Tuesday, July 1, 2008

Wimbledon Ladies' Qtr. Final

Wimbledon 08 Tennis ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း Quarter Final ပွဲများ ဒီညနေ ကစားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်၁ Ana Ivanovic, အဆင့်၂ Shaparapova တို့ ရှုံးနိမ့်ထွက်ခွာသွားရတဲ့နောက်မှာ အဆင့်၃ Jankovic နဲ့ အဆင့်၄ Kuznetsova တို့လည်း 4th round မှာ ရှုံးနိမ့်သွားကြပါပြီ။ (တော်သေးတာပေါ့ Ana တစ်ယောက် အဆင့်၁ နေရာက မကျသေးဘူး ) Willams ညီအမ နှစ်ယောက်လုံး လက်ရည်မှန်မှန်နဲ့ Quarter final ကို ရောက်ရှိလာပါတယ်။

 1) Elena Dementieva vs. Nadia Petrova  Dementieva က ကမ္ဘာ့အဆင့်၅ပါ။ အသက်က ၂ရနှစ်၊ ရုရှားနိုင်ငံသားပါ။ အဆင့်၁ကနေ ၄ အထိ အားလုံး ပြုတ်ကျန်ခဲ့ပြီး သူက Quarter ရောက်လာပါတယ်။ 2006 ခုနှစ်က Wimbledon ပြိုင်ပွဲမှာ Qtr. Final အထိရောက်ခဲ့ဖူးတယ်။  Petrova က အသက် ၂၆နှစ်အရွယ် ရုရှားတင်းနစ်မယ်ပါ။ အမြင့်အဆုံးအနေနဲ့ 2005 Wimbledon မှာ Qtr. Final အထိ ရောက်ခဲ့ဖူးပါတယ်။  

 2) Agnieszka Radwanska vs. Serena Williams Radwanska က အသက် ၁၉နှစ်ပဲရှိသေးတဲ့ ပိုလန်က တင်းနစ်မယ်ပါ။ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။ 4th round မှာ အဆင့်၄ Kuznetsova ကို အနိုင်ယူခဲ့တာပါ။ 2006 ခုနှစ်က အဆင့် ၅ရပဲ ရှိခဲ့ပေမဲ့ လက်ရှိသူ့အဆင့်က ၁၄ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာ 3rd round အထိ ရောက်ခဲ့ဖူးတယ်။  Serena က Wimbledon Champion ဆုကို 2002, 2003 တို့မှာ နှစ်ကြိမ်ဆက်တိုက် ရဖူးပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်၆နေရာမှာပါ။ အသက်၂ရနှစ်ရှိပါပြီ။ USကပါ။ 2002ခုနှစ် တုန်းက ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာလည်း လက်ရည်မှန်မှန်လေးနဲ့ Qtr. Final အထိရောက်လာခဲ့ပါပြီ။

3) Venus Williams vs. Tamarine Tanasugarn  Venus - Williams ညီအမနှစ်ယောက်မှာ သူကအကြီးမပေါ့။ အသက် ၂၈နှစ်ပါ။ 2002ခုနှစ်က အမြင့်ဆုံး အနေနဲ့ ကမ္ဘာ့အဆင့်၁ ဖြစ်ခဲ့ဖူးတယ်။ Wimbledon ချန်ပီယံ ၄ကြိမ်တောင် ဖြစ်ဖူးတယ်။ (2000, 2001, 2005, 2007) လက်ရှိချန်ပီယံပေါ့။
Tanasugarn - ထိုင်းတင်းနစ်မယ်ပါ။ Wimbledon ကို ၁၂ကြိမ် ပြိုင်ခဲ့ဖူးရာမှာ ၆ကြိမ်က 4th round အထိ အမြင့်ဆုံး ရောက်ခဲဖူးပါတယ်။ အသက် ၃၁နှစ်ရှိပါပြီ။ 1994 ကတည်းက Pro. ပြိုင်ပွဲတွေ ဝင်ရိုက်နေတာပါ။ လက်ရှိအဆင့်က ၆ဝပါ။ အဆင့်၄ Jankovic ကို အနိုင်ရိုက်ပြီး တက်လာတာပါ။ အဲဒီပွဲမှာ Jankovicတစ်ယောက် ဘယ်ဖက်ဒူး ဒဏ်ရာကြောင့် ကောင်းကောင်း လက်စွမ်းမပြနိုင်ခဲ့ဘူး။

 4) Jie Zheng vs. Nicole Vaidisova Zheng - Ana ကို 3rd round မှာ straight sets နဲ့ အနိုင်ယူခဲ့တဲ့ တရုတ်တင်းနစ်မယ်ပါ။ တည်ငြိမ်ပြီး တိကျ သပ်ရပ်စွာ ကစားတတ်သူပါ။ အသက် ၂၅နှစ်ရှိပါပြီ။ Wimbledon ပြိုင်ပွဲတွေမှာ တစ်ဦးချင်းပြိုင်ပွဲမှာတော့ 3rd round အထိသာ ရောက်ခဲ့ဖူးပြီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ 2006ခုနှစ် ချန်ပီယံဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၃၃ပါ။ Vaidisova - Chez ကပါ။ အသက် ၁၉နှစ်ပဲရှိပါသေးတယ်။ လက်ရှိကမ္ဘာ့အဆင့် ၂၂ပါ။ မနှစ်က Wimbledon ပြိုင်ပွဲမှာလဲ Qtr. Final ရောက်ခဲ့ပါတယ်။ သူလဲ အလားအလာရှိတဲ့ တက်သစ်စ လေးပေါ့။

1 comment:

Welcome said...

သတင်းတွေအတွက် ကျေးဇူးတင်တယ်။
ကြည့်တာကြည့်နေတယ်။ နာမည်ကြီး လောက်ပဲမှတ်မိတယ်။ အခုတော့ အဆင်ပြေ သွားတယ်။
တိုးတက်အောင်မြင်တဲ့ အိမ်လေးဖြစ်ပါစေ