
Song သို့မဟုတ် Diaby ကို Toure နဲ့ Gallas တို့ရဲ့ ရှေ့တက်ပြီး ကစား ခိုင်းရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။ ဒီအတိုင်းဆိုရင် Adebayor လည်း ပြောင်းဖြစ်ဖို့များနေပြီ။
ဒီနှစ်ဟာ အာဆင်နယ်အတွက် အပြောင်းအလဲ တော်တော်များခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဝင်းဂါး ပြုစုပျိုးထောင် လာခဲ့တဲ့ ကစားသမားများ တွဲဖက်ညီအကွက်မိ ခြေစွမ်းထက်လာလို့ အမှတ်ပေးဇယားမှာ ငါးမှတ်အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် နောက်ဆုံးမှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ လာမဲ့ရာသီအသစ်အတွက် ပြင်ဆင်ရာမှာလဲ အသင်းရဲ့ အဓိက ကစားသမားတွေ အပြောင်းအရွှေ့အများကြီး ဖြစ်ခဲ့လို့ ခြေစွမ်းနဲ့ ကစားကွက် ဘယ်လိုဖြစ်သွားမယ်ဆိုတာ ပရိသတ်များက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
ဒါပေမဲ့ မန်နေဂျာ အာဆင်ဝင်းဂါးကြီးရဲ့ အရည်အချင်းကိုတော့ ဘယ်သူမှ လျှော့တွက်ကြမှာ မဟုတ်ပါဘူး။ ရာသီအကြို ခြေစမ်း ပွဲတွေကို စောင့်ကြည့်ရင်း အာဆင်နယ်အသင်းရဲ့ အခြေအနေကို အကဲခတ်ကြတာပေါ့။
No comments:
Post a Comment