Sunday, July 6, 2008

Williams take it all

၂၀၀၈ခုနှစ် Wimbledon Tennis အမျိုးသမီး ပြိုင်ပွဲများ အတွက်ဆုတွေကို Williams ညီအမကပဲ သိမ်းကျုံး ယူသွားပါတယ်။ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို Williams ညီအမ နှစ်ယောက်လုံးတက် ရောက်လာပြီး အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြကာ အကြီးမ Venus က အနိုင်ရသွားပါတယ်။ သူက Wimbledon လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ဒါဟာ Venus အတွက် ငါးကြိမ်းမြောက်ရတဲ့ Wimbledon Chimpion ဆုလည်း ဖြစ်ပါတယ်။ အမျိုးသမီးနှစ်ယောက်တွဲပွဲမှာလည်း သူတို့ ညီအမနှစ်ယောက်ကပဲ ဗိုလ်စွဲသွားပါတယ်။ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲကတော့ ဒီည ရှစ်နာရီခွဲပါ (မြန်မာစံတော်ချိန်)။ Federer နဲ့ Nardal တွေ့ကြတော့ ပွဲကြီးပွဲကောင်းပေါ့။


1 comment:

JulyDream said...

ငွေလင်ပန်းကြီးက အတော်လှတယ်ဗျာ။
မင်္ဂလာဦးလက်ဖွဲ့ ပေးဖို့ ကောင်းတဲ့ဟာကြီး...