Friday, August 1, 2008

Staying at No.1 Position

Maintaining the number 1 position is more difficult than acquiring it. 
 
Ana Ivanovic တစ်ယောက် Rogers Cup ပြိုင်ပွဲမှာ Australia က ၁ရနှစ်အရွယ် Paszek ကို အသည်းအသန် ကစားပြီး ရှုံးနိမ့်သွားချိန်မှာပဲ no.2 Jankovic က ပြိုင်ဖက်ကို နှစ်ပွဲပြတ် straight set နဲ့ နိုင်ခဲ့ပါတယ်။

Wimbledon 3rd round ကထွက်ခဲ့ရတဲ့ Ana တစ်ယောက် အခုပွဲမှာလည်း ထွက်လိုက်ရပြန်ပါပြီ။ ညာဖက်လက်မ နာနေလို့ raquetကို ကောင်းကောင်းမကိုင်နိုင်လို့ မကစားနိုင်ခဲ့ဖူးလို့ ဆိုပါတယ်။

Ana နဲ့ Jankovic က Sony WTA ranking မှာ အမှတ် ၈ဝလောက်ပဲကွာပါတယ်။

လောလောဆယ်မှာ Ana တစ်ယောက် ပြင်သစ် အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်ရည်မျိုး ပျောက်ဆုံးနေပါတယ်။ အနားယူသွားတဲ့ Justine Henin ရဲ့တည်ငြိမ်တဲ့လက်စွမ်းရယ် အောင်မြင်မှုကို ထိန်းသိမ်း နိုင်မှုရယ်ကို Ana ရော Sharapova ပါ မမှီသေးပါဘူး။

တစ်ဖက်မှာလည်း အမျိုးသား No.1 Federer တစ်ယောက် ရှုံးပွဲတွေဆက်လို့ နံပါတ်တစ်နေရာကို Nadal က ခြိမ်းခြောက်နေပါပြီ။ Federer အနေနဲ့က ၂၀၀၄ကတည်းက ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့တာပါ။ Nadal က ၂၀၀၅ခုနှစ်မှာ နံပါတ် ၂ စဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လဲ Federer တစ်ယောက် နံပါတ်တစ်နေရာကို ထိန်းသိမ်းထားတာ ကြာခဲ့ပါပြီ။ တောင်တစ်တောင်ထက် နောက်တစ်တောင်ပိုမြင့်တယ်။ ရှေ့ကလှိုင်းလုံးကို နောက်လှိုင်းလုံးက လွှမ်းသွားတယ်။ ဘယ်အရာမှ မတည်မြဲဘူး .....

Nothing lasts forever ပါပဲ။

No comments: