Monday, August 18, 2008

သားသား 13 Aug 08

တနင်္ဂနွေနေ့က သားသားကို ပထမဆုံး ရေချိုး ပေးတယ်။ ခေါင်းလဲလျှော်တာပေါ့။ ပထမ ရေနဲ့ ထိတော့ အော်ပါလေရော။ နောက်မှ တဖြေးဖြေး သဘောကျသွားပုံရတယ်။ ဆပ်ပြာတိုက်ပေးတာ၊ ခေါင်းကို Shampoo နဲ့ ဖွဖွလေး လျှော်ပေးတာတို့ကို ငြိမ်ငြိမ်လေးခံနေတယ်။ ရေချိုးပြီးတော့ နွေးနွေး ထွေးထွေးဖြစ်အောင် ဘကြီး ဇော်မိုး ရဲ့ အနှီးစောင် အပြာရောင်လှလှလေးနဲ့ သူ့ကို ထုတ်ထားပေးလိုက်တယ်။

ဒီတစ်ရက်နှစ်ရက်မှာ မိတ်ပေါက်တာလား အပူလား တော့မသိ အနီရောင် အကွက်ကွက်တွေ အများကြီး ဖြစ်နေလို့ baby lotion လေးပဲလိမ်းပေးထားတယ်။ ကလေးအထူးကုပေးလိုက်တဲ့ Grovit အားဆေး တိုက်လို့ အပူကန်တာများလားလို့ ကလေးအမေက ယူဆနေတယ်။ ဒါနဲ့ မနေ့ကစပြီး အားဆေးတိုက်တာ ခဏရပ်ထား လိုက်တယ်။

အစားသောက်အတွက်တော့မပူရဘူး။ အရမ်းကို အစားပုတ်တဲ့ကောင်လေး။ မအေနို့ကို အကြာကြီး ဆွဲပြီး စို့သလို နို့ဗူးဆိုလဲ 60ml ကို သုံးခါလောက် ကူရတယ်။ ဒီနေ့ပဲ Citymart ဖက်ကြုံလို့ သူ့နို့မှုန့် တစ်ဗူး ထပ်ပြီး ၀ယ်လာတယ်။ Mamex Gold ဗူးကြီး ကို နှစ်သောင်းရှစ်ထောင် ငါးရာပေးရတယ်။ တစ်လလောက်တော့ သောက်ရမယ် ထင်တာပဲ။

ကြီးတော်ခင်ဦးမေက ကလေးထိန်းရတာသိပြီလားဆိုလို့ .... လေ့လာထားသလောက်ပေါ့ ကျွန်တော့်သားက ဗိုက်ဆာရင် မရပ်မနားကို အာခေါင်ခြစ်ပြီး ငိုပါတယ်။ အီးပါ ရှူးပေါက်ထားရင် ငိုပါတယ်။ အိုက်လာရင် (အိမ်က တစ်ချို့အချိန်ဆို နည်းနည်းပူတယ်) အော်ပါတယ်။ အိပ်ယာနိုးလာရင် ချီထားစေချင်လို့ ငိုပါတယ်။ အ၀တ်အစား လဲပေးထဲအချိန် ကိုယ်တုံးလုံးလေးဖြစ်သွားရင် ငိုပါတယ်။ လှဲပြီးအိပ်ရက်ချီထားရာကနေ သူ့ကို မတ်မတ် လေးထားစေချင်ရင် ငိုပါတယ်။ (အင်းပေါ့ သူ့အနေနဲ့ feedback ပြန်ပေးစရာဆိုလို့ ငိုပြရုံပဲ ရှိတာကိုး )


4 comments:

Anonymous said...

ko ko Moon ...i just wanna laught @ u, that's all..ha ha...:P
strike ^@^

TKLinn said...

အောင်မယ်လေးတော်..
အဲ့ဒီ ဘကြီး ဇော်မိုးရဲ့ အနှီးစောင် အပြာလေးက ကျုပ်နဲ့ မနွယ်ကြီး ရွေးချယ်ပေးလိုက်တာပါတော်ရေ့..

TKLinn said...

ကလေးက ချစ်စရာကြီး။

TKLinn said...

ကလေး အမေ ဓါတ်ပုံလေး လည်း တင်ပါဦးဗျို့..
ချစ်သူငယ်ချင်းကြီး ကျန်းမာစွာပကတိ ချမ်းသာစွာရှိကြောင်းလေး တွေ့ချင်မြင်ချင်လို့ပါ။