ကျွန်တော်သွားတုန်းက ...ကျွန်တော့်သားအငယ်ဆုံးက ၂လသား၊ ကျွန်တော်ပြန်ရောက်တဲ့ အခါကြတော့ ဒီကောင်က ရှစ်နှစ်ခွဲ။ စတုတ္ထတန်း ကျောင်းသားကြီးဖြစ်နေပြီ။ ရှစ်နှစ်ခွဲသူ့ကို ကြည့်တော့ ဆံပင်အရှည်နဲ့ ကုပ်ဝဲ၊ အင်္ကျီီကလည်း သတင်းစာ စက္ကူချပ် ဝတ်ထားသလို စာလုံးတွေက I love you ဘာညာ ပြည့်လို့။ ဘောင်းဘီကျတော့ ဒီကောင်က Bell တို့ Flay တို့ Bell bottom ခေါင်းလောင်းဘောင်းဘီ။ ...
ငါ့သားမှဟုတ်ရဲ့လားလို့ ကြည့်နေ၊ သူကလည်း ကျွန်တော့်ကို အကဲခပ်တယ်။ ငါ့အဖေမှ ဟုတ်ရဲ့လား။ အမေနဲ့ တိုးတိုး တိုးတိုး လုပ်နေတဲ့ ဘဲနာကြီးက ဘယ်က ဘဲနာကြီးလဲလို့ မသင်္ကာတဲ့ အကြည့်နဲ့။ ... သူကလည်း ကျွန်တော့်ကို အကဲခတ်၊ ကျွန်တော်ကလည်း သူ့ကို အကဲခပ် တစ်ပတ်လောက်ကြာတော့မှ သူကလည်း ကျွန်တော့်ကို အဖေလို့ အသိအမှတ်ပြုပါတယ်။
စကားပြောတော့ ကျွန်တော်က သူပြောတဲ့ စကားတွေကို နားမလည်ဘူး။ ကျွန်တော်ပြောတဲ့ စကားတွေကိုလည်း သူ နားမလည်ဘူး။ မြန်မာလိုတော့ ပြောနေကြတာ။ တစ်ယောက်နဲ့ တစ်ယောက် သားနဲ့ အဖကြားမှာ ဘာသာစကား ခြားနေတယ်။ ကျွန်တော်က သားရယ် အဖေ မော်စကိုသွားနေတာ နည်းနည်းကြာသွားတာပါ။ မျက်စိက အရင်ကထက် ပိုပြီး မှုန်လာတယ်။ ဟိုမှာ ကောင်လေးနဲ့ ကောင်မလေး တွဲလျှောက်သွားတယ်။ အဲဒီ ဘယ်ဘက်က ကောင်လေးလဲ ဘယ်ဖက်က ကောင်မလေးလဲဆို သူက ကျွန်တော့်ကို အောက်ကနေ လက်ပုတ်လိုက်တယ်။ ပေါင်ကို။ အဖေကလည်း လူတွေရှေ့မှာ သိပ်မမေးနဲ့ဗျာတဲ့၊ မှတ်ထားတဲ့ နောက်မမေးနဲ့တဲ့ ဒီဖက်က ဘဲ ဟိုဖက်က ဖလားတဲ့။
ဟာ ကျွန်တော်က သြော် ... ဟုတ်လားလို့။ စာရေးဆရာပီပီ မသိသော်လည်း သိဟန်ဆောင်လိုက် တာပေါ့။ .. ဘဲဆိုတာ ဘာပြောမှန်းမသိဘူး။ ဖလားဆိုတာ ဘာပြောမှန်းမသိဘူး။ နောက်ထပ် မမေးနဲ့ဗျာတဲ့။ ဒါပဲတဲ့။ ကျွန်တော်လည်း မမေးရဘူးပေါ့။ ဆက်လျှောက်သွားတော့ ရုပ်ရှင်ရုံရှေ့ ရောက်တဲ့အခါကြတော့ ဒီ့ပြင်မိန်းကလေးတွေနဲ့ မတူဘူး။ အလွန်အကျွံ ဝတ်စားထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ဒီတစ်ခါတော့ ကျွန်တော်က မမေးရဘူး ဘူကပြောတယ်။ ကျွန်တော့်ပေါင်ကို လက်တို့တယ် အဖေ အဖေတဲ့... ဘာလဲကွလို့၊ သူ့သိလား ရှေ့ကကောင်မလေးကို သိလား။ ဘယ်သိမလဲကွ လို့။ အဲဒါ ကြက်တဲ့၊ မင်းကြက်က ဖိနပ်ကြီး စီးလို့ပါလားလို့။ အဲဒါကို ဖိနပ်စီးတဲ့ ကြက်လို့ခေါ်တယ်တဲ့။
ကျွန်တော်နားမလည်ဘူး။ ဘာပြောမှန်း။ အော် ဟုတ်လားပေါ့။ ဆက်လည်း မမေးရဲဘူး။ မင်းတော်တော် ဂွကျတဲ့ ကောင်ပဲကွာလို့ မင်းပြောတဲ့စကားတွေ နားမလည်ဘူးကွာလို့ ပြောတော့ ... အဖေကလည်းဗျာတဲ့၊ ရှေ့နေတို့ ဘာတို့၊ ဝတ်လုံတို့ ဘာတို့ ဖြစ်နေသားပဲ၊ ရှေ့နေလိုက်ပေါ့၊ ဝတ်လုံလိုက်ပေါ့ဗျာတဲ့။ ဝက်ကလေး ဘာလေးထောတာပေါ့တဲ့။ ဝက်ခမ်းတာပဲတဲ့၊ဝက်ထောတာရယ်၊ ဝက်ခမ်းတာရယ်၊ ဘဲရယ်၊ ကြက်ရယ် ကျွန်တော်တစ်လုံးမှ နားမလည်ဘူး။ ဖလားရယ် ဂစ်တာရှိတ်ရယ် တစ်ခုမှ ကျွန်တော်နားမလည်ဘူး။ .. အဖေ သားတို့ခေတ်မှာ ဒီလိုပြောတာပဲတဲ့။
တစ်ခါတစ်လေ သူ့ကို ခိုင်းလိုက်တယ်။ စာရေးနေတဲ့နေရာကနေပြီးတော့ ထပြီးတော့ အရှိန်ဖြတ်ချိန်မှာ ဟေ့ မီးခြစ်ယူခဲ့စမ်းကွာဆိုတော့ သူက ကာတွန်းဖတ်နေတယ်။ ဟေ့ မီးခြစ်ယူခဲ့စမ်းကွာ ဆိုတော့ ကာတွန်းဖတ်နေတဲ့ နေရာကနေပြီးတော့ စိတ်ဓါတ်ပဲတဲ။ ဟာ တစ်ခါခိုင်းလိုက် စိတ်ဓါတ်ပဲတဲ့။ ကျွန်တော့်ပြောနေမှန်းမသိဘူး။ နောက်ကျတော့ ကျွန်တော့်မိန်းမကပြောတယ် ရှင့်ကို ပြောနေတာတဲ့။ သူ့ကို ခိုင်းတာ မကျေမနပ်ဖြစ်ပြီး ပြောနေတာတဲ့။ ဒါပေမဲ့ ငါ့ အဲဒီလို မပြောနဲ့ကွာ ငါမကြိုက်ဘူးလို့... မပြောဘူး။ သူ ဒီစကား မပြောတော့ဘူး။ သားရေ ဆေးလိပ်ယူခဲ့စမ်းကွာ ဆိုတော့.. အရစ်ပဲတဲ့။ နောက်ကျတော့ ကျွန်တော်ကလည်း ကျွန်တော့်ကို ပြောမှန်းသိတာပေါ့။ ဒီလောက်တော့ ဘယ် အ မလဲ။ ဟေ့ ငါ့ရှေ့ ဒီစကားမပြောနဲ့၊ စိတ်ဓါတ်ဆိုတဲ့ စကား မကြားချင်ဘူး။ အရစ်ဆိုတဲ့စကား မကြားချင်ဘူး။
သူမပြောတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ခိုင်းတယ်၊ မီးခြစ်ယူခဲ့စမ်းကွာဆိုတော့ ကွိုင်ပဲတဲ။ ဟာ ... ကျွန်တော်ကလည်း ကျွန်တော့်ပြောမှန်း မသိသေးဘူး။ နောက်ကျတော့ ရှင်ကလည်း သူတို့စကားတွေက ပြောင်းပြောင်းနေတာတဲ့။ စိတ်ဓါတ်ရယ်၊ အရစ်ရယ်၊ ကွိုင်ရယ် ဆိုတာ အတူတူပဲတဲ့။ အဲဒီတော့မှ မင်း တော်တော် ဂွကျတဲ့ ကောင်ပဲ။ မင်းဒီစကားတွေကို မပြောရင် မနေနိုင်ဘူးလားလို့ မေးတော့ သားတို့ ဒီလိုပဲပြောတာပဲတဲ့။ :D ကဲ...
