ဇူလိုင်လ (၂၀)ရက်နေ့။ အာဇာနည်နေ့ပြီး နောက်တစ်နေ့ပေါ့။ အဲဒီနေ့မှာလဲ နိုင်ငံတော်အကြီးအကဲနဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို လုပ်ကြံမှုတစ်ခု ရှိခဲ့ပါတယ်။ ကွာခြားတာ တစ်ခုကတော့ လုပ်ကြံတဲ့သူက တိုင်းပြည် ကောင်းစေချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာပါ။ လုပ်ကြံမှု မအောင်မြင်ပါဘူး။ သူလဲနောက်ဆုံး အသတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ သမိုင်းစာမျက်နှာပေါ်မှာ (ဂျာမန်များကို ကိုယ်တိုင်ကကို) သူရဲကောင်းအဖြစ် သတ်မှတ်ကြပါတယ်။ အချိန်က 1944ခုနှစ်ပါ။ နေရာက ဂျာမဏီနာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ စစ်ဦးစီးချုပ်ရုံးမှာပါ။ နာဇီစစ်ဗိုလ်တွေထဲမှာလဲ တိုင်းပြည်ချစ်တဲ့ အမှန်မြင်တတ်တဲ့သူတွေ ရှိပါသေးတယ်။ ဂျာမဏီ စစ်ခေါင်းဆောင် တစ်စုက ဟစ်တလာ အာဏာဆက်လက် တည်မြဲနေရင် အကြွင်းမဲ့အာဏာနဲ့ ထင်ရာစိုင်းမှာမို့ လူတွေအသေအပြောက်လဲ ပိုများမယ် တိုင်းပြည်လဲ လုံးဝ ပျက်သုံးရေးလမ်းကြောင်းပေါ် ရောက်သွားမယ် ဒါကြောင့် ဟစ်တလာကို လုပ်ကြံမှကို ဖြစ်တော့မယ်ဆိုပြီး ကြံစည် ခဲ့ကြပါတယ်။
တကယ်တမ်း အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တာဝန် ယူသူ ကတော့ Colonel Stauffenberg ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အသက် ၃ရနှစ်ပါ။ ဥရောပ၊ ဆိုဗီယက်နဲ့ အာဖရိက စစ်မျက်နှာတို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် ကောင်းတစ်ဦးပေါ့။ နောက်ဆုံး တူနီးရှား သဲကန္တာရမှာ ထိခိုက် ဒဏ်ရာရခဲ့တယ်။ ဘယ်ဖက် မျက်လုံးကွယ်သွားတယ်။ ညာဖက် လက် ဖြတ်ပစ်ခဲ့ရတဲ့အပြင် ဘက်ဖက်လက်ရဲ့ လက်ချောင်းလေး နှစ်ချောင်း ပြတ်သွားတယ်။ German Cross ချီးမြှင့်ခံခဲ့ရတယ်။ (အဲဒါက Iron cross ထက်မြင့်ပြီး Knight Cross ထက်တော့ တစ်ဆင့်နိမ့်တယ်။ ဒီက အောင်ဆန်းသူရိယထက် တစ်ဆင့်နိမ့်တဲ့ သီဟသူရဘွဲလိုမျိုး ထင်တယ် )
ဆေးရုံက ပြန်ဆင်းချိန်မှာ သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကြောင့် စစ်ဦးစီး ချုပ်ရုံးမှာ ဆက်လက် တာဝန်ပေး ထားခဲ့တာ။ ဟစ်တလာနဲ့တကွ ထိပ်တန်းစစ်ခေါင်းဆောင်များကို တိုက်ရိုက် ဆက်ဆံခွင့်ရတယ်။ 1944, July 20 နေ့မှာ ဟစ်တလာတက်ရောက်မဲ့ ထိပ်တန်းစစ်ဦးစီး အစည်းအဝေးကို ချိန်ကိုက်ဗုံးထည့်ထားတဲ့ briefcase နဲ့ရောက်လာခဲ့တယ်။ နေ့လည်၁၂နာရီကျော်မှာ အစည်းအဝေးစတယ်။ ၁ဝမိနစ်ကျော်ကြာတဲ့အခါ Stauffenberg အကြောင်းတစ်ခုပြပြီး အစည်းအဝေးခန်းကထွက်လာတယ်။
၁၂နာရီ ၄ဝမိနစ်မှာ ဗုံးပေါက်တယ်။ အစည်းအဝေးခန်းထဲကလူတွေ အသက်မရှင်လောက်တော့ဘူးလို့ ဆုံးဖြတ်ပြီး လေယာဉ်ကွင်းကို ထွက်သွား တယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ဆက်ပြီး အကောင်အထည် ဖော်ဖို့ပေါ့။ ကျန်ရှိမဲ့ နာဇီ ခေါင်းဆောင်တွေ ဆီက အာဏာသိမ်းဖို့ပေါ့။ ဒါပေမဲ့ ဟစ်တလာမသေးဘူးဆိုတာကို သူည ၇ နာရီလောက်မှ သိတယ်။ အဲဒီမှာ ဧရာမ ဖမ်းဆီး သတ်ဖြတ်မှုတွေ စတော့တာပဲ။ သူတို့ရဲ့ အစီအစဉ် ကြီး ပျက်သွားတယ်။ Stauffenberg ပစ်သတ်ခံရတယ်။ ဒီလုပ်ရပ်ကြောင့် လူပေါင်း ခုနစ်ထောင်လောက် အဖမ်းခံရပြီး နှစ်ထောင် လောက် ကွပ်မျက်ခံခဲ့ရတယ်။
စစ်ခေါင်းဆောင်တော်တော်များများ အသတ်ခံ ခဲ့ရတယ်။ နံမည်ကြီး သဲကန္တာရ မြေခွေး ဗိုလ်ချုပ်ကြီး Rommel လဲ တစ်ယောက် အပါအဝင်ပေါ့။ ခုံရုံးအတင်ခံမလား ကိုယ့်ဖာသာ သတ်သေ မလားလို့ရွေးခိုင်းတော့ Rommel က ဒုတိယလမ်းကို ရွေးသွားတယ်။ ပြီးတော့ နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ သဂြိုလ်တယ်။ ဟစ်တလာ ကိုယ်တိုင် တက်ရောက်သေးတယ်။ (သူမဟုတ်သလိုပဲ)။
အဲဒီ အဖြစ်အပျက် ကို ဂျာမန်စာရေးဆရာ H.H Kirst က The 20th of July ဆိုပြီး ဝတ္ထုဆန်ဆန် ဖြစ်ရပ်မှန်ရေးထားတဲ့ စာအုပ်ရှိတယ်။
------------------------------------------------------------------------------------------------------
အခုအချိန်အခါ ကျွန်တော်တို့ နိုင်ငံမှာလည်း လိုအပ်ချက်အရ Colonel Stauffenberg လို တိုင်းပြည်ကို တကယ်ချစ်တဲ့ ကိုယ်ကျိုးစွန့်ရဲတဲ့ စစ်ဗိုလ်တစ်ယောက် ပေါ်မလားဘူးလို့ ဘယ်သူပြောနိုင်လဲ .... :P

1 comment:
အဲဒီ ဇာတ်လမ်းလေးကို ကြားဖူးပါတယ်။ အခုမှ အာဇာနည်နေ့နဲ့ ကပ်လျှက်ပါလားဆိုတာ အသေအချာ ပြန်သိခွင့်ရတယ်။
ကျေးဇူးတင်ပါတယ် ကိုလပိစိကွေးရေ...
Post a Comment