ဇော်ဂျီကို onlineမှာ အမျာစုက သုံးစွဲ နေကြပြီ ဖြစ်လို့ ဇော်ဂျီ site down နေတဲ့ အချိန်တွေ တုန်းကလည်း download လုပ်ယူစရာ နေရာ မရှားခဲ့ပါဘူး။ Mandalay Alpha site ကရယူနိုင်သလို ဘလော်ကာ တော်တော်များများရဲ့ဘလော့များမှလည်း အလွယ်တကူ ရယူ နိုင်ခဲ့ကြပါတယ်။ ဇော်ဂျီရဲ့ site down ဖြစ်နေစဉ်ကာလမှာ zawgyi.org ဆိုပြီး Font အကြောင်း unicode အကြောင်းရေးတဲ့ site တစ်ခုပေါ်လာလို့ အဲဒါကို ဇော်ဂျီအဖွဲ့ရဲ့ siteလို့ အသုံးပြုသူများ ထင်ယောင်ထင်မှားဖြစ်ကြပါသေးတယ်။
အခု ဇော်ဂျီအဖွဲ့ကို ကိုယ်စားပြုတဲ့ www.zawgyi.net ပြန်တက်လာပါပြီ။ ဇော်ဂျီအဖွဲ့ကတော့ ဇော်ဂျီဖွန့်လေးကို ဆက်လက်ပြီး free သုံးစွဲခွင့် ပေးထားမှာဖြစ်ပြီး လိုအပ်သည်များကိုလည်း ဆက်လက် support လုပ်နေဦးမယ်လို့ ဆိုထားပါတယ်။
www.zawgyi.net
No comments:
Post a Comment