီမသာ ဖြစ်နေရှာတယ်။

သောကြာနေ့မှာ အာရှတော်ဝင်မှာ ကလေး အထူးကုကို သွားပြပါတယ်။ ချက် ကြွေရင် တစ်ခေါက် လာပြဆိုလို့ပါ။ ကိုယ်လဲနည်းနည်း ပူချင်နေတယ်လေ။ ဆရာဝန်မက ဆေးတွေ ပေးလိုက်တယ်။ တော်တော်လေး သက်သာ လာပါပြီ။ အံ့သြစရာက မွေးတုန်းက ခုနစ်ပေါင် ရှစ်အောင်စရှိတာ ဆေးခန်းပြတဲ့နေ့က ခုနစ်ပေါင်ပဲ ရှိိတော့တယ်။ ကလေးအမေက ပြူးတူး ပျာတာ နဲ့ပေါ့။

ဆရာဝန်မက ဒီလိုပဲ ကိုယ်ရည် စစ်သွားပါတယ် တဲ့ နောက် ပေါင်ချိန်ပြန်တက် လာပါလိမ့်မယ်တဲ့။ ဒီမနက်ပဲ MICT Park ထဲရောက်လို့ လူကြုံနဲ့ စင်္ကာပူက ဦးဦးဒေါ်ဒေါ်များက သားသား အတွက် ပေးလိုက်တဲ့ အဝတ်အစားလေးတွေ ရတယ်။ လှလိုက်တာ။ နည်းနည်းလေးတော့ ကြီးနေသေးတော့ ဝတ်ပေးဖို့ စောင့်ရဦးမယ်။ ကလေးတော့မသိဘူး လူကြီးတောင် အတော်လေး သဘောကျသွားတယ်။ :D (ပုံလေးတွေက phone handset နဲ့ပဲ ရိုက်ထားတာ ဆိုတော့ သိပ်တော့ မကောင်းဘူး။)


No comments: