အနုပညာခံစားမှုသည် ပြတိုက်များထဲတွင်သာ ရှိသည်ဟု ထင်ခြင်းသည် အမှားတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်လျှင် ကျွန်တော်တို့တွင် အနုပညာတွေ တစ်နည်းပြောရလျှင် အနုပညာ စေတနာကြောင့် ပေါ်ထွက်လာသော ဝတ္ထုပစ္စည်းတွေ ပတ်လည်ဝိုင်းနေသည်ကို သဘောပေါက်ကြမည် မဟုတ်ပါ။
သမိုင်းမပေါ်မီကတည်းက ပင်လျှင် လူတို့သည် မိမိတို့မျက်စေ့ကို ပသာဒဖြစ်စေသော ပုံပန်းသဏ္ဍာန်၊ အရောင်အသွေးတို့ မပါသော အရာများကို ပြုလုပ်၍ ရောင့်ရဲတင်းတိမ်နေခဲ့ကြသည် မဟုတ်ပါ။ မကြာသေးမီအချိန်အထိ အသုံးကျရုံ သက်သက်မျှသာ ပြုလုပ်ထားသည့် အရာဝတ္ထုများသည် ရှားပါးခဲ့ပါသည်။ ယခုအခါတွင်မူ ဗိသုကာအရိုးခံဝါဒနှင့် ခြိုးခြံရေးဝါဒဟူသော အမွှာညီနောင်တို့ ကောင်းမှုကြောင့် (အလှအပကို ဦးစားမပေးပဲ) အသုံးကျရေးသက်သက်အတွက်သာ ပြုလုပ်ထားသည့် ပစ္စည်းတို့သည် များပြားစပြုလာခဲ့ပါပြီ။
သို့ရာတွင် ထိုသို့သော အောက်တန်းကျသည့် ပျူရီတန် အယူအဆသည် ပျောက်ကွယ်သွားရမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့၏အခန်းပတ်လည်၊ ကျွန်တော်တို့သွားရာ လမ်းတစ်လျှောက်နှင့် မီးရထားဘူတာရုံ စသည့်နေရာများကို ကြည့်လိုက်လျှင် မျက်စေ့ကို ပသာဒဖြစ်စေရန်ဟူသော မျှော်လင့်ချက်ဖြင့် ရှေးယခင်က မည်ကဲ့သို့ ကြိုးပမ်း အားထုတ်ခဲ့ကြပုံကို တအံ့တသြ တွေ့မြင်နိုင်ပါသည်။ အများအားဖြင့် ထိုမျှော်လင့်ချက်များသည် ပြည့်ဝခြင်း မရှိခဲ့ကြပါ။ ဥပမာအားဖြင့် ဘူတာရုံအမိုးတွင် တပ်ထားသည့် သံပန်းခက်ကြီးများ၏ ပုံစံသည် မျက်စေ့အမြင့်တွင် ပသာဒမဖြစ်ခဲ့သည်မှာ တော်တော်ကြာပါပြီ။
တစ်ခါက ကြည့်၍ ကောင်းခဲ့သည့် ပုံစံဒီဇိုင်းများကို ယူ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်တိုင် ယခုအချိန်တွင်ကား မည်သူ၏ မျက်စေ့ ပသာဒတွင်မှ ကြည့်၍ မကောင်းတော့ပါ။ သို့ရာတွင် ယခုပျက်စီးနေသည့် အခြေအနေမျိုးတွင် မည်သူမျှလည်း မကြည့်ကြတော့ပါ။ ပုံစံထုတ်လုပ်သူနှင့် ထုတ်လုပ်သူတို့ ကိုယ်တိုင်ပင် ကြည့်ဖို့ စိတ်ကူးကြတော့မည် မထင်ပါ။ သို့ရာတွင် အနုပညာသည် ရှင်သန်နေသော အရာတစ်ခု ဖြစ်သည်ဆိုလျှင် ကျွန်တော်တို့သည် ကျွန်တော်တို့ ပတ်ဝန်းကျင်မှအရာများကို ဂရုဓမ္မစိုက်၍ ဝေဖန်ရေးသဘောဖြင့် ကြည့်သင့်ပါသည်။
ငြီးငွေ့စရာကောင်းအောင် နာရီပေါင်းများစွာ စောင့်ဆိုင်းရာဖြစ်သည့် ဘူတာရုံထဲမှ အသေးစိတ် မွမ်းမံပြင်ဆင်ထားမှုများကို ကျွန်တော်တို့ ဘယ်လောက်များ ပြောပြနိုင်ကြပါသနည်း။ သို့မဟုတ်လျှင်လည်း ကိုယ့်လမ်းထဲက မီးတိုင်အကြောင်းကို မည်သူမည်မျှ ပြောပြနိုင်ပါသနည်း။ ထိုသို့ မပြောပြနိုင်သေးသမျှ ထိုပစ္စည်းများ အရာဝတ္ထုများသည်လည်း ပုံစံကောင်းလာနိုင်ကြဦးမည် မဟုတ်ပါ။
ထိုသို့သော အနုပညာမျိုးသည် ထုတ်လုပ်သူ အနုပညာရှင်ပေါ်တွင် မတည်ပဲ မျက်စေ့ဖွင့်ထားသည့် စားသုံးသူ ကျွန်တော်တို့အပေါ်တွင် တည်သောကြောင့် ဖြစ်ပါသည်။ အရာတစ်ခုတော့ ရှိပါသည်။ ယင်းမှာ အဝတ်အစားဖြစ်ပါသည်။ ထိုသို့ သတိထားကြည့်ကြသည့်အတွက်ပင်လျှင် အဝတ်အစားဒီဇိုင်းများသည် (ဆိုပါတော့) ကော်ဇောပုံစံ ဒီဇိုင်းများထက် ကောင်းနေခြင်းဖြစ်ပါသည်။
(ဘာသာပြန်- ဆရာမြသန်းတင့်)

1 comment:
အခုလို မွ်ေ၀ေပးတာ ေက်းဇူးပါ။
Post a Comment