
အခုလို Nasri ရောက်လာတဲ့အတွက် Hlub တစ်ယောက် အာဆင်နယ်က ထွက်ခွာ ဖြစ်ဖို့ များမယ် ထင်ပါတယ်။ Adebayor ကလည်း ခပ်လှုပ်လှုပ်ပါပဲ။ ဒါပေမဲ့ အကောင်းဖက်ကတွက်ရင် ရှေ့တန်း တိုက်စစ်မှုး အနေနဲ့ Carlos Vela ရှိနေပါပြီ။ WalCott တစ်ယော်လဲ တော်တော့်ကို အားကိုးနေရပြီလေ။ Van Persie ကလည်း ဒဏ်ရာရနေရာက ပြန်သက်သာလာပါပြီ။ ယူရိုမှာတောင် ခြေစွမ်းပြသွားသေးတယ်။ ခြေတောက်ကျိုးသွားတဲ့ Eduardo တစ်ယောက်လဲ မကြာခင် ကောင်းလာ တော့မှာပါ။
ထို့အတူ အလယ်တန်းမှာဆိုရင်လဲ Fabregas ရယ် အသစ်ရောက်လာတဲ့ Ramsay ရယ်၊ ပြန်ကောင်းလာမယ့် Rosicky ရယ်၊ အခုဆို Nasri ပါရောက်လာပါပြီ။ နောက်တန်းက နာသွားတဲ့ Sagna တစ်ယောက်လဲ ပြန်ကောင်းလာ တော့မှာပါ။ လူငယ် ဗဟိုခံစစ်သမားလေး Song ကလည်း ခြေစွမ်း တော်တော် ကောင်းလာပါတယ်။ ကစားကွင်းသစ် ဆောက်လိုက်လို့ စျေးကြီးတဲ့ နံမည်ကြီးတွေ မဝယ်နိုင်ပေမဲ့ ပြိုင်ဖက်အသင်းများ အထင်မသေးရဲတဲ့ အသင်းတစ်ခုအနေနဲ့ ဆက်လက်ရပ်တည် နေဦးမှာပါ။ အချိန်ယူမွေးထားတဲ့ အငှားချထားတဲ့ လူငယ် ကစားသမားတွေလဲ အများကြီးပါ။ (youngguns မှာ သွားဖတ်ကြည့်ရင် သိနိုင်ပါတယ်။)
1 comment:
Arsenal!
Never Surrender Gunners Are Born To Be Winners...
:)
Post a Comment