ဒီလောက်တောင် ရှိလှတဲ့ကောင် ပြောဦးကွာဆိုပြီးတော့ ကျွန်တော်လေ စိတ်ဆိုးဆိုးနဲ့၊ ဒီကောင့်ဆီမှာ သုံးလ ပုံမှန်သင်တန်း တက်ပါတယ်။ အဲဒီတော့ အခု သူ့ရဲ့ ဆုံးမ သြဝါဒအရ ကျွန်တော် ဒီစကားတွေကို နားလည်လာပြီ။ သူ့ရဲ့ အဆုံးအမ သြဝါဒအရ ဆံပင်အရှည် ထားပါတယ်။ သားသမီးစကား နားထောင်ငြားက သံပြား ကျောက်စောင်း ဂြိုဟ်ပေါ် ပြောင်း၏။ ........
ခေတ်ကြီးက ပြောင်းနေတယ်။ Beat က မြန်တယ်။ တစ်ခါတည်း ဒိုင်းဒိုင်း ဒိုင်းဒိုင်းဆို ခေတ်ကြီးက နေ့ချင်းညချင်း ပြောင်းနေတယ်။ ဒီ့ပြင်မကြည့်နဲ့၊ မိန်းမပိုးတာပဲကြည့်နော်။ ကျွန်တော်တို့ ခေတ်တုန်းက မိန်းမ ပိုးလို့ရှိရင် မယ်ဒလင်နဲ့ အင်းလျားတို့၊ သီရိတို့ရှေ့မှာ သွားပြီးတော့ ည လူချေတိတ်ချိန် သန်းခေါင်လောက်မှာ သုံးချက်စည်းနဲ့ (အိပ်ပြီလားကွာ သူ့အမူအယာ ဖြူပြာခင်ရယ်၊ အချစ်ရဲ့ ပြဿနာတွေကို ပြေလည်သွားအောင် မောင့်ကညာရယ် နားဆင်ပါကွယ်၊ မောင်သီချင်းလေးနဲ့ ခင့်ကို ဆိုပြမယ်) သုံးချက်နဲ့ သွားတာနော်။
အခု ဒီကောင် မရတော့ဘူး ဒိုင်းဒိုင်း ဒိုင်းဒိုင်း Beat က မြန်လာပြီ။ (ဂွေးရှိခဲ့လို့ ချစ်မိတာ မဆန်းပါဘူး) ကျွန်တော်ကမေးတယ် ကျွန်တော့်သားကို နေပါဦးကွယ် မင်းသီချင်းက ဘာသီချင်းလဲ မြန်မာသီချင်းလား ဂျပန်သီချင်းလား လို့မေးတော့ ဘယ်ကဟုတ်ရမှာလဲ အဖေကလည်း မြန်မာသီချင်းပါတဲ့။ အဓိပ္ပါယ်ဘာလဲကွလို့ ပြောစမ်းပါဦး ငါနားမလည်ဘူး (ဂွေးရှိခဲ့လို့ ချစ်မိတာ မဆန်းပါဘူး) တဲ့၊ သြော် ဖြစ်မှဖြစ်ရလေကွာလို့ ပီပီသသ ဆိုပါလားလို့။ မဟုတ်ဘူးဗျ အဖေရ ဒါမှ feel လာတာတဲ့။ ရင်ခေါင်းသံနဲ့ ဝူးရှိခဲ့လို့.... အဲဒီမှာ feel တက်တာ၊ feel နဲ့ သူတို့က ဆိုမှာ။ .....
ကျွန်တော်ပြောချင်တာက Generation ကျွန်တော်တို့ဆီမှာတင် မကဘူး ကမ္ဘာမှာလဲ မျိုးဆက် ကွာဟနေတယ်။ လူကြီးနဲ့လူငယ်၊ ကျွန်တော်တို့လူကြီးနဲ့ ကျွန်တော်လို့လူငယ် တစ်ယောက်နဲ့ တစ်ယောက် နားမလည်ဘူး၊ လူငယ်က လူကြီးကို အထင်သေးတယ်။ လူကြီးက လူငယ်ကို အထင်သေးတယ် စသည်ဖြင့်ပေါ့။
လူငယ်နှင့် စာပေ (ဆရာမြသန်းတင့်) ၁၉၉၄ မော်ကျွန်းစာပေဟောပြောပွဲ
ကြာညိုနံ့သင်းသော ရေဝတီမ စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

No comments:
Post a Comment