Sunday, August 24, 2008

Fulham 1-0 Arsenal

Fabregas မကစားနိုင်ချိန်မှာ ကွင်းလယ်ကနေ အသင်းကို မောင်းနှင်မဲ့၊ တိုက်စစ်လမ်းကြောင်းတွေကို တွက်ဆပြီး ဘောလုံးဖြန့်ဝေပေးမဲ့ အလယ်တန်းလူတစ်ယောက် မရှိဘူးဆိုတာ ဒီပွဲမှာအရမ်း သိသာလွန်းတယ်။ အလယ်တန်း ကွင်းလယ် အဖျက်ကစားခဲ့တဲ့ Flamini ရဲ့ ခြေစွမ်းကို ဘယ်လိုမှ အစားမထိုးနိုင်သေးဘူးဆိုတာ လည်း ထင်ရှားစေတယ်။

Denilson ကလည်း ဟိုယောင်ယောင် ဒီယောာင်ယောင် နဲ့ တစ်ဖက်က အလယ်တန်းတွေရဲ့ ခြေစွမ်းထက်ရင် ယှဉ်ပြီး လိုက်မကစားနိုင်တော့ဘူး။ သူ့ဆီက ဘောလုံးအရမ်း အပျက် များတယ်။ Eboue ရော Denilson ပါတိုက်စစ် ဖက်ကို လိုက်ပါဖို့ ပဲ စိတ်အားသန်နေတယ်။ အလယ်တန်းက တော့ တကယ့်ကို ကလေးကလားဖြစ်နေတယ်။ ( Denilson က ကလေး၊ Eboue က ကုလားပေါ့ :D )

အလယ်တန်းမှာ Ramsay ကို စမ်းပြီး သုံးကြည့်သင့်တယ် ထင်တာပဲ။ WilShere ကို ဘယ်တောင်ပံမှာကစားခိုင်းပြီး Nasri ကို ကွင်းလယ်ဖန်တီးရှင်နေရာကို သုံးကြည့်သင့်တယ်။

Alexsender Song ကတော့ နောက်တန်းဗဟို နေရာမှာ ကောင်းကောင်းကစားနိုင်ကြောင်း သက်သေပြသွားတယ်။ ညာဖက်မှာ Segnaက ကောင်းပေမဲ့ Walcott ကတော်တော် ခြေပျက်နေတယ်။ သူ့ဖက်က သိသာလောက်အောင် မထိုးဖောက်နိုင်ဘူး။ သူ့ကို ထုတ်ပြီး Bendtner ဝင်လာတော့ လဲ သိပ်ထူးမခြားနားပဲ။

ဘယ်ခြမ်းက Clichy နဲ့ Nasri တို့ overlapping လုပ်ပြီး တိုက်စစ်ဆင်တာ ကောင်းပေမဲ့ တစ်ဖက်ဂိုး ဧရိယာနား ရောက်ရင် အလယ်တန်းတွေရဲ့ ပံ့ပိုးမှု အားနည်းလို့ ပျက်ပျက်သွားရတယ်။ Van Persi လည်း အခွင့်အရေးတွေကို အတော်များများ ဖြုန်းတီး ပစ်ခဲ့တယ်။ Adebayer နဲ့ တွဲဖက်ညီမဲ့ တိုက်စစ်မှုးကောင်းတစ်ယောက်လိုနေတယ်။ ဒီနေ့က Van Parsi ရော Bendtner ပါ သူ့ကို ကောင်းကောင်း ထောက့်ပံမပေးနိုင်ခဲ့ဘူး။
Denilson နဲ့ Walcott တို့ရဲ့ခြေစွမ်းက လူစားလဲ ခဏသုံးအဆင့်လောက်ပဲရှိသေးတယ်။ ပထမ ၁၁ယောက်အနေနဲ့ ပွဲထွက်ကစားဖို့ အဆင့်မရှိဘူး။ပေးလိုက်ရတဲ့ ဂိုးကလည်း ထောင့်ကန်ဘောက တစ်ဆင့် ကိုယ့်နောက်တန်းနဲ့ အလယ်တန်းလူ (Denilson) ဘေးကနေ အလွတ်ကြီးသွင်းသွားတာ။ ခြုံပြီးပြောရရင် အသင်းရဲ့ Synergy efferct မရဘူး။ အပေးအယူအချိတ်အဆက်အားနည်းပြီး တစ်ချက်ထိ အမြန်ကစား ဆိုတဲ့ အာဆင်နယ်ရဲ့ ရသ လုံးဝ ပျောက်နေခဲ့တာ။ ဒီပုံအတိုင်း ခရီးဆက်ရင်တော့ အာကြီး သိပ်မလွယ်လှဘူး။
 

No comments: