Tuesday, July 15, 2008

eMule peer-to-peer file sharing

ဒီရက်ပိုင်းမှာ eMule ဆိုတဲ့ peer-to-peer file sharing client လေးကို စမ်းနေပါတယ်။ ဒါလေးနဲ့ လိုချင်တာ တော်တော်များများ ရှာပြီး download လုပ်ယူလို့ရပါတယ်။

အဓိကတော့ စာအုပ်တွေပေါ့။ သူ့မှာ ED2K နဲ့ Kad ဆိုပြီး source network 2ခုရှိတယ်။ Resource တွေက server တစ်ခုတည်းပေါ်မှာ ရှိနေတာမျိုး မဟုတ်ဘူး။ နေရာအနှံ့အပြားက eMule သုံးတဲ့ (သို့မဟုတ် အလားတူ client တစ်ခုသုံးတဲံ) computer တွေပေါ်မှာရှိနေတာ။

ကိုယ့်အနေနဲ့လည်း document တွေကို share လုပ်ပေးထားလို့ရတယ်။ တစ်ဦးဦး တစ်ယောက်ယောက်က file တစ်ခုခုကို လိုချင်လို့ ရှာရင်... သူလိုချင်တာ ကိုယ့်စက်မှာရှိရင် ကိုယ့်စက် ကလည်း ဖွင့်ထားပြီး online တက်နေရင် ကိုယ့်ဆီက ကူးသွားမယ်။ ကိုယ် download လုပ်ချင်လို့ search လုပ်တဲ့ အခါမှာလည်း ကိုယ်လိုချင်တဲ့ file ရှိတဲ့ server စက်က available မဖြစ်ရင် (သို့) အခြား လူတွေက ကိုယ့်ထက် အရင် request လုပ်ထားရင်တော့ စောင့်ရမှာပေါ့။

ဒီကနေ (မြန်မာပြည်တွင်းက) သုံးရင် eMule client အပြင် Your-freedom ကို OpenVPN နဲ့ တွဲသုံးပေးရတယ်။ your-freedom နောက်ဆုံး version လိုတယ်။ freedom ရဲ့ port ဆိုတဲ့ tab မှာ OpenVPN သုံးမယ်လို့ check ်ပေးလိုက်ရင်ရပြီ။ အဲဒီအခါမှာ your-freedom က ပုံမှန်တံခါးလေး ဟနေရုံ ပွင့်တာမျိုးမဟုတ်ပဲ တံခါး အကျယ်ကြီးပွင့်သွားပြီး မြက်ခင်းစိမ်းလေးရယ်၊ ကောင်းကင်ရယ် နေလုံးလေးပါ မြင်နေရမယ်။ OpenVPN ရဲ့ vitural NIC ကလည်း DHCP ကနေ address တစ်ခုရနေမယ်။ အဲဒီအခါကြမှ eMuleက သူလိုချင်တဲ့ TCP, UDP port သုံးလို့ရပြီး အလုပ်လုပ်တယ်။ Peer-to-Peer ဖြစ်တဲ့အတွက်ကြောင့်တော့ တစ်ဖက် server တွေရဲ့ availability ပေါ်မူတည်ပြီး တစ်ခါတစ်လေ စာအုပ်တစ်အုပ်ရဖို့ သုံးလေးရက် စောင့်ရင်လဲစောင့်ရတယ်။ စာအုပ်အပြင် ရုပ်ရှင်တို့ ပုံတို့ installer တို့လည်း ရှိတယ်

No comments: