Wednesday, July 16, 2008

အပြောမတတ်တော့

စကားလုံး အသုံးအနှုန်းလေးတွေနဲ့ ပတ်သက်ပြီး အကိုကြီး နဗနပြောပြခဲ့ဖူးတဲ့ ရီစရာလေးတစ်ခုပါ။ အပြောအဆို မတတ်ရင် ကိုယ်ပြောချင်တာက တစ်မျိုး တစ်ဖက်လူ သဘောပေါက်သွားတာက တမျိုးနဲ့ တခြားစီကို အဓိပ္ပါယ် ကွဲသွားတတ်တဲ့ အကြောင်းလေးပါ။

လူတစ်ယောက်က သူ့အိမ်ကို ထမင်းစားကြွဖို့ သုံးယောက်ကို ဖိတ်ထားပါသတဲ့။ အဲဒီမှာ ဖိတ်ထားတဲ့အထဲက လူနှစ်ယောက်က ရောက်လာပြီး နောက်တစ်ယောက်က ရောက်မလာသေးပါဘူး။ အိမ်ရှင်က လမ်းဖက်ကို မျှော် ကြည့်ရင်း အင်း ... လာစေချင်တဲ့သူကြတော့လည်း မလာဘူးနော်၊ လာစေချင်တဲ့လူကလည်း မလာဘူးနော် ဆိုပြီး ရေရွတ်နေပါသတဲ့။

ဧည့်သည်နှစ်ယောက်ထဲက တစ်ယောက်က အိမ်ရှင်ပြောနေတဲ့စကားကို ကြားတော့ စိတ်ဆိုးပြီး ထပြန် သွားပါသတဲ့။ အဲဒီမှာ အိမ်ရှင်က ထပ်ပြီး ရေရွတ်လိုက်တာကတော့ ဒုက္ခပါပဲနော် လာစေချင်တဲ့လူက မလာရတဲ့အထဲမှာ မပြန်စေချင်တဲ့သူကပါ ပြန်သွားပြီ..... တဲ့။ ကျန်ခဲ့တဲ့ ဧည့်သည်က ဘာဆက်လုပ်ရင် ကောင်းမလဲဟင် .... :D

1 comment:

Welcome said...

တိုင်းရင်းသားတွေ စကားပြောရင် ပိုတောင် ဆိုးတယ်။ ဧည့်သည်က အားပါးတရ ထမင်းစားတာကို သဘောကျပြီး
အိမ်နောက်ဖေးမှာ မွေးထားတဲ့ဝက်တွေ အလုအယက် ထမင်းစား တာနဲ့ ခိုင်းနှိုင်းလိုက်လို့ ဧည့်သည်ခမျာ
ဆက်စားရမလား၊ ထသွားရမလားဖြစ်ရ ပါတယ်။
-လေးစားလျက်
-ဝင်းဇော်