Friday, July 4, 2008

Ph.D. ဆိုတာ...... :P

PPh.D.. ဆိုတာ မြန်မာလို နားလည်တာကတော့ ဒေါက်တာဘွဲ့ပေါ့။ ဘာသာရပ်တစ်ခု အစိတ်အပိုင်းတစ်ခုမှာ တစ်ဖက်ကမ်းခတ်လောက်အောင် ကျွမ်းကျင်ပိုင်နိုင် နှ့ံစပ်သူလို့ပဲခေါ်ရမလား။ ဘွဲ ဒီဂရီမှာ အမြင့်ဆုံးဘွဲ့ပေါ့။

တစ်နေ့က ကိုဇော်မိုးနဲ့ စကားစမြည်ပြောဖြစ်ရင်း ဒီအကြောင်းလေး ရောက်သွားရာက ရေးချင်စိတ်လေး ပေါ်လာလို့။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က software development management နဲ့ ပတ်သက်ပြီး ၂ရက်ကြာ workshop လေးတစ်ခုတက်ဖူးတယ်။ ဒီရန်ကုန်မှာပဲလုပ်တာပါ။ လာပြောတဲ့သူက မလေးရှားကပါ။ အဲဒီမှာ သူက ပညာသင်ကြားခြင်းရယ် ဘွဲ့ဒီဂရီတွေရဲ့ အကြောင်းကို ဟာသလေးနှောပြီး ပြောပြသွားတာလေး ပြန်သတိရလို့။

သူပြောခဲ့တာက .... ပညာသင်ကြားခြင်းဆိုတာ အဆင့်ပိုမြင့်လာလောလော scopeက ပိုကျဉ်းသွားလေလေ ပဲတဲ့။ ဥပမာကွာ မင်းတို့ မူလတန်းမှာ အထွေထွေသိပ္ပံဆိုပြီး သင်ကြားရတယ်။ အဲ အထက်တန်းလောက်လဲ ရောက်ရော Physics, Chemistry, Maths, Biology ဆိုပြီးကွဲထွက်လို့ အသေးစိတ်တွေထပ်သင်ရတယ်။ 

တက္ကသိုလ် နှစ်စလောက်မှာ မင်းက Biologyကို သင်ရတယ်။ အဲဒီအထဲကမှ မင်းက အပင်တွေထက် အကောင်တွေကို မင်းက ပိုစိတ်ဝင်စားလို့ Zoology ကို မေဂျာအဖြစ်ဆက်လေ့လာပြီး B.Sc ရတယ်။ Master တန်းမှာမင်းက Insets တွေအကြောင်းအထူးပြုလေ့လာလို့ M.Sc ထပ်ရတယ်။

ပြီးတော့ရော Doctorate တန်းဆက်တက်တယ်။ အဲဒီမှာ မင်းက Sexual behavior of ants ဆိုပြီး အသေးစိတ် စုံစုံစိစိ မွှေနှောက် လေ့လာပြီး စာတမ်းတင်လို့ Ph.Dဆိုတဲ့ အမြင့်ဆုံး degree ကြီးရပါရော။ နောက်ဆုံးစာကြောင်းလေးကိုတော့ အင်္ဂလိပ်လိုမှတ်မိနေသေးတယ်။ After you got the highest degree Ph.D, you know nothing expect how the ants f**k....တဲ့

ဟီးဟီး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ကြပါ။ အကယ်၍ Ph.D တက်နေသူများ (သို့) ရရှိပြီးသူများ ဤပို့စ်ကို ဖတ်မိပါလျှင် ထိုသူတို့ကိုသာ တိုက်ရိုက်ရည်ညွှန်းပါကြောင်း .... :D

4 comments:

ဘလူးဖီးနစ် said...

မှန်၏။ တဖြည်းဖြည်းနဲ့ ဘာမှ မသိတော့ဘူး။ လေ့လာဘူးတာက အများကြီးပဲ။ ကိုယ်အခုလုပ်နေတာပဲ သိတော့တယ်။ အဲဒါလဲ မသိသေးတာ အများကြီးပဲ။ Ph.D တက်တာ အဓိက က အဲဒါပဲ။ ကိုယ်မသိသေးပါလားလို့ တကယ်တမ်း လက်ခံနိုင်လာအောင်လေ။

ဘလူးဖီးနစ်
http://blog.engineer4myanmar.com

Anonymous said...

should be "except".

:P said...

အဟွတ်....

Thiha Kyaw Zaw said...

ဒီဂရီတွေလဲတဖြည်းဖြည်းမြင့်လာလေလေ
ကိုယ်ကိုယ်ကိုလက်မ မထောင်ရဲလေလေဘဲ။
တကယ်တမ်း
ကိုယ်ကိုယ်ကိုပြန်မေးကြည့်ရင်
သိတယ်ဆိုတာအားလုံးယောင်ဝါးဝါးဘဲ၊၊