Tuesday, August 26, 2008

sexy Leryn Franco နင့်ကြောင့်ကိုး

မနေ့ကနဲ့ ဒီနေ့မှာ hit rate သိသိသာသာ တက်သွားတဲ့ အကြောင်းအရင်းကို တွေ့ပါပြီ။ Leryn Franco ဆိုတဲ့ Paraguay က javelin thrower အားကစားမယ်လေးကြောင့်ပါ။ အိုလံပစ်ပြိုင်ပွဲတစ်လျောက်မှာ ရုပ်ရည်ကြောင့် hot and sexy girl ဆိုပြီး နံမည်ကြီးနေတာပါ။ ကျွန်တော်က အားကစားနဲ့ပတ်သက်တဲ့ ကောင်မလေးပုံ လှလှလေးတွေ တွေ့ရင် (ဒေါ်ခင်ဦးမေ ရဲ့စကားနဲ့ဆိုရင်) တိုတတ်တယ်။ 

 တစ်နေ့က ဒီ Leryn Franco ရဲ့ ပုံလေးတစ်ပုံတင်ထား မိပါတယ် search engine တွေကနေ Leryn Francoq ဆိုတဲ့ key word နဲ့ ရောက်လာ ကြတာကိုး ... hit ၆၀၀ လောက်ရှိတယ်။ ဖြစ်မှဖြစ်ရလေ။ ဘာကြောင့် hit တက်လာလဲစဉ်းစားနေတာ ညီမငယ် Dawn ရဲ့ အကြံပေးမှုနဲ့ search engine ကလာတဲ့ key word တွေလိုက်ကြည့်မှ အဖြေတွေ့သွားတယ်။ ပုံမှန် hitကလည်း ဒီနှစ်ရက်မှာ တစ်ရက်ကို ၂ဝဝကျော်လောက် ဖြစ်သွားတော့ hit တွေတက်သွားတာပေါ့။ Nativemyamar က သူငယ်ချင်းတွေနဲ့ အခြား ပြည်ပက မိတ်ဆွေတွေ သားလေးရဲ့ ဓါတ်ပုံ ဝင်ကြည့်ကြတာဖြစ်မယ်။ ဒါနဲ့ internet ပေါ် လျှောက်ကြည့် ရင်း သဘောကျတဲ့ Leryn Franco ရဲ့ လှတပတ ပုံလေးနှစ်ပုံ ထပ်တိုလာတယ်။ :D

 

 

1 comment:

ထွန်း said...

ခင်များက အားကျပုံပေါက်တယ် ရော့ဗျာ စေတနာနဲ့ ပါ
http://joyful4all.blogspot.com/2008/08/fashion.